Main menu

Background

ထိုင်းနဲ့ စင်ကာပူကို မန်ကျည်းတင်ပို့

Thu, 10/04/2012 - 04:37 -- Anonymous (not verified)

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း မန်ကျည်း ၁၂၅ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၁၀၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့တဲ့တန်ချိန်က တန် တစ်ရာ့ခုနှစ်ဆယ်ရှိခဲ့တာကြောင့် ဒီနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့နိုင်ခဲ့ တဲ့တန်ချိန်က တန်ငါးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့ မှုတန်ချိန်က ခုနှစ်ဆယ်ကျော်ပိုခဲ့ပါတယ်။ ဒီသီတင်းပတ်မန်ကျည်းတင်ပို့မှုရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေ စုစုပေါင်းက ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။                         MIRT (DOT)