Main menu

Background

အတိုးနှုန်းနောက်ထပ်လျှော့ချရန် တောင်းကိုရီးယားဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက သတိထားစဉ်းစားမည်

Mon, 10/01/2012 - 04:33 -- Anonymous (not verified)

လက်ရှိသတ်မှတ်ထားသော ပေါ်လစီအတိုးနှုန်းသည် သင့်တင့်သောအနေ အထားတွင်ရှိ သဖြင့် နောက်ထပ်အတိုးနှုန်းလျှော့ချရမည့် ကိစ္စကိုတောင်ကို ရီးယား ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက အသေအချာသတိ ထားပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

" တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိအတိုးနှုန်းအဆင့်က ထိုက်သင့်တဲ့ နှုန်းနဲ့ အများကြီးကွာခြားတာမျိုး မရှိပါဘူး" ဟု စက်တင်ဘာမှာပြုလုပ်တဲ့ အတိုးနှုန်း သတ်မှတ်ရေးအပြီးမှာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကင်မ်ချုံဆူူး ကပြောပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်က ဇူလိုင်လမှာအတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချပြီးတဲ့နောက် စက်တင်ဘာကပြုလုပ်တဲ့ မူဝါဒချမှတ်ရေး အစည်းအဝေးမှာ ဗဟိုဘဏ်အတိုးနှုန်းကို ၃ ရာခိုင်နှုန်းသတ်မှတ်ပေး ခဲ့ပါတယ်။ ငွေကြေးမူဝါဒကို လျှော့ချပေးပြီးတဲ့နောက် ဘဏ်တွေရဲ့ချေးငွေအတိုးနှုန်း တွေက သုည ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် ဇူလိုင်လ အတိုး နှုန်းလျှော့ချေ ရး ရေတိုအကျိုးဆက်မျှော်မှန်းထားတဲ့ အတိုင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ကာလလတ်နဲ့ကာလရှည်အကျိုးသက်ရောက်မှုက ၂၀၁၃ ခုနှစ်မှသာ သိရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ပြည်တွင်းပြည်ပမှ အကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားကြောင်းနဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပ၊ တရုတ် မူဝါဒတွေကို လေ့လာသကဲ့သို့ ပြည်တွင်းက အခြေအနေတို့ကိုလည်း ထည့်သွင်းစဉ်းစားကြောင်း ကင်မ်က ပြောပါတယ်။Source.xinhua