Main menu

Background

မိုးနှောင်းရွာသွန်းမှုများလာခြင်းက အိန္ဒိယပဲမျိုးစုံအထွက်နှုန်း ပိုမိုဖို့ အကူအညီဖြစ်စေနိုင်

Thu, 10/04/2012 - 04:29 -- Anonymous (not verified)

မိုးရာသီအစပိုင်းမှာ ရွာသွန်းမှု နည်းပါးတာကြောင့် အိန္ဒိယ ပဲစိုက်ပျိုးမှု ဧရိယာများကမနှစ်ကထက်လျော့ ကျဖွယ် ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ဒါပေမယ့် သြဂုတ်လနဲ့ စက်တင် ဘာလမှာရွာသွန်းတဲ့မိုးက သီးနှံတွေအတွက် အထောက် အကူဖြစ်စေပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်မယ်လို့ ကုန် သည်များ၊ ပြည်ပတင်ပို့သူများနဲ့ အစိုးရအရာ ရှိများက ယုံ ကြည်လျက် ရှိပါတယ်။

 
စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ပဲမျိုးစုံစိုက်  ဧရိယာဟာ ယခင်နှစ်က ဟက်တာ ၁၀၄ ဒသမ ၄၁ သိန်း ထက်လျော့ပြီးဟက်တာ ၁၀၁ ဒသမ ၆၉ သိန်းသာရှိနိုင်တယ် လို့ ဆိုပါတယ်။ စိုက်ဧရိယာလျော့ပေမယ့် ယခုနှစ်အထွက်နှုန်း ပိုကောင်းနိုင်တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ Pravin  Dongre  မှ ပြောကြားပါတယ်။ ပဲတီစိမ်းနဲ့ ပဲစင်းငုံ စိုက်ဧက အနည်းငယ်လျော့ကျပေမယ့် မိုးပဲအထွက်ကောင်း မယ်လို့ တမီလ်နာဒူး ပဲမျိုးစုံ တင်သွင်းသူများအသင်း အတွင်း ရေးမှူး B.Krishnamurthy မှ ပြောကြားပါတယ်။
မိုးရွာသွန်းမှု မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာ၊ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာပရာဒေ့ရှ်တို့ရဲ့ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဒေသတွေမှာ ယခု နှစ် မိုးပြန်လည်ကောင်းလာလို့ သီးနှံအထွက် ပိုလာမယ့် မျှော်လင့်ချက်ကို မြင့်တက်စေပါတယ်။ အဲဒီ ပြည်နယ်များက တစ်နိုင်ငံလုံး ပဲမျိုးစုံထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထုတ် လုပ်ပါတယ်။ ပြဿနာရှိတဲ့ဒေသက ဂူဂျာရတ်ဖြစ်ပြီး၊ အဲဒီ ဒေသမှာ ပုံမှန်စိုက်ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ပြီး ရာဂျက်စသန်မှာ ဇွန် - ဇူလိုင်လအတွင်း မိုးရွာသွန်းမှုက နှေးကွေးနေခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ ပဲမျိုးစုံစိုက်ဧရိယာ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ မဟာရပ်ရှတရာမှာ မိုးဆက်ပြီး ရွာသွန်းနေ တဲ့အတွက် သီးနှံအခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာ စောင့်ကြည့်ရမယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပဲထွက်ရှိမှု ကုလားပဲက ဆောင်းသီးနှံဖြစ်လို့ မိုးပဲထွက်ရှိမှုက နှစ်စဉ် ပဲထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံခန့်ထိထွက်ရှိပါတယ်။ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ ပဲနီလေးလိုအခြားပဲများက မိုးနဲ့ဆောင်း ကာလ အတွင်း ပုံမှန်နီးပါးထွက်ရှိမှာဖြစ်ပါတယ်။ မတ်ပဲ စိုက်ပျိုးမှု ပိုမိုဖွယ်ရှိလို့ အထွက်နှုန်းမြင့်ပြီး မိုးပဲထုတ်လုပ်မှုက ပြီးခဲ့တဲ့ နှစ်လို  ပဲတန်ချိန် ၆ ဒသမ ၄ သန်းခန့်  ထွက်မယ်လို့ Krishnamuthy  မှ ပြောကြားပါတယ်။ မတ်ပဲအထွက်နှုန်း ကောင်းရင် တင်သွင်းမှု ကျဆင်းလိမ့်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မိုးပဲထုတ်လုပ်မှုက ၂၀၁၀ မှာ စံချိန်တင်ထွက် ရှိတဲ့ တန်ချိန် ၇ ဒသမ ၁၂ သန်းထက်လျော့ကျခဲ့ ပါတယ်။ ဇွန်လကုန်အထိ ၂၀၁၁-၁၂ အတွင်း တစ်နှစ်လုံးစုစုပေါင်း ပဲထုတ်လုပ်မှုက တန်ချိန် ၁၇ ဒသမ ၂၈ သန်းရှိလို့ ၂၀၁၀-၁၁ အတွင်း ထွက်ရှိတဲ့ တန်ချိန် ၁၈ ဒသမ ၂၄ သန်းထက် လျော့ကျခဲ့ပါတယ်။ ပဲထုတ်လုပ်မှုက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တန်ချိန် ၁၅ သန်းအထက်ရှိခဲ့ပြီး၊ ယခုနှစ်လည်း အဲဒီပမာဏ အတိုင်း ဆက်ထွက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ ပဲမျိုးစုံ ထုတ်လုပ်မှုမြှင့်တင်ရေး မူဝါဒကြောင့် လည်း ထုတ်လုပ်မှု မြင့်တက်ဖွယ်ရှိလို့ ပဲတင်သွင်းမှု ကျဆင်း မယ်လို့ ၎င်း က ဆိုပါတယ်။
တင်သွင်းမှု ပဲတင်သွင်းမှုက မနှစ်ကတင်သွင်းခဲ့တဲ့ တန်ချိန် ၃ သန်း လောက်ရှိမယ်လို့ Dongre မှ ဆိုပါတယ်။ ပဲရရှိ နိုင်မှုက များပါတယ်။ သြစတြေးလျမှ ကုလားပဲဖြူလုံးကြီး စံချိန်တင် ထွက်ရှိပြီး၊ ကနေဒါမှာ ပဲနီလေး၊ ပဲဝါလေးများစွာ ရှိပါတယ်။ ပဲမျိုးစုံကို မြန်မာကလည်းရနိုင်တယ်လို့ ၎င်း က ထပ်လောင်း ပြောပါတယ်။ဈေးနှုန်းခန့်မှန်း ကမ္ဘာ့ဈေးကွက်အတွင်း ရောင်းချမှုများမယ့် အခြေအနေ အရ ပြည်တွင်းဈေးကွက်အတွင်း ဈေးကျဖွယ်ရှိ တယ်လို့ Dongre   မှ ဆက်လက်ပြောကြားပါတယ်။ တင်သွင်းပဲ ဈေး သက်သာလို့ ဈေးလျော့ကျနေမယ်လို့ Krishnamurthy  မှလည်း ဆိုပါတယ်။ အစိုးက ယခုနှစ်အတွင်း ပဲမျိုးစုံအနိမ့်ဆုံး ထောက်ပံ့ဈေး များ မြှင့်တင်ပေးခဲ့ရာ ပျမ်းမျှအားဖြင့် ၁၆ ရာခိုင်နှုန်းခန့် တိုးမြင့်ခဲ့ပါတယ်။ လက်ရှိ ဈေးကွက်ေ ပါက်ဈေး က အနိမ့်မှာရှိနေပြီး၊ မတ်ပဲဈေးက တစ်တန်ရူပီး ၃၈၀၀၀(ကန်ဒေါ်လာ ၇၀၄)အောက်မှာရှိနေ ပါတယ်။ အောက်တိုဘာလမှစမယ့် မိုးသီးနှံဈေးကွက် ရာသီတိုင်အောင် ပဲဈေးနိမ့်နေမယ်။ ဒါပေမယ့် အစိုးရရဲ့ ဈေးကွက်ကြားဖြတ် ဆောင်ရွက်မှုတွေအရ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ယမင်းခင်၊Source: busniness