Main menu

Background

ဟွာဝေးက ဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်

Mon, 10/01/2012 - 04:28 -- Anonymous (not verified)

ဗြိတိန်နိုင်ငံရှိ ဟွာဝေးကုမ္ပဏီရဲ့ လုပ်ငန်းတွေအတွက် လာမဲ့ငါးနှစ် အတွင်း ပေါင်သန်း ၆၅၀ ရင်းနှီး မြှုပ်နှံ ပြီး ဝယ်ယူဖြည့်တင်းရေးအတွက် ပေါင် သန်း ၆၅၀ အသုံးပြုမှာ ဖြစ်ကြောင်း နည်းပညာကုမ္ပဏီဟွာဝေးက ကြေညာ ပါတယ်။ ယခု လောလောဆယ်မှာ ဗြိတိန်နိုင်ငံမှာ လုပ်သားဝန်ထမ်း ၈၀၀ ခန့်ထားပြီး ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီက လုပ်သား ၁၅၀၀ အထိ ခန့်ထားဖို့ ဆောင်ရွက်ထားပါတယ်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ စီးပွားရေးဝန်ကြီး လော့ဒ် ဂရင်းတို့နဲ့ တွေဆုံဆွေးနွေးပြီး နောက် ပိုင်းမှာ ဟွာဝေးရဲ့ စီအီးအိုနဲ့ တည် ထောင်သူ ရင်းချန်ဖေးက ကြေညာခဲ့ တာ ဖြစ်ပါတယ်။ "ဟွာဝေးက ရင်းနှီးမြှုပ်နှံထား ခဲ့တဲ့ထဲမှာ ဗြိတိန်နိုင်ငံက ဥရောပဈေး ကွက်ထဲမှာ အရေးပါတဲ့ ဈေးကွက် တစ်ခု ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက ပွင့်လင်းမြင်သာမှုရှိတယ်။ စွမ်းအင် ထက်မြက်မှုရှိတယ်။  လက်တွေ့ကျ တယ်ဆိုတာကို လွန်ခဲ့တဲ့ ၁၁ နှစ်ကျော် ကာလအတွင်းမှာ ကျွန်တော်တို့ တွေ့ ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက လွတ်လပ်တဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး ပြည်ပက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့ဈေးကွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့မှာ ဒေါ်လာ နှစ်ဘီလီယံဖိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ဝယ်ယူရေးအစီအစဉ်ကို ကြေ ညာရတာဝမ်းသာပါတယ်။ဗြိတိန်နိုင်ငံ က တီထွင်ဆန်းသစ်မှုရဲ့ အချက်အချာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ လုပ်သားထုရှိပါတယ်။ သူရဲ့ဥပဒေ ရေး ရာနဲ့ ပညာရေးစနစ်ကလည်း နိုင်ငံ တကာ အတိုင်းအတာအရ လေးစား အတည်ပြုထားတဲ့ စနစ်ဖြစ်ပါတယ်" လို့ ဟွာဝေးဥက္ကဌ မစ္စတာရင်းက ပြော ပါတယ်။ ဟွာဝေးက ဗြိတိသျှ ကုမ္ပဏီ တွေဖြစ်တဲ့ BT  နဲ့ Everything  Everywhere တွေကိုဆက်သွယ်ရေး ကိရိယာတွေ ပေးသွင်းနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဟွာဝေးက Ascend G 600, Ascend G 330  နဲ့ Ascend 201 pro   စတဲ့ စမတ်ဖုန်းသစ်သုံးမျိုးကို မကြာသေးမီက ထုတ်ပြန်ကြေညာထား ပါတယ်။ ဒါပေမဲ့ ဗြိတိန်နိုင်ငံမှာ လူ ကြိုက်များတဲ့ အမှတ်တံဆိပ်တွေတော့ မဟုတ်ပါဘူး။ လောလောဆယ် ဈေး ကွက်ထဲမှာ ဆမ်ဆောင်းနဲ့ အက်ပဲ တို့က ခေါင်းဆောင်လျက်ရှိပါတယ်။ ဒါပေမဲ့ ဟွာဝေးရဲ့  Ascend P1 LTE  ကတော့ ဗြိတိန်နိုင်ငံမှာ အဆင့် တစ်ခုအထိရလာနိုင်စရာရှိတယ်လို့ ခန့်မှန်းထားပါတယ်။ဟွာဝေးက ၂၀၁၅ ခုနှစ်မှာကမ္ဘာ့ထိပ်တန်းမိုဘိုင်းဖုန်း ထုတ် လုပ်ရေးကုမ္ပဏီသုံးခုအနက်တစ်ခု အပါ အဝင် ဖြစ်အောင်ဆောင်ရွက်ဖို့ ကြိုး ပမ်းနေပါတယ်။Source.thefonecast.com