Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 10/01/2012 - 04:32 -- Anonymous (not verified)

ဒေါ်လာနဲ့ ဖလှယ်ရာမှ ယန်းငွေ တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဂျပန်အာဏာပိုင်တွေက ကြိုးပမ်းလျက် ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်ဗဟို ဘဏ်က ဘွန်းစာချုပ်တွေဝယ်ယူဖို့ ဆုံး ဖြတ်ချချပြီးတဲ့နောက်ပိုင်း စက်တင်ဘာ ၁၄ ရက်က အာရှဈေးကွက်မှာ ဒေါ် လာတန်ဖိုးကျဆင်းလျက်ရှိပါတယ်။ အာရှငွေကြေးများရဲ့ ရက်သတ္တပတ်အ လိုက်တန်ဖိုးမြင့်တက်မှုက ဇွန်လနောက် ပိုင်းအမြင့်ဆုံးဖြစ်ပါတယ်။

 
ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဂျန်အာဇူ မိက ယန်းငွေတန်ဖိုးမြင့်တက်နေတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၄ ရက်နေ့ ကသတိပေးပြောကြားခဲ့ပါတယ်။ "အခြေအနေတိုးတက်ကောင်းမွန်  လာရင် ဘာအစီအမံကိုမှဆောင်ရွက် မှာမဟုတ်ပါဘူး။ လိုအပ်မယ်ဆိုရင် ပြတ်ပြတ်သားသားဆောင်ရွက်သွားမှာ ပါ" ဟု အဇုမိက ပုံမှန်သတင်းစာရှင်း လင်းပွဲမှာပြောခဲ့ပါတယ်။ နယူးယောက် ဈေးကွက်မှာ ဒေါ်လာဈေးကျဆင်းပြီး တဲ့နောက် ဂျပန်ဗဟိုဘဏ်က ဘဏ်အ တော်များများရဲ့ ငွေလဲနှုန်းတွေကို စစ် ဆေးလျက်ရှိပါတယ်။
တရုတ်ယွမ် အမေရိကန်ပြည်ထောင်စုမှ လှည့် ပတ်ငွေကြေးတိုးတက်ဖို့အတွက် တတိ ယမြောက်ဆောင်ရွက်တဲ့အတွက် စီးပွား  ရေးဖွံ့ဖြိုးမှုကိုလှုံ့ဆော်ပေးနိုင်မဲ့ အခြေ အနေရှိပါတယ်။ ဒါပေမဲ့ယွမ်ငွေကြေး တန်ဖိုးမြင့်တက်လာမှာနဲ့ တန်ဖိုးဖောင်း ပွမှုဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။ တရုတ်ယွမ်ငွေရဲ့တန်ဖိုးက စက် တင်ဘာ ၁၄ ရက်မှာ လေးလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ တရုတ်ယွမ်ငွေ တန်ဖိုးက စက်တင်ဘာ ၁၃ ရက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၂၉၆ ယွမ် နှုန်းရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက် ဂရင်းနစ်စံတော်ချိန် မနက် ၈ နာရီခွဲမှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၁၄၅ ယွမ် အထိရောက်ရှိကာ ယွမ်တန်ဖိုးမြင့်တက် ခဲ့ပါတယ်။
အိန္ဒိယရူပီး အိန္ဒိယပြင်ပဈေးကွက်မှာ ရူပီးငွေ ကြေးနဲ့ဖလှယ်ရာမှာ အမေရိကန်ဒေါ် လာရဲ့တန်ဖိုးနိမ့်ကျခဲ့တဲ့အတွက် ဘဏ် အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရာမှာ စက်တင်ဘာ ၁၄ ရက်က ရူပီးတန်ဖိုး သုည ဒသမ ၇၁ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၄ ဒသမ ၇၂ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ပြည်တွင်းရှယ်ယာတန်ဖိုး တွေမြင့်တက်နေချိန်မှာ ပို့ကုန်လုပ်ငန်း ရှင်တွေနဲ့ဘဏ်တွေက ဒေါ်လာတွေ ထုတ်ရောင်းတဲ့အတွက် ရူပီးတန်ဖိုးမြင့် တက်လာဖို့အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ငွေကြေး ဝယ်ရောင်း သမားတွေက ပြောပါတယ်။
ဂျပန်ယန်း အမေရိကန်ဗဟိုဘဏ်ရဲ့ လှည့် လည်ငွေကြေးတိုးမြှင့်ရေးအစီအစဉ်နဲ့ ၂၀၁၅ ခုနှစ်နှစ်လယ်အထိ အတိုးနှုန်း ချထားမယ်ဆိုတဲ့ကတိကြောင့် အဓိက ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာ ရဲ့တန်ဖိုးက စက်တင်ဘာ ၁၃ ရက်မှာ ကျဆင်းခဲ့ပါတယ်။ ငွေကြေးတွေတိုးမြှင့် ဖြည့်ဆည်းပေးမဲ့အလားအလာတွေရှိနေ ပေမဲ့ အမေရိကန်ဗဟိုဘဏ်မူဝါဒ ဘုတ် အဖွဲ့ရဲ့သဘောအရ အလုပ်အကိုင်ဈေး ကွက်သိသိသာသာတိုးတက်လာ တဲ့အထိ စောင့်နေမဲ့သဘော ကို တွေ့ရပါတယ်။ ဒေါ်လာနဲ့ ယန်းငွေဖလှယ်နှုန်းက ၇၇ ဒသမ ၄၈ ယန်းအထိရောက်ရှိခဲ့ပါ တယ်။ ဒေါ်လာ/ယူရိုဖလှယ်နှုန်းက တစ်ယူရိုကို ၁ ဒသမ ၂၈၉၉ ဒေါ်လာ နှုန်းကနေ စက်တင်ဘာ ၁၃ ရက်ဂရင်း နစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၉၈၆ ဒေါ်လာနှုန်းရှိခဲ့ပါ တယ်။ ယူရို^ယန်းဖလှယ်နှုန်းမှာ တစ် ယူရိုကို ၁၀၀ ဒသမ ၄၀ ယန်းမှ ၁၀၀ ဒသမ၆၁ယန်းနှုန်းထိရောက်ရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ပြည်ထောင်စုက တတိယအကြိမ်မြောက် လှည့်လည်ငွေ ကြေးတိုးမြှင့်ပေးရေးအစီအစဉ် ကို ဆောင်ရွက်ပါက ဒေသတွင်းစီးပွားရေး တွေကောင်းမွန်လာမဲ့ အလားအလာ ကြောင့် စက်တင်ဘာ ၁၄ ရက်က ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာ မှာ မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းသ မားတွေကပြောပါတယ်။ ရင်းဂစ်တန်ဖိုးက စက်တင်ဘာ ၁၃ ရက်ကတစ်ဒေါ်လာကို ၃ ဒသမ ၀၇၉၀ ရင်းဂစ်နှုန်းရှိရာမှ စက်တင်ဘာ ၁၄ ရက်မနက် ၉ နာရီမှာတစ်ဒေါ်လာ ကို ၃ ဒသမ ၀၅၄၀ ရင်းဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ရင်း ဂစ်တန်ဖိုးက အခြားအဓိကငွေကြေးတွေ နဲ့ဖလှယ်ရာမှာလည်း တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။
တောင်ကိုရီးယားဝမ်Standard & Poors  ၊ Fitch Ratings  eJY Moody's Investors Service တို့က တောင်ကိုရီးယား ရဲ့ ကြွေးမြီအဆင့်ကို တိုးမြှင့်သတ်မှတ်ပေး ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ပေးတဲ့အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဝမ်ငွေ ကြေးကိုပိုမိုလက်ခံလာကြပါတယ်။ ဝမ် ငွေကြေးတန်ဖိုးက ဆိုးလ်မြို့မှာ စက် တင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီ ၃၆ မိနစ်က သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၁၈ ဒသမ ၂၅ ဝမ်နှုန်းရှိခဲ့ပါတယ်။ မေ ၂၈ ရက်နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ပါတယ်။
ထိုင်းဘတ် အမေရိကန်ဗဟိုဘဏ်က စီးပွား ရေးတွန်းအားပေးအစီအစဉ်သစ်ကို ဆောင်ရွက်မှာဖြစ်တဲ့အတွက် အမေရိ ကန်စီးပွားရေးအလားအလာတောက်ပ လာတဲ့အတွက် ထိုင်းနိုင်ငံ အပါအဝင် အာရှပို့ကုန်တွေ အတွက် မျှော်လင့်ချက် ကောင်းမွန်လာခဲ့ပါတယ်။ ယခု ရက်သတ္တပတ် အတွင်းမှာ အာရှရှယ်ယာတွေက ယခုနှစ်အတွင်း အကောင်းဆုံးအခြေအနေကို ရောက်ရှိ ခဲ့ပြီး ထိုင်းဘတ်ငွေ တန်ဖိုးကလည်း လေးလအတွင်း အမြင့်ဆုံးကိုရောက်ခဲ့ ပါတယ်။ ဘတ်ငွေတန်ဖိုးက စက်တင် ဘာ ၁၄ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၈၄ ဘတ်နှုန်း ရှိခဲ့ပါတယ်။Source:bloomberg,chinapost.com. tv,xinhua,AFP, bernama,pti