Main menu

Background

စက်တင်ဘာတတိယပတ် ပြည်ဈေးကွက်မှာ မတ်ပဲဈေးဆက်အေးနေသော်လည်း ပဲတီစိမ်းမျိုးသမားများ အဝယ်ရှိသလို လိုင်းသမားပါအဝယ်ရှိနေ

Thu, 10/04/2012 - 04:33 -- Anonymous (not verified)

ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ ယခင် တစ်ပတ်ထက်အေးနေပြီး၊ ပဲကြီးဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း ဈေး အမြင့်မှာရှိနေခဲ့တာကိုတွေ့ရပါတယ်။ ယခုစက်တင်ဘာ တတိယပတ်မှာ မတ်ပဲသီးနှံ တချို့ တစ်ခါတစ် ရံနယ်စုံမှအနည်းငယ်ဝင်ရောက်လာပြီး၊ အိတ် ၁၅၀-၂၀၀ ခန့်ဝင် လာတယ်လို့သိရပါတယ်။ ပဲဈေးနှုန်းမှာတော့ တစ်တင်း ၁၆၃၀၀ ကျပ်နဲ့ ဈေးအေး နေခဲ့တာကိုတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကတော့ ရသလောက်အဝယ်ရှိနေ သော်လည်း ထုတ်ရောင်းသူနည်းနေတဲ့အတွက် ယခုတစ်ပတ် အတွင်း ရန်ကုန်ကို တစ်နေ့အိတ် ၁၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ပဲတီစိမ်းသီးနှံမှာ ယခုတစ်ပတ်ပဲတစ်တင်းကို  ၁၅၀၀၀ ကျပ်ဖြင့် ပဲလက်ကျန် ရှိတဲ့ကုန်သည်များက ထုတ်ရောင်းကြတာကိုတွေ့ရပါတယ်။ ရန်ကုန်လိုင်းသမားများ အဝယ်ရှိပြီး၊ တစ်နေ့ အိတ် ၁၀၀-၂၀၀ ခန့် အဝယ်ရှိတယ်လို့သိရပါတယ်။ ဆောင်းပဲတီစိမ်းစိုက်ပျိုးရန်အတွက် မျိုးပဲများကို ဝက်ထီးကန်၊ ပန်းတောင်းဘက်မှ ပဲတစ်တင်းကို ၁၆၀၀၀-၁၇၀၀၀ ကျပ်ခန့်ရှိတယ်လို့သိရပါတယ်။ ပဲစင်းငုံဈေးကွက်မှာ ယခင်တစ်ပတ်ကထက်မြင့်လာပြီး ပဲတစ်တင်းကို ၁၉၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ကတော့ ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာသာ အိတ် ၃၀၀-၄၀၀ ခန့် အဝယ်ရှိတယ်လို့သိရပါတယ်။ ယခင် တစ်ပတ်ကဈေးနဲ့ နှိုင်းယှဉ်ရင် ယခုတစ်ပတ်ပဲစင်းငုံဈေး အနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ကုလားပဲဈေးနှုန်းမှာတော့ ယခင်တစ်ပတ်ကဈေးအတိုင်း ပဲတစ်တင်းကို ၂၃၇၀၀ ကျပ်ဈေးရှိပြီး၊ ပန်းတောင်း၊ ကံမဘက်မှ တစ်နေ့ အိတ် ၅၀-၁၀၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းမှ ပဲအဝင်မရှိတာကိုတွေ့ရပါတယ်။ ကုလားပဲဝယ်လက်က တော့ ခွဲစက်သမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း