Main menu

Background

အိန္ဒိယဈေးကွက်မှာ လက်ကျန်ရှိနေပြီး ပဲအသစ်တွေဝင်လာလို့ ပဲဈေးတွေလျော့ကျလာ

Thu, 10/04/2012 - 04:28 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းဈေးကွက်တွေထဲမှာ မတ်ပဲလက်ကျန် အလုံအလောက် ရှိနေသေးတဲ့အပြင် ပဲစိုက်ပျိုးတဲ့ အချို့ ဒေသတွေကလည်း မတ်ပဲနဲ့ ပဲတီစိမ်းသစ်တွေ ဝင်ရောက်လာ နေပြီလို့ သိရပါတယ်။ လက်လီလက်ကား ဈေးကွက်တွေမှာ တော့ လတ်တလောပဲခွဲစက်လုပ်ငန်းရှင်တွေရော၊ ကုန်သည် တွေကပါ ဝယ်လိုအားနည်းနေတဲ့အတွက် ပဲမျိုးစုံဈေးနှုန်း အဆင်းဘက်သွားနေတာ တွေ့ရပါတယ်။ မတ်ပဲအနေနဲ့ မြို့ တော် ဒေလီမှာ ယခုရက်ပိုင်း အတွင်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈ ဒသမ ၂၇ )ခန့်ကျဆင်းပြီး ရူပီး ၄၁၀၀၀၀ (ကန်ဒေါ်လာ ၇၄၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

အလားတူ ပဲတီစိမ်းမှာလည်း အသစ်ဝင်ရောက်မှုတိုးလာ ပြီး ဝယ်လိုအားနည်းတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ထက် တစ်တန် ရူပီး ၂၀၀၀-၄၀၀၀ (ကန်ဒေါ်လာ ၇၃) ကျဆင်းခဲ့ပါ တယ်။ အင်ဒိုရီဈေးကွက်ကို ပဲတီစိမ်းသစ် အိတ် ၈၀၀ ခန့် ဝင်ရောက်ကြောင်း အရည်အသွေးကောင်း ပဲတီစိမ်းဈေးက တော့ ငြိမ်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံအနေနဲ့ ပဲခွဲစက် တွေက ဝယ်လိုအားနည်းပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ် အတွင်း ဈေးငြိမ်နေပါတယ်။ ပြီးခဲ့တဲ့ တစ်လက မိုးရွာသွန်းမှု ကောင်းပြီး ဝယ်လိုအားကျဆင်းခဲ့လို့ တစ်တန် ရူပီး ၆၀၀၀ (ကန်ဒေါ်လာ ၁၁၀) ခန့်ကျဆင်းခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တော့ ဈေးပြန်ငြိမ်လာခဲ့ပါတယ်။ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှု တိုးတက်ပြီး ကုလားပဲစိုက်ပျိုးချိန် အစိုဓာတ်ကောင်းကောင်းရမှာဖြစ်လို့ ကုလားပဲအထွက်ကောင်းမယ်လို့ ခန့်မှန်းလာကြပါတယ်။ လတ်တလောမှာလည်း ကုလားပဲဝယ်လိုအားနည်း တဲ့အတွက် ကြိုပွိုင့်ဈေးကွက်ရော လက်ငင်းဈေးကွက်ပါ ဈေးအနည်းငယ် ကျဆင်းနေပါ တယ်။ အိန္ဒိယမှာ ပဲစိုက်ပျိုးမှုအနေနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်းအရ စက်တင်ဘာလ ၁၄ ရက်နေ့အထိ မိုးပဲစုစုပေါင်း စိုက်ပျိုးမှုကဟက်တာ ၉၈ ဒသမ ၉၄ သိန်းရှိလို့ ပြီးခဲ့တဲ့ ၂၀၁၁ စိုက်ပျိုးမှုဟက်တာ ၁၀၅ ဒသမ ၁၄ သိန်းနဲ့ယှဉ်ရင် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းတယ်လို့ သိရပါတယ်။ ပဲတစ်မျိုးချင်းစိုက်ပျိုးမှုအနေနဲ့ မတ်ပဲမှာ ဟက်တာ ၂၃ ဒသမ ၇၇ သိန်းစိုက်ပျိုးထားလို့ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးမှုဟက်တာ ၂၁ ဒသမ ၈၄ သိန်းနဲ့ယှဉ်ရင် ၈ ဒသမ ၈ ရာခိုင်နှုန်းပိုမိုစိုက်ပျိုးနိုင် ပေမဲ့ ပဲတီစိမ်းကတော့ ဟက်တာ ၁၉ ဒသမ ၇ သိန်းသာ စိုက်ပျိုးထားလို့ ပြီးခဲ့တဲ့ နှစ် စိုက်ပျိုးမှုမှာ ဟက်တာ ၂၂ ဒသမ ၂၈ သိန်းနဲ့ယှဉ်ရင် ၁၁ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျ ကြောင်း သိရပါတယ်။  အလားတူ ပဲစင်းငုံမှာလည်း ပြီးခဲ့တဲ့ နှစ် စိုက်ပျိုးမှုဟက်တာ ၃၇ ဒသမ ၆၁ သိန်းရှိခဲ့ပြီး ယခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်းလျော့ကျပြီး ဟက်တာ ၃၆ ဒသမ ၁၇ သိန်းသာ စိုက်ပျိုးထားကြောင်း သိရပါတယ်။ နိုင်ငံတကာ ပဲစိုက်ပျိုးထွက်ရှိမှုအနေနဲ့ သြစတြေးလျမှာ ကုလားပဲဖြူလုံးကြီးက စိုက်ပျိုးမှုပိုမိုခဲ့လို့ ထွက်ရှိမှုအနေနဲ့ ပြီးခဲ့တဲ့နှစ်ထက် ၈၆ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၇၅၀၀၀၀ ခန့်ထိ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယယ်။ ကနေဒါနိုင်ငံ မှာလည်း ကုလားပဲထွက်ရှိမှုက ပြီးခဲ့တဲ့နှစ် ထွက်ရှိတဲ့ တန်ချိန် သုည ဒသမ ၉၁ သိန်းထက်ပိုပြီး ၂၀၁၂-၁၃ မှာ တန်ချိန် ၁ ဒသမ ၀၅ သိန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့ အပြင် ပဲလုံးထုတ်လုပ်မှုမှာ ပြီးခဲ့တဲ့နှစ်ထွက်ရှိမှု တန်ချိန် ၂၅ သိန်းထက် ၁၉ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၂၉ ဒသမ ၈ သိန်းကို တိုးမြင့်ခန့်ထားပေမဲ့ ပဲရာဇာကတော့ ပြီးခဲ့တဲ့ နှစ်က တန်ချိန် ၁၅ ဒသမ ၃၂ သိန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁၃ ဒသမ ၆၇ သိန်းကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ယမင်းခင်