Main menu

Background

မန်း ပဲဈေးကွက်မှာ ဈေးအတက်အကျနဲ့ ရောင်းဝယ်နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံ

Thu, 10/04/2012 - 04:34 -- Anonymous (not verified)

မန်းပဲဈေးကွက်မှာ အိန္ဒိယလိုင်းက ဝယ်ယူမှုရှိတဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီများဟာ ဈေးငြိမ်သက်မှုရှိမနေဘဲ တစ်ရက်တည်းမှာ နံနက်ဈေး၊ ညနေဈေး အပြောင်းအလဲ အနည်းငယ်ရှိပြီး၊ ဈေးကစားလျက်ရှိကြောင်း သိရပါတယ်။ ယခုအပတ်မှာ မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ် မှ ၈၀၀ ကျပ်ကြား (တစ်တန် ၄၆၉၇၀၃ ကျပ်မှ ၄၈၉၉၁၂ ကျပ်ကြား) အရောင်းအဝယ်ဖြစ်လို့ ဈေးငြိမ်သက်မှုမရှိသလို ပဲစင်းငုံနီမှာလည်း တစ်ပိဿာ ၉၇၅ ကျပ်နဲ့ ၉၈၃ ကျပ်ကြား (တစ်တန် ၅၉၇၀၈၀ ကျပ်မှ ၆၀၁၉၇၉ ကျပ်ကြား)အရောင်းအဝယ်ဖြစ်လို့ ဈေးအနည်းငယ်ကစားကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ရင် အရောင်းအဝယ်ဖြစ်လာသော်လည်း ဈေးကစားနေမှု၊ ပစ္စည်းအရည် အသွေးနဲ့ ဝယ်လိုအားကြောင့် အရောင်းအဝယ်များပြုလုပ်ရာမှာ သတိထားပြီး၊ အရောင်းအဝယ် ပြုလုပ်ရလို့ အရောင်းအဝယ် သွက်လက်မှုမရှိ ကြောင်း၊ ကုန်ပစ္စည်းဈေးငြိမ်သက်မှုရှိနေပါက အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နိုင် ကြောင်း ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ယခင်အပတ်က မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ်ဈေးနဲ့ နေ့စဉ် တန် ၃၀ မှ ၄၀ ခန့်အထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၅၀ ခန့် အရောင်းအဝယ်ရှိနေသလို ပဲစင်းငုံနီမှာ ယခင်အပတ် တန် ၆၀ မှ ၇၀ ခန့်ထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၈၀ မှ တန် ၁၀၀ ကြားအရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။စိုးအောင်