Main menu

Background

အထွက်နှုန်းတိုးမြှင့်ရေးမှသည် အရည်အသွေးတိုးမြှင့်ရေးသို့

Mon, 10/01/2012 - 06:43 -- Anonymous (not verified)

မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ရော်ဘာကို ကမ္ဘာပေါ်တွင် အဓိကအားဖြင့် နိုင်ငံ (၂၃) နိုင်ငံတွင် ထုတ်လုပ် နေပြီး အဆိုပါနိုင်ငံများ ထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံတွင် ရော်ဘာကို လွန်ခဲ့သော နှစ်ပေါင်း ၁၃၀ ကတည်းက စတင်စိုက်ပျိုးခဲ့ ကြောင်း ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ရော်ဘာဧက ၅ ဒသမ ၅၈ သိန်း ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ တွင် စိုက်ဧက ၁၂ ဒသမ ၄၆ သိန်းထိ ၂ဆကျော် တိုးတက် လာသလိုထုတ်လုပ်မှုတွင်လည်း ၂၀၀၅-၂၀၀၆ တွင်တန်ချိန် သုညဒသမ ၆၄ သိန်း ရှိရာ မှ ၂၀၁၀-၂၀၁၁ တွင် တန်ချိန် ၁ ဒသမ ၂၇ သိန်းထိ တိုးတက်ထုတ်လုပ် လာနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ စိုက်ပျိုးမှု တိုးတက်သလို ပြည်ပတင်ပို့ရောင်းချမှု တွင်လည်း ၂၀၀၅-၂၀၀၆ တွင်တန်ချိန် ၅၂၀၀၀ သာတင်ပို့နိုင်ခဲ့ရာမှ ၂၀၁၀-၂၀၁၁ တွင် တန်ချိန် ၉၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားငွေဒေါ်လာ ၃၁၁ သန်းကို ရှာဖွေနိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ တိုးချဲ့စိုက်ဧကများ အစေးရှိနိုင်သည့် အချိန်ဖြစ်သည့် ၂၀၁၅-၂၀၁၆ တွင် ရော်ဘာတန်ချိန် ၂ သိန်းမှ ၂ သိန်း ၂သောင်း ထိလည်းကောင်း၊ ၂၀၁၉-၂၀၂၀ တွင် ရော်ဘာတန်ချိန် ၃ သိန်း ၂ သောင်းမှ ၃ သိန်း ၃သောင်းထိလည်းကောင်း ထွက်ရှိမည်ဟုလည်း ခန့်မှန်းထားရှိပါသည်။
ကမ္ဘာ့ရော်ဘာဈေးကွက်သို့ ကမ္ဘာ့ရော်ဘာဈေးကွက်သည် တစ်စထက်တစ်စ တိုးတက်သုံးစွဲလာသလို ရော်ဘာ ကုန်ကြမ်းလိုအပ်ချက်မှာလည်း တစ်နှစ် ထက် တစ်နှစ်တိုး၍တိုး၍လာနေ ကြောင်းတွေ့ရှိ ရပါသည်။ ဈေးကွက် တိုးတက်လာသလို ရော်ဘာကို သုံးစွဲရာတွင် လည်းကုန်ကြမ်း၊ အရည်အသွေးမြင့်မားရန် ကလည်း လိုအပ်လာပြီဖြစ်သည့် အတွက် မြန်မာရော်ဘာ များ အရည်အသွေးကောင်း ဈေးကွက်တန်းဝင်ပြီး ကမ္ဘာ့ရော်ဘာ ဈေးကွက်ဈေးနှုန်း အတိုင်း ရရှိရေးအတွက် ဆောင်ရွက်ရန် လိုအပ်လာခဲ့ပါသည်။
ပုဂ္ဂလိက ကဏ္ဍ မြှင့်တင် နိုင်ငံတော်သည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က စတင်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက မောင်းနှင်အားတစ်ခုဖြစ်သည့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီပုဂ္ဂလိက ကဏ္ဍမြင့်မားရေးအတွက် ပြန့်ကျဲနေသောပုဂ္ဂလိက လုပ်ငန်းများအားစုစည်း ကာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) အပြင် လုပ်ငန်းအမျိုးအစားလိုက် အသင်းဖွဲ့များ အား ဖွဲ့စည်းခဲ့ရာတွင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်း ဝယ်ဖောက်ကားသူများ၊ ကုန်သည်များ၊ လုပ်ငန်းရှင်များပါဝင်သော မြန်မာနိုင်ငံရော် ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း (Myanmar Rubber Planters and Procedures Association-MRPPA) အသင်းသည် လည်း ၂၀၀၅ ခုနှစ် မတ်လတွင် စတင် ပေါ်ပေါက်လာခဲ့ သည်။
မြန်မာနိုင်ငံ ရော်ဘာအသင်း မြန်မာနိုင်ငံရော်ဘာအသင်း (MRPPA) သည် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းကြီးတစ်ရပ်လုံး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ များ အားလုံးကို အကျိုးပြုပြီးလူနေမှုဘဝပိုမိုမြင့်မားလာရန်နှင့် နိုင်ငံတော်၏စီးပွားရေးကို ရော်ဘာ လုပ်ငန်းဖြင့် အထောက်အကူပြုစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (Non Goverment Organization-NGO) အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
IRRDB အဖွဲ့ဝင်သို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဈေးကွက်စီးပွား ရေးစနစ်နဲ့အညီ ပုဂ္ဂလိကများအား ရော်ဘာကိုလွတ်လပ်စွာ စိုက်ပျိုးခွင့်၊ ပြည်တွင်း ရောင်းဝယ်ခွင့်၊ပြည်ပတင်ပို့ခွင့်များကို ခွင့်ပြုခဲ့မှုကြောင့်လည်းကောင်း၊ ကမ္ဘာ့ရော်ဘာ ဈေးကွက် အလားအလာကြောင့်လည်းကောင်း အားသွန်ခွန်စိုက် စိုက်ပျိုးခဲ့ကြပါ သည်။ ထိုသို့စိုက်ပျိုး ထုတ်လုပ်မှုအားကောင်းလာသည်နှင့်အမျှ ကမ္ဘာ့ဈေးကွက်တွင် ဝင်ဆန့်ရန်၊ ဈေးကွက်ခိုင်မာရန်၊ ဈေးကွက်ဝေစုတိုးတက်ရေးအတွက် အထောက် အကူပြုရန်နဲ့ နည်းပညာဖလှယ်ပေါင်းစည်းနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသန နှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board-IRRDB) သို့ ၂၀၀၇ ခုနှစ်မှစတင်၍ အသင်းဝင် အဖြစ် ဝင်ရောက်ခဲ့ပါသည်။ IRRDB အနေဖြင့် မြန်မာ့ရော်ဘာဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် နိုင်ငံတကာနည်းပညာများအား မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ သိရှိကာ လိုအပ်သလို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ရော်ဘာ ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးချက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်းကာ နည်းပညာ အရင်းအနှီးနှင့် လိုအပ်ချက် များရယူကာလုပ်ငန်းများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အားပေးလျက်ရှိရာ မြန်မာ ရော်ဘာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IRRDB နှင့် မြန်မာနိုင်ငံရော်ဘာအသင်းတို့ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် " ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ်များအသုံးပြု၍ ရော်ဘာ အထွက်နှုန်းများတိုးမြှင့်ခြင်း" ဆိုသည့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယခု ၂၀၁၂ ခုနှစ်တွင် ဈေးကွက် တင်ရောင်းချနေသော မှိုင်းခံရော်ဘာ(RSS)၊ ခရမ့်ရော်ဘာ (TSR) အရည် အသွေး အဆင့်အတန်း မြင့်မားစေရန်အတွက် ပြုပြင်ထုတ်လုပ်ပုံနည်းစနစ်များ၊ အရည်အသွေး မှတ်ပုံတင် စနစ် များ၊ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပုံများ၊ အရည်အသွေး အာမခံချက် လက်မှတ်ထုတ်ပေးမှု စနစ်၊ ရော်ဘာအဝယ်ဒိုင်များတွင် ဝယ်ယူပုံစနစ်တွေကို  IRRDBအဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံများကို စာတမ်းဖတ်ကြားဆွေးနွေးမည့် " မြန်မာ့ရော်ဘာ အရည်အသွေးအဆင့်အတန်းမြင့်မားရေး" အလုပ်ရုံ ဆွေးနွေး ပွဲအား မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် စက်တင် ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တွင် ကျင်းပခဲ့ပေသည်။
ဆွေးနွေးပွဲသို့ ပြည်ပမှ တက်ရောက် အလုပ်ရုံဆွေးနွေးပွဲသို့  IRRDB အဖွဲ့ဝင်ဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ရော်ဘာ သုတေသနဌာနပညာရှင် (၁၁) ဦးတက်ရောက်ခဲ့ပြီး ပြည်ပမှ စာတမ်း (၁၁) ခု၊ မြန်မာနိုင်ငံမှ စာတမ်း (၃) ခု စုစုပေါင်းစာတမ်း (၁၄) ခုအား ဖတ်ကြားတင်သွင်းသွားခဲ့ကြပါသည်။ စာတမ်းဖတ်ကြားဆွေးနွေးမှုများမလေးရှားနိုင်ငံ မလေးရှားနိုင်ငံမှ မှိုင်းခံရော်ဘာနှင့် Technically Specified Rubber (TSR) ထုတ်လုပ်ရာတွင် အစေးထုတ်လုပ်သည်မှ အဆင့်ဆင့်စနစ်တကျ ထုတ် လုပ်ခြင်းနှင့် ါမနနည ဘသသု အရ အဆင့်အတန်းများ သတ်မှတ်ထားကြောင်း အစေးရည်၊ အအေးခဲရာတို့မှာ ညစ်ညမ်းစေသောအရာများ မပါဝင်စေရန်၊ အစေးပြားထုတ်လုပ်ရာမှာ စက်ကိရိယာများ သန့်စင်ပြီး အထူအပြား ညီညွတ်မှု၊ မှိုင်းခံရာမှာ အပူချိန် ထိန်းချုပ်ပြီး မှိုင်းကျက်ညီအောင်ပြုလုပ်ခြင်း၊ အဆင့်ခွဲခြားခြင်းနှင့် ထုပ်ပိုး သိုလှောင်ရာတွင် ထိန်းသိမ်း မှုများ၊ TSR အဆင့်အလိုက် ဖုံ၊ ပြာဓာတ်၊ နိုက်ထရိုဂျင်၊  Volatile Matter, Plasticity initial value, plasticity retention index  ပါဝင်ရမည့် သတ်မှတ်ချက်များ၊ ဖုံ၊ ပြာဓာတ်များပါဝင်ခြင်းကြောင့် ရော်ဘာအရည်အသွေး ညံ့ခြင်းများ၊ နိုက်ထရိုဂျင်မြင့်မားပြီး Volatile Matter  နှင့် အဖြူရောင် စပေါ့ ပြောက်များ ကလည်း ရော်ဘာအရည်အသွေး အားနည်းရခြင်းများ ခရမ့်ရော်ဘာ အရွယ်အစားကြီးလွန်း ခြင်း/သေးလွန်းခြင်း/မညီမျှခြင်းတို့ကြောင့် Volatile Matter  နှင့် အဖြူရောင် စပေါ့ပြောက်များ ဖြစ်ပေါ်စေခြင်းတို့ကြောင့် အရည်အသွေးကောင်း ရော်ဘာများထုတ်လုပ်ရန်အတွက် ထုတ်လုပ်သည့် စက်များအရည်အသွေးကောင်းရန်၊ ကုန်ကြမ်းပစ္စည်းအရည်အသွေးကောင်းရန်၊ ထုတ်လုပ်ပုံအဆင့် အလိုက်လုပ်ဆောင်ရန်စသည်ဖြင့် ကုန်ချော ထုတ်လုပ်သည့်ဘောင်များဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။ SMR ထုတ်လုပ်ပုံ အတွေ့အကြုံနဲ့ပတ်သက်ပြီး SMR  ဖြစ်ကြောင်း အသိ အမှတ်ပြု certification လက်မှတ်နှင့် အကြံပြုချက်များကို တင်ပြရာတွင် ကမ္ဘာတွင် TSR ကို ပထမဆုံး သတ်မှတ်ခဲ့ပြီး SMR ကို ၁၉၇၀၊ ၁၉၇၉၊ ၁၉၉၁ တို့တွင် ၃ ကြိမ် ပြန်လည်စိစစ်ကာ လက်ရှိ  SMR အဆင့်လိုက် သတ်မှတ်ထားရှိကြောင်း၊  SMR Specification   သတ်မှတ်ချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသည့်အရည်အသွေးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ပြီး OSS အသိအမှတ်ပြု လက်မှတ်ဖြင့် ထောက်ခံချက်ထုတ်ပေးကြောင်း၊  SMR ထုတ်လုပ်သူအဖြစ် အသိအမှတ်ပြုရန် TSR  ထုတ်လုပ် သည့် စက်ရုံများအဖြစ် မှတ်ပုံတင်ရန်လိုကြောင်း၊  SMR ကုန်ချောထုတ်လုပ်သည့် မှတ်တမ်းပုံများကို ရှင်းလင်း တင်ပြသွားခဲ့သည်။ မလေးရှားနိုင်ငံ၏ ရော်ဘာစိုက်ပျိုးနည်းအဆင့်မြင့်ထုတ်လုပ်ပုံများနဲ့ ပတ်သက်ပြီး ရော်ဘာပျိုးခြံများ အတွက် မြေနေရာရွေးချယ်ခြင်း၊ ပျိုးခြံပုံစံများ၊ ပျိုးခြံများတွင် ပျိုးပင်အကွာအဝေး၊ ပျိုးခင်းတွင် ရေရရှိမှု၊ ကိုင်းကူးကိုင်းဆက် ပျိုးအမျိုးအစားအလိုက် စိုက်ပျိုးပြီးနောက် မြေသြဇာ သုံးစွဲရမည့်အချိုး၊ ပလတ် စတစ်အိတ်များဖြင့်ပျိုးထောင်ပြုစုပုံ၊ ပျိုးပင်သက်တမ်းအလိုက်မြေသြဇာသုံးစွဲပုံ၊ ရောဂါပိုးမွှား ကာကွယ် ထိန်းသိမ်းနည်းများကို သိရှိရသည်။ မလေးရှားနိုင်ငံတွင် ၁၈၈၈ ခုနှစ်မှစတင်ကာ ရော်ဘာစိုက်ပျိုးလာပြီး ယခုအခါ ခြံငယ်ရှင်များ ထုတ်လုပ်ခြင်းမှာ တန်ချိန် ၁ သန်းဝန်းကျင်ရှိပြီး နိုင်ငံထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းခန့် ထုတ်လုပ်လျက် ရှိကြောင်း၊ ရော်ဘာဈေး များကောင်းလာ၍ စီးပွားဖြစ်တွက်ခြေကိုက်သဖြင့် ပို၍စိုက်ပျိုးလာကြကြောင်း၊ ဘလော့ရော်ဘာတုံးများ (block rubber) နှင့်ရော်ဘာစေးရည်အပြစ်  (latex concentrate)  တို့ ထုတ် လုပ်ပုံ၊ ၂ မျိုးလုံးကို ရော်ဘာလက်အိတ်၊ latex  thread,   တာယာ စသည်ဖြင့် ရော်ဘာထုတ်ကုန်များ ထုတ်လုပ်ကြောင်း၊ ထုတ်လုပ်ပုံစနစ် များ၊ နိုင်ငံ ၏ ရော်ဘာထွက်ရှိမှုနှင့် သုံးစွဲမှု၊ ရော်ဘာလုပ်ငန်းအတွက် industrial master plan  များချမှတ် ကာ ဆောင်ရွက်ခဲ့မှုများ၊ ၁၉၈၉ ခုနှစ်မှစပြီး ရော်ဘာ လက်အိတ် ထုတ်လုပ်ရန် ကမ္ဘာ့အများဆုံး latex  concentrate သုံးစွဲသည့် နိုင်ငံဖြစ်လာတဲ့အတွက် မလေးရှား ရော်ဘာလက်အိတ်ထုတ်လုပ်သူများ အသင်းဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ဒီလို နိုင်ငံမျိုးမှာပင် အလုပ်သမားရရှိနိုင်မှု၊ နည်းပညာရှင်များ၊ မန်နေဂျာများ၊ စမ်းသပ်ကိရိယာများနှင့် အခြားအခြေခံ အဆောက်အအုံများ လိုအပ်လျက်ရှိေ သးကြောင်း တွေ့ရသည်။
ထိုင်းနိုင်ငံ ထိုင်းနိုင်ငံမှ   Good Manufacturing Practice (GMP)  စနစ်ဖြင့် ရော်ဘာဘေထုပ် ထုတ်လုပ်ရေး စက်ရုံ၏ အရည်အချင်းမီထုတ်လုပ်ပုံကို ရှင်းလင်းရာ ရော်ဘာဈေးနှုန်းတည်ငြိမ်ရန်နှင့် ရောင်းဈေးတိုးမြင့် လာစေရန် ထိုင်းနိုင်ငံ Agriculturist Institute Enhancement ၏ မှိုင်းခံစက်ရုံ ၁၄၆ ခုနှင့် သိုလှောင်ရုံများကို တည်ထောင်ခြင်းကို ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့ကြောင်း၊ စိုက်ပျိုးရေးဌာနလက် အောက်ရှိ ရော်ဘာ သုတေသနဌာနမှာ စိုက်ပျိုးရေးပညာရှင်များ အထောက်အကူဖြင့်  GMP  စနစ်နှင့် ထုတ်လုပ်ပုံကို စက်ရုံအရာရှိများအား ဖြန့်ဖြူးပေးပြီး မှိုင်းခံရော်ဘာအရည်အသွေးနှင့်ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများတွင် ကျွမ်းကျင်သူများ ဖိတ်ခေါ်ခွင့်ပြုကာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။  ရော်ဘာ စက်ရုံတွင် GMP စနစ်အရ စံချိန်စံညွှန်းအရ သတ်မှတ်ထုတ်လုပ်ခြင်း၊ မှိုင်းခံပြားစုဆောင်းခြင်း၊ လက်ခံ ခြင်း၊ ရော်ဘာဘေထုပ် ထုပ်ခြင်းစသည့် အရည်အသွေးထိန်းသိမ်းသည့်စနစ်ဖြင့် ကုန်ချောထုတ်လုပ်မှု ဖြစ်စဉ်အားလုံးနှင့် သက်ဆိုင်ပြီးဒေသနှင့် ထုတ်လုပ်ရာ အဆောက်အအုံ၊ စက်ကိရိယာပစ္စည်းနှင့် ထုတ် လုပ်ရေး အပိုပစ္စည်း၊ အရည်အသွေး ထိန်းသိမ်းထုတ်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သန့်ရှင်းခြင်း၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုအပိုင်း ၆ ပိုင်းလည်း ပါဝင်ကြောင်းသိရသည်။ ထိုင်းနိုင်ငံရော်ဘာ သုတေသနဌာနမှာ စိုက်ပျိုးရေးပညာနှင့် စက်ရုံအရာရှိများကို အထောက်အကူပေးပြီး ကိုယ်ပိုင်ယုံကြည်မှု များ ရှိလာစေရန်နှင့် စံနမူနာပြစက်ရုံများမှ မှိုင်းခံပြားထုတ်လုပ်မှုနှင့် အခြားစိုက်ပျိုးရေး သုတေသနဌာန များမှ နည်းပညာများလွှဲပြောင်းရေးစင်တာများအဖြစ် ဆောင်ရွက်နေပြီး မှိုင်းခံပြား ဘေထုပ် ထုတ်လုပ် ရေးစက်ရုံ များကို GMP စနစ်ဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။ရော်ဘာသုတေသနဌာနမှ အရည်အသွေးမီ ထုတ်လုပ်မှုကို သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေး ကြပ်မတ် လျက်ရှိသည်။ ထိုင်းနိုင်ငံတွင် အသိအမှတ်ပြု TSR  ဓာတ်ခွဲစမ်းသပ်ခန်းများ၏ အရည်အသွေးထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး ထိုင်းအဆင့်မီရော်ဘာ Standard Thai Rubber (STR) အတွက် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ထုတ်ပိုးမှု စနစ်နှင့် ဓာတ်ခွဲစမ်းသပ်ပိုင်ခွင့်အပါအဝင် TSR ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဥပဒေအရ တာဝန်ရှိဆောင်ရွက်လျက် ရှိကြောင်း၊RRIT မှစက်ရုံအပိုင်းတွင် STR ဓာတ်ခွဲစမ်းသပ်မှုများ ဖွံ့ဖြိုးများပြား လာစေရန်နှင့် ပတ်သက်ပြီးလိုအပ်ချက်နှင့် နည်းပညာများကို နားလည်စေရန် ဆောင်ရွက်ပေးသလို ကိုယ်ပိုင်စမ်းသပ်ခွင့်ရှိနိုင်ရန် RRIT မှ စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ စက်ရုံတွင်နေထိုင်စားသောက်မှု၊ စက်ကိရိယာတပ်ဆင်မှု၊ ကုန်ချောထုတ်လုပ်နည်းအဆင့်၊ ဓာတ်ခွဲစမ်းသပ်ခြင်းများကို စစ်ဆေးကြီးကြပ် လျက် ရှိသည်။ ပြိုင်တူစမ်းသပ်စစ်ဆေးခြင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ၂ နည်းဖြင့် ဓာတ်ခွဲစမ်းသပ်မှုကို သုံးသပ်ပြီး ဓာတ်ခွဲခန်းအတည်ပြုနိုင်ရေး စိုက်ပျိုးရေးဌာနသို့တင်ပြရပြီး ဓာတ်ခွဲ စမ်းသပ်ခွင့် အသိ အမှတ်ပြုပြီးနောက် RRIT မှ နှစ်စဉ်လိုက်ပါဆောင်ရွက်ကာ ဓာတ်ခွဲခန်းများမှာ စည်းမျဉ်းများနှင့် မကိုက် ညီပါက အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ အဆင့်မြင့် STR  ရော်ဘာအရည်အသွေးအတိုင်းအတာများနှင့်ပတ်သက်ပြီး ဘလော့ ရော်ဘာမထုတ်လုပ်မီcup lump, scrap, skim နှင့် uss  အမျိုးအစားအလိုက်တွင် ပါဝင်ရမည့် ဓာတ် ပေါင်း ရာခိုင်နှုန်းများ၊ ထုတ်လုပ်သည့် ဘလော့ရော်ဘာအဆင့်အတန်းများနှင့် ထုတ်လုပ်မှုပမာဏများ၊ ဘလော့ရော်ဘာအဆင့်အတန်းတစ်ခုချင်းစီ၏ ဓာတ်ပေါင်းပါဝင်မှုသတ်မှတ်ချက်များကိုလည်း သိရှိရပါ သည်။ ထိုင်းနိုင်ငံအနေနှင့် နိုင်ငံတကာက လက်ခံသော စံချိန်စံညွှန်းများ လုပ်ဆောင်လာသည်မှာ ၁၈ နှစ်ရှိပြီဖြစ်ကာTTR မှ STR သို့ ပြောင်းလဲခဲ့ပြီး ထုပ်ပိုးပုံ၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် တင်ပို့မှု လုပ်ထုံးလုပ်နည်းများအပါ အဝင်စနစ်တကျတိုးတက် လုပ်ဆောင်လျက် ရှိသည်။ ထိုင်းအဆင့်မြင့် ရော် ဘာအတန်းအစား ၈ မျိုးရှိပြီး ထိုင်းနိုင်ငံမှာ အသုံးပြုသောရော်ဘာကုန်ကြမ်းများမှာ ခွက်ကပ်၊ ရော်ဘာ ပြားနှင့်   scrap များဖြစ်၍ နိုင်ငံ၏ ရော်ဘာအရည်အသွေးမှာ လိုအပ်သည်ထက် အရည်အသွေးပိုကောင်း လာကြောင်း၊ ဘလော့ ရော်ဘာတွင် ပါဝင်ရမည့် ဓာတ်ပေါင်း ပါဝင်ရာခိုင်နှုန်းများကိုလည်း ပြောင်းလဲပြင် ဆင်သတ်မှတ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ရော်ဘာဈေးကွက်မှာ အတိတ်က ဈေးကွက်မရှိ၊ အကျိုးအမြတ်မရှိဘဲ ဝယ်သူဈေးကွက် သာဖြစ်ခဲ့ရပြီးဈေးနှုန်း၊အရည်အသွေးနှင့် အလေးချိန်တို့မှာ မျှတမှုမရှိခဲ့သည့် အနေအထားမျိုးဖြစ်ခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနမှ နိုင်ငံ၏ ရော်ဘာဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု အရေးပါလာသည်ကို သိမြင်လာမှုက ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အခြေခံဖြစ်လာကာ ရော်ဘာ စိုက်ပျိုးရေးကို ဆက်လက်လုပ်ဆောင်လာသော တစ်ခုတည်းသော ဌာနဖြစ်ခဲ့ကြောင်း၊ ရော်ဘာ အရောင်း အဝယ်ပြုလုပ်မှုနဲ့ ပတ်သက်ပြီး ၁၉၉၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် Songkhla ပြည်နယ်၊ ဟတ်ရိုက် တွင် ပထမဆုံး ဗဟိုရော်ဘာဈေးကွက် တစ်ခုတည်ထောင်ခဲ့ကာ ရော်ဘာ ရောင်းသူ/ ဝယ်သူများ၏ ရော်ဘာ စုဆောင်းရာ၊ ဖြန့်ဖြူးရာတွင်ထိထိရောက်ရောက်နှင့်မျှမျှတတဖြစ်ရေး ဗဟို ဈေးကွက်နေရာ အဖြစ်ထူထောင်ခဲ့ကြောင်း၊ လေလံတင်ခြင်း ငွေပေးချေခြင်း၊ ဝယ်လက်များသို့ ပို့ပေးခြင်း စသည့် အဆင့် တိုင်းတွင် အဆင့်အတန်းမီမီ အထောက်အကူပေးရာနေရာအဖြစ် ဆောင်ရွက်ပေးသလို  OSS စနစ်ဖြင့် တောင်သူ များရော်ဘာ ရောင်းချရာတွင် အရည်အသွေး၊ အလေးချိန်နှင့် ဈေးနှုန်းများ မျှမျှတတ ရောင်းချခွင့်ပြုထားကြောင်း၊ ဗဟိုရော်ဘာဈေးကွက်များကို ရော်ဘာတိုးချဲ့စိုက်ပျိုးရာ  ပြည်နယ် ၆ ခု၌ ထပ်မံတည်ထောင်ခဲ့ပြီး ဗဟိုရော်ဘာဈေးကွက်မှာ ဈေးကွက်သတင်းနှင့် ဈေးနှုန်းများ လေ့လာ ဆန်းစစ်ခြင်း၊ဈေးကွက်သတ်မှတ်ခြင်း၊ rubberthai.com တွင် ဆက်လက်ကြေညာကြောင်း၊ ဗဟိုရော်ဘာ ဈေးကွက်များ ထူထောင်ခြ င်းဖြင့် တောင်သူဈေးကွက်ဖြစ်လာကာ တောင်သူများက ဝယ်လက်များကို ရောင်း ချခြင်း၊ လေလံတင်ရောင်းချမှု တွင် ပါဝင်လာနိုင်ခြင်း၊ အရည်အသွေး/ အရေအတွက်များ ရွေးချယ် လာနိုင်ကြောင်း၊ တောင်သူများ က လေလံဈေးနှုန်းနှင့် အလယ်အလတ်ဆင့် အရောင်းအဝယ်ပြု လုပ် သူများ၏ ဈေးနှုန်းကိုအသုံးပြုကြောင်း၊  ဝယ်လက်သည် ဒေသတွင်း ရော်ဘာဈေးမြင့်တက်ဖို့ တောင်သူ များထံမှ လေလံဈေးဖြင့် ဝယ်ယူကြောင်း သိရပါသည်။
ဗီယက်နမ်နိုင်ငံ ဗီယက်နမ်နိုင်ငံ ရော်ဘာသုတေသနဌာနမှ ဗီယက်နမ်နိုင်ငံ၏ ရော်ဘာအရည်အသွေး စီမံခန့်ခွဲသည့် စနစ်နှင့် ပတ်သက်ပြီး ရော်ဘာထုတ်လုပ်ပြီးနောက် အရည်အသွေးစမ်းသပ်ခြင်း၊ အတန်းအစားခွဲခြားခြင်း၊ ဗီယက်နမ်စံချိန် စံညွှန်းမျာနှင့်ကိုက်ညီသော အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များမှာလည်း ရော်ဘာထုတ်လုပ်သောနိုင်ငံများ အသုံးပြု သော ှုှဥ စံချိန်စံညွှန်းကို အခြေခံထားပြီး ဗီယက်နမ်နိုင်ငံ Directorate for Standard, Metrology and Quality  ဌာနမှ ISO  သတ်မှတ်ချက် လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း၊ ISO  နှင့် ကိုက် ညီရေး အကြိမ်ကြိမ်အဆင့်မြှင့် တင်ကာ ဆောင်ရွက်နေသလို အချို့ကုမ္ပဏီများမှာ ဖောက်သည် လိုအပ် သည့် အရည်အချင်း သတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ပေးလျက်ရှိကြောင်း SVR၊ TSR  အလိုက် အရည်အချင်းသတ်မှတ်ချက်ထားရှိပြီး ISO's code   သတ်မှတ်ထားချက်များလည်း ထားရှိဆောင်ရွက်နေ တာ ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁၉၈၅ ခုနှစ်မတိုင်မီက ဗီယက်နမ် ရော်ဘာသုတေသနဌာနပိုင် ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခု သာရှိခဲ့ပြီး ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ထုတ်ကုန်များပြောင်းလဲလာခြင်း၊ ဝယ်လိုအားတိုးလာခြင်းများကြောင့် ကုမ္ပဏီများမှာ ဗီယက်နမ်ရော်ဘာ သုတေသနဌာန၏ သင်တန်းပေးမှု၊ ကွပ်ကဲမှုတို့ဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းများ ထူထောင်လာကြ ကာ ရော်ဘာကုမ္ပဏီများ၏ အရည်အသွေး စီမံခန့်ခွဲပုံ၊ ဓာတ်ခွဲခန်းများမှာ ISO အရ ဆောင်ရွက်လျက်ရှိကြောင်း၊ ဗီယက်နမ်ရော်ဘာအုပ်စု၏ အထောက်အပံ့ဖြင့် ရော်ဘာကုမ္ပဏီများမှာ စံချိန်စံညွှန်းအဆင့်မီသတ် မှတ်ခြင်း၊ နည်းပညာ အထောက် အကူများထောက်ပံ့ခြင်း၊ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ခြင်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင် ၁၈၉၇ ခုနှစ်မှ စတင်စိုက်ပျိုးလာပြီး၊ ၁၉၀၆ ခုနှစ်မှစ၍ စီးပွားဖြစ် စိုက်ပျိုး လာကာ ၁၉၇၆ ခုနှစ်တွင် ဟက်တာ ၇၆၆၀၀ မှ ၂၀၁၂ တွင် ၉၃၄၂၀၀ ဟက်တာ၊ ထွက်ရှိမှု တွင် ၄၀၂၀၀ တန်မှ ၈၁၁၆၀၀ တန်၊ အထွက်နှုန်းတွင် တစ်ဟက်တာ သုညဒသမ ၅၂ တန်မှ ၁ ဒသမ ၇၂ တန်သို့ တိုးတက်ထွက်ရှိလာကြောင်း သိရပါသည်။ ရော်ဘာစိုက်ပျိုးရာဒေသများ၊ စိုက်ပျိုးမှု၊ အထွက်နှုန်း အဆင့်ဆင့်တိုးတက်လာမှု၊ နည်းပညာဆောင်ရွက်ရာတွင် အခြားရော်ဘာထုတ်လုပ် သောနိုင်ငံများ၏ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးများ မှ နည်းပညာအတွေ့အကြုံများရယူကာ ပြုပြင် ပြောင်းလဲခြင်း၊ ဗီယက်နမ်ရော်ဘာသုတေသန RRIV  နှင့် ဗီယက်နမ်ရော်ဘာအုပ်စု VRG တို့မှ ဦးစီးဆောင်ရွက်လျက် ရှိကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ သင်တန်းများ ပို့ချခြင်းများကို  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကာ VRG ၏ ရော်ဘာ စိုက်ပျိုးမှုတွင် အသုံးပြုသည့်နည်းလမ်းများ၊ ရော်ဘာမျိုးမှာ ရော်ဘာလုပ်ငန်းဖွံ့ဖြိုးတိုး တက်မှု၏ အရေးပါ သော အခန်းကဏ္ဍဖြစ်ကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများမှ ရော်ဘာမျိုးများကို ရယူကာ ဒေသနှင့် ကိုက်ညီသော RRIV, LH စသည့် မျိုးများစမ်းသပ်သုတေသနပြုကာ VRG  မှ မျိုးကို ထောက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ ထောက်ခံမှုပြုထားသော မျိုးများ၊ ခေတ်မီပျိုး ခင်းစိုက်ပျိုးနည်းများ၊ မြေဆီလွှာနှင့် မြေသြဇာများစမ်းသပ်ခြင်း၊ အစေးထုတ်လုပ်နည်းများ၊ အပင် တွင် ကျရောက်တတ်သော ရောဂါများနှင့် RRIV, VRG တို့မှ ကာကွယ်ရေး နည်းလမ်းများဆောင်ရွက်ပေး လျက်ရှိပါတယ်။ ပြည်တွင်းရော်ဘာလုပ်ငန်းအတွက် မျိုးထောက်ခံချက်များလိုအပ်ချက်ဖြစ်ကာ ကိုင်းကူး ပျိုးခြံများအတွက် ရော်ဘာသုတေသနလို လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းမှ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မီသော ရော်ဘာပျိုးခင်းများမှ ခြံငယ်ရှင်များအတွက် ထောက်ပံ့သော စိုက်ပျိုးရေး ပစ္စည်းများကို ဒေသဆိုင်ရာအခွင့်အာဏာရှိသူမှ ထောက်ခံပေးထားပြီး ပြည်တွင်း ရော်ဘာပညာရှင်များမှ အခြားနိုင်ငံများ၏ မျိုးစမ်းသပ်နည်း၊ ပျိုးထောင်ခြင်း၊ ကွင်းဆင်းလေ့လာပြီး နည်းပညာများ ရယူကာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းများကို ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြသွားပါသည်။
မြန်မာနိုင်ငံ ရော်ဘာအမျိုးအစားများတွင် အဓိကအသုံးများသည့် အမျိုးအစားများမှာ RSS-3 နှင့် TSR 20  တို့ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် စံပြဈေးနှုန်းအတွက် ထားသည့်အမျိုးအစားနှင့် တာယာထုတ်လုပ် ရာမှာ သုံးသည့် အမျိုးအစားများလည်းဖြစ်ကြောင်း၊အမျိုးအစားအလိုက်တင်ပို့မှုတွင်ယခင်က RSS-5  အများဆုံး တင်ပို့ရာမှ ၂၀၀၉-၂၀၁၀ မှစကာRSS-3  တင်ပို့မှု အများဆုံးဖြစ်လာပြီး MSR- 20  မှာ ၂၀၁၁-၂၀၁၂ တွင် ယခင်နှစ်များထက် RSS-5  တင်ပို့မှုထက် ပိုများလာတာ တွေ့ရပါသည်။ တနင်္သာရီတိုင်းဒေသကြီးမှာ ပထမဆုံးရော်ဘာစတင်စိုက်ပျိုးရာဒေသများတွင် တစ်ခုအပါ အဝင်ဖြစ် ကာ နှစ်ပေါင်း ၁၃၆ နှစ်ရှိပြီဖြစ်ကြောင်း၊ အစိုးရ၏မူဝါဒများပြောင်းလဲလာခြင်း၊ နိုင်ငံတကာဈေးကွက် ဝယ်လို အားများကြောင့် တိုးချဲ့စိုက်ပျိုးမှုများပြားလာပြီး စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကြီးမား လာသောလုပ်ငန်း ဖြစ်လာကြောင်း၊ စိုက်ပျိုးမှု၊ ထုတ်လုပ် တင်ပို့မှု နှစ်စဉ်တိုးလာသော် လည်း ပြည်တွင်း ဈေးကွက်တွင် ခြံငယ်ရှင်များ၏ လူမှုစီးပွားရေးအခြေအနေ၊ ရောင်းဝယ်သည့်ပုံစံကဲ့သို့ အချက်များကြောင့် လွန်ခဲ့သည့် ၁၀ နှစ်မှစကာ အရည်အသွေးပိုင်းကျလာ သဖြင့် ရော်ဘာ အရည်အသွေးပြဿနာများအဖြေ ရှာရန်နှင့် အရည်အသွေးတိုးတက်ရန် အတွက် ပြင်ဆင်သင့်သည့်မူဝါဒများ ထုတ်ပြန်သုံးသပ်နိုင်ရန်အတွက် စက်မှုကုန်ကြမ်းသီးနှံဌာနက တနင်္သာရီတိုင်းဒေသကြီးတွင် လေ့လာ မှုပြုခဲ့ကြောင်း။ တနင်္သာရီတိုင်းဒေသ ကြီးတွင် ရော်ဘာစိုက်ပျိုးရေးအတွက် အစိုးရမှ မြေလွတ်မြေရိုင်းများ အငှားချထားကာ အများစုမှာ ထားဝယ်ဘက်တွင် စိုက်ပျိုးလာကြောင်း၊ မြေယာများကို ခွင့်ပြုထားသော်လည်း ဘဏ္ဍာရေး အကျပ် အတည်းရှိ၍ အစေ့စိုက်မျိုးများကိုသာသုံးနေကြဆဲ ဖြစ်ကြောင်း၊ အထွက်နှုန်းမြင့်မျိုးများ အသုံးပြုခြင်းနှင့် စိုက်ပျိုးမှုနည်းလမ်းကောင်းများလုပ်ဆောင်ခြင်းမှအစ စိုက်ပျိုးသူများကို စနစ်တကျပညာပေးရန် ပိုမိုလို အပ်နေကြောင်း၊ ရော်ဘာအသင်း၊ ပုဂ္ဂလိကမှ ရော်ဘာစိုက်ပျိုးရေးရန် ပုံငွေထူထောင်ခြင်း သို့မဟုတ် အစိုးရမှ ချေးငွေထုတ်ချေးခြင်းများကို အရင်းအနှီးမတတ်နိုင်သည့် စိုက်ပျိုးသူများကို ကူညီပေးသင့် ပြီး လက်ရှိအစေးထုတ်လုပ်နေသည့် ဧရိယာများမှ အရည်အသွေးကောင်း ရော်ဘာများထုတ်လုပ်နိုင်ရန် စိုက်ပျိုးသူများကို ထိရောက်သည့်  တိုးချဲ့ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး သင့်ကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ရော်ဘာအရည်အသွေးမြှင့်တင်ရန် TSR ထုတ်လုပ်ရေး စက် ရုံများ ထူထောင်ရန်လိုပြီး ရော်ဘာအရည်အသွေးထိန်းချုပ်ရန်နှင့် အရောင်းအဝယ်လုပ်ငန်းများနှင့် ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်သင့်ကြောင်း၊ သတင်းအချက်အလက်၊ ဈေးနှုန်းများ ကြေညာခြင်းဖြင့် တည်ငြိမ်သည့် ရော်ဘာဈေးကွက်တစ်ခုဖန်တီးသင့်ပြီး ဌာနဆိုင်ရာ၊ ပုဂ္ဂလိကအဖွဲ့အစည်း များ နှင့် ရော်ဘာ စိုက်ပျိုးသူ အသင်းများမှ အကောင်အထည်ဖော်ဆောင်ရွက် သွားသင့်ပါသည်။ မုဒုံမြို့နယ်ဘက်တွင် တောင်သူများ၏ မြေယာပိုင်ဆိုင်မှု ရော်ဘာစိုက်ပျိုးမှုတွင် ကိုင်းကူးမျိုးမဟုတ် သည့် မျိုးအမျိုးအစားများ အများဆုံးဖြစ်နေကာအစေးထုတ်လုပ်သည့်နည်းစနစ်များနှင့်  ရော်ဘာပြားများ ၏ အလေးချိန်၊ အထူအပါး၊ ရေပါဝင်မှု၊ အစိမ်းပြားများ အများဆုံးရောင်းချလျက်ရှိကြောင်း၊ (၁ရက်/ ၃ရက်)နေလှန်း၍ရောင်း ချကြပြီးရွာတွင်ပစ္စည်းစုဆောင်းသူ၊ လက်ကားသမားများ၊ ကုမ္ပဏီများမှ အရောင်း အဝယ်ပြုလုပ်ကြကာ လက်ကားသမားများက အများဆုံးပြုလုပ်လျက်ရှိပြီး လက်ငင်းပေါက်ဈေး လက်ငင်း ငွေ ချေစနစ်ကို အသုံးပြုကြကြောင်း၊ အထွက်နှုန်းနည်းသည့်မျိုး (Non-Budded) များ စိုက်ပျိုးခြင်းနှင့် အရည်အသွေးနိမ့် သည့် ရော်ဘာပြားများ ထုတ်လုပ်နေသည်ကိုလည်း တွေ့ရပြီး နည်းပညာကို မိတ်ဆွေ များမှ တစ်ဆင့်နှင့် အသိပညာအရတိုးတက်ဆောင်ရွက်လျက်ရှိကြကြောင်း။ အစေးခဲရာတွင် ဖောမစ် အက်ဆစ်ကို အသုံးမပြုကြသည် ကများပြီး တောင်သူများထုတ်လုပ်သော ရော်ဘာအရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်လျက် ရှိကြောင်း၊ စံချိန်စံညွှန်းမီ အတန်းအစားများ သတ်မှတ်ရန်၊ ဈေးကွက်သတင်း အချက်အလက်များရရန် ဖန်တီးပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ contract farming  စနစ်ဖြင့် ဆောင်ရွက်နိုင် ပါက တောင်သူများ၊ ကုမ္ပဏီများရော ရေရှည်အကျိုးရှိမည့် လုပ်ငန်းဖြစ်ကြောင်း ဆွေးနွေးတင်ပြကြပါသည်။
အင်ဒိုနီးရှား အင်ဒိုနီးရှားနိုင်ငံမှ Rubber Powder   ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်ပုံ ထုတ်လုပ်နည်း၊ စစ်ဆေးမှု၊  Spray Dryer  အသုံးပြုပုံနှင့် ထုတ်လုပ်နည်း အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသွားပါသည်။အရည်အသွေး တိုးတက်ရေး ဆောင်ရွက်ရန် မြန်မာ့ရော်ဘာအရည်အသွေး အဆင့်အတန်းမြင့်မားရေး ဆွေးနွေးပွဲဖြစ်တဲ့အတွက် ရော်ဘာများ အရည်အသွေးမြင့်မားရေးအတွက် ပြုပြင်ထုတ်လုပ်ပုံ၊ ထုတ်လုပ်နည်းစနစ်များ၊ အရည်အသွေးကို ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစစ်ဆေးပုံနှင့် စစ်ဆေးချက်လက်မှတ်ထုတ်ပေးပုံများသိရှိရကာ နိုင်ငံတော်၏ အားထားရမည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည့်အတွက် အရည်အသွေးနိမ့်ကျ ဆဲ ဖြစ်နေမှုများကို ပြုပြင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊  အရည်အသွေးကောင်းမွန်ပါက ခြံရှင်များလည်း ဝင်ငွေတိုးတက် လာမှာဖြစ်သလိုနိုင် ငံတော်လည်းဝင်ငွေမြင့်မားလာမှာ ဖြစ်ကြောင်း။ ရော်ဘာလုပ်ငန်းသည် အလားအလာ ကောင်းသည့် potential  ရှိနေပြီး စိုက်ပျိုးမှုတိုးနေသလို အထွက်လည်းတိုးလာနေကြောင်း၊ ရော်ဘာ လုပ်ငန်းမှာ ထုတ်လုပ်မှုတိုးတက်ရုံမျှမက ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှု လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ဖို့ လည်းလိုကြောင်း၊  ရော်ဘာမှာ စိုက်ပျိုးပြီး ၅ နှစ်ကြာမှ ခံစားခွင့်ရသော်လည်းနှစ်ပေါင်း ၂၅/၃၀ နှစ် တိုင်အောင် အကျိုးကျေးဇူးခံစားရတဲ့အတွက် စီးပွားရေးအရတွက်ခြေကိုက်သော လုပ်ငန်းဖြစ်၍ စိုက်ပျိုး ထုတ်လုပ်မှုပိုင်းမှာ လွန်စွာအရေးကြီးလှကြောင်း၊  အစေးထုတ်လုပ်ရာမှာလည်း အလေးထားရန်လိုအပ်ပြီး အရည်အသွေးမှာလည်း အရေးကြီးလှကြောင်း၊ အရည်အသွေးကောင်းများ ထုတ်လုပ်နိုင်ပါက ဝင်ငွေ ကောင်းလာမှာဖြစ်ပြီး၊ အရည်အသွေးမကောင်းလျှင် ဈေးလျော့ရမှာဖြစ်ကြောင်း၊ ကုန်ချော ထုတ်လုပ် ရာမှာ ထုတ်လုပ်နိုင်သည့် လုပ်ငန်းစဉ်များ အပြည့်အ၀ ရှိရန်လိုအပ်ပြီး အရည်အသွေးကောင်းရင် အားလုံး အကျိုးအမြတ်ခံစားရမှာဖြစ်ပြီး နိုင်ငံဝင်ငွေ တိုးပွားလာမှာဖြစ်ကြောင်း၊  အရည်အသွေး အာမခံသည့် certification များ ISO  အသိအမှတ်ပြု Testing များ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်သည့်အတွက် value-added ထုတ်လုပ်သည့် လုပ်ငန်းများလည်း တိုးတက် ဆောင်ရွက်သွားကြရ မှာဖြစ်ကြောင်း တွေ့ရှိရပါသည်။ မြန်မာ့ရော်ဘာ အရည်အသွေး အဆင့်မြင့်မားရေးအတွက် အောက်ပါအချက်များ လိုအပ်လျက် ရှိနေသေးကြောင်း တွေ့ရှိရပါသည်-(က)    ရော်ဘာစိုက်ပျိုးရာတွင် ကိုင်းကူးမျိုးများ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ရန်လိုအပ်ခြင်း။ မှန်ကန်သည့် ဓာတ်မြေသြဇာများကို အချိန်မှန်၊ အချိုးအစားမှန် သုံးစွဲရန်လိုအပ်ခြင်း။(ခ)    ရော်ဘာအရည်အသွေးမြင့်မားရန် အစေးထုတ်လုပ်သည့်နေရာတွင် ဖုံ၊ သဲ၊ ခဲများ သန့်စင်စွာ ထုတ် လုပ်ရန်လိုအပ်ခြင်း။(ဂ)    အစေးခဲရာတွင် ဖောမစ်အက်စစ် မှန်ကန်စွာသုံးစွဲရန် လိုအပ်ခြင်း။ (ဃ)    အစေးရည်စစ် ဆန်ကာများသန့်စင်ရန်နှင့် အခြားအမှိုက်သရိုက်များ စစ်ထုတ်နိုင်သည့် ဆန်ကာများ အသုံးပြုရန် လိုအပ်ခြင်း။(င)    အထူအပါးမညီသည့် လက်လှည့်ကြိတ်စက်များအစား ညီညာသည့်ရော်ဘာပြားများ ထုတ်လုပ်နိုင် သည့် မော်တာကြိတ်စက်များရရန်လိုအပ်ခြင်း။(စ)    အစေးအေးခဲကန်များနှင့် အမှိုက်၊ ဖုံ၊ သဲ မဝင်ရောက်နိုင်သည့် အစေးခဲ သိုလှောင်ရုံ အဆောက် အဦများ လိုအပ်ခြင်း ။(ဆ)    မှိုင်းခံရုံများ အလုံအလောက်ရှိရန် လိုအပ်ခြင်း ။(ဇ)    ပြည်တွင်းပြည်ပ အရင်းအနှီးများဖိတ်ခေါ်၍ အဆင့်မြင့်ရော်ဘာအတန်းအစားများ TSR ထုတ်လုပ် နိုင်သည့် စက်ရုံများ ထူထောင်ဆောင်ရွက်ရန်လိုအပ်ခြင်း။ (ဈ)    ရော်ဘာအရည်အသွေးနှင့်ပတ်သက်၍ ထောက်ခံချက်လက်မှတ်ပေးနိုင်သည့် အဖွဲ့အစည်း သတ် မှတ်ရန် လိုအပ်ခြင်း။(ည)    အခြားရော်ဘာထုတ်လုပ်သည့်နိုင်ငံများကဲ့သို့ ISO  လက်မှတ်များ ရရှိနိုင်ရန် ဆောင်ရွက်ရန် လို အပ်ခြင်း ။(ဋ)    အဖွဲ့အစည်းပိုင်၊ ဌာနပိုင်အရည်အသွေး ဓာတ်ခွဲစမ်းသပ်ခန်းများ ထူထောင်ရန် လိုအပ်ခြင်း။(ဌ)    ကုမ္ပဏီများမှ ကိုယ်ပိုင်ဓာတ်ခွဲစမ်းသပ်ခန်းများ ထူထောင်ရန်လိုခြင်း။ (ဍ)    အခြားနိုင်ငံများ၏ ခေတ်မီအရည်အသွေးထုတ်လုပ်သည့် နည်းပညာများ အကူအညီများ ရယူရန် လိုအပ်ခြင်း။(ဎ)    ရော်ဘာအရောင်းအဝယ် စနစ်တကျဖြစ်စေရန် ဈေးကွက်စင်တာများ၊ ကုန်စည်ဒိုင်များ ထူထောင်ဆောင် ရွက်ရန် လိုအပ်ခြင်း။(ဏ)    ရော်ဘာတင်ပို့ရာတွင် SGS, MITS တို့ကဲ့သို့ Inspection Team များက လက်ရှိ တန်ချိန် ပမာ ဏကိုသာ စစ်ဆေးမှုမျိုးပြုလုပ်ပေးနေရာမှ အရည်အသွေး၊ စံချိန်စံညွှန်းများပါ စစ်ဆေးပေးနိုင်သည့် အဖွဲ့အစည်းများအဖြစ် ဆောင်ရွက်သွားစေရန်၊ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးသည့်မျိုးများမှန်ကန်ရန်၊ စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှု နှစ်စဉ် တိုးတက်နေ၍ အရည်အသွေးကောင်းရော်ဘာများ ထွက်ရှိရန် ၊ အစေးထုတ်လုပ်သည်မှ မှိုင်းခံပြားများ၊ အဆင့်မြင့် ရော်ဘာအတန်း အစားများထုတ်လုပ်သည်ထိ သုံးစွဲသည့်ပစ္စည်းများ ကောင်းမွန်ရန်၊ သန့်ရှင်းစင်ကြယ်မှုရှိခြင်း၊ မှန်ကန်သည့်သွင်းအားစုများ အသုံးပြုရန်လိုခြင်း၊ အဆင့်မြင့်ရော်ဘာများ ထုတ်လုပ်နိုင် သည့် စက်ရုံများထူထောင်ရန်၊ ပြည်တွင်းပြည်ပအရင်းအနှီးများဖိတ်ခေါ်၍ လုပ်ကိုင်ရန်၊ ထုတ်လုပ်သည့် အဆင့် အတန်းများကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်သည့် အဖွဲ့အစည်း/ ထောက်ခံချက်များပြုလုပ်ပေးရန် လိုအပ်ခြင်းများကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက၊ ရော်ဘာအသင်း များမှ အကောင်အထည်ဖော် ဆောင် ရွက်သွားကြရန် လိုအပ်နေသေးသည့် လုပ်ငန်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။ ရော်ဘာမှာအထွက်နှုန်းကောင်းရုံနှင့် မပြီးသေးကြောင်း၊ ထွက်ရှိလာသည့် ရော်ဘာစေးများကို စနစ်တကျသန့်စင်စွာထုတ်လုပ်ခြင်းမှ အရည်အသွေးကောင်းသည့် စံချိန်စံညွှန်းမီသော အတန်းအစားများ ထွက်ရှိလာဖို့ကလည်းအရေးကြီးကြောင်း၊ အရည်အသွေးကောင်းမှ ဈေးကောင်းရမည်ဖြစ်ကြောင်း၊ အထွက်နှုန်းလည်းကောင်း အရည်အသွေးလည်းကောင်းရင် ဈေးကောင်းရပြီးတွက်ခြေကိုက်သည်ထက် ကိုက်သည့်လုပ်ငန်းဖြစ်ကြောင်း၊ အရည်အသွေးကောင်း ရော်ဘာများထွက်ရှိလာဖို့ အဓိကအကျဆုံးက စိုက်ပျိုးထုတ်လုပ်သူများဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများကို နည်းပညာ၊ အသိပညာများ ထိထိရောက်ရောက်ပေးနိုင်ရန်နှင့် သွင်းအားစုများ လုံလုံလောက်လောက်ရရှိရန် လိုအပ်ကြောင်း၊ နိုင်ငံ တကာမှ လာရောက်ပြီး အသိပညာ၊ နည်းပညာ ဖြန့်ဖြူးပေးရုံနှင့် မလုံလောက်ကြောင်း၊ လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် စိုက်ပျိုးထုတ်လုပ်သူများ၊ အရောင်းအဝယ်ပြုလုပ်သူများ၊ ကုန်သည်များ၊ တင်ပို့သူများ၊ အသင်းအဖွဲ့နဲ့ ဌာနဆိုင်ရာများ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြလိုကြောင်း တွေ့ရှိရပါသည်။