Main menu

Background

ဝယ်လက်များအဝယ်မရှိလို့ အိန္ဒိယနနွင်းဈေး ဆက်ပြီးကျဆင်း

Thu, 10/04/2012 - 04:40 -- Anonymous (not verified)

အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါ အသစ်မရရှိတဲ့ ဝယ်လက်များအနေနဲ့ဈေးကွက်အတွင်းမဆင်းလာတဲ့အတွက် လက်ငင်းနနွင်းဈေးဆက်ပြီးကျဆင်းနေပါတယ်။ ဒါ့အပြင် ကုန် သည်တွေကလည်း အင်ဒရာပရာဒေ့ရှ်ရှိ ဝါရင်ဂျယ်ဈေးကွက်မှ နနွင်းများဝယ်ယူပြီး၊ အကျိုးအမြတ်ရှာဖွေနေကြပါတယ်။ လှောင်လက်တွေကလည်း နနွင်း သိုလှောင်ဖို့ ဝယ်ယူမှုတွေကို ရပ်တန့်ကြပါတယ်။

ပုံမှန်အနေနဲ့ ဒီအချိန်ဟာ ပြည်ပတင်ပို့သူများမှာ အမှာ အော်ဒါများရရှိပြီဖြစ်ပေမဲ့ လတ်တလောမှာတော့ နိုင်ငံ မြောက်ပိုင်းမှ မှာယူမှုအသစ်မရှိတဲ့အတွက် လှောင်လက်တွေ အားလုံးလည်း ဈေးေ လျှာ့ပြီး ဝယ်ယူနေတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာ မှ ပြောကြားပါတယ်။ ထရပ်ကားသမားများဟာ ဒီဇယ်ဈေးမြင့် တက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ၎င်း တို့ထုတ် ကုန်သယ်ယူ ခြင်းကို ရပ်တန့်ထားတယ်လို့ ဆိုပါတယ်။ ထရပ်ကားများမှ သယ်ယူ ပို့ဆောင်မှုရပ်တန့်တဲ့အတွက် အီရော့နနွင်းဈေးကွက် များ ပိတ်ထားရတယ်လို့လည်း ဆိုပါတယ်။ နနွင်းကြိုပွိုင့်ဈေးကွက်မှာလည်း ယခုတစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်ထဲမှ ဝယ်လိုအားနည်းပါးခြင်းအပြင် အင်ဒရာပရာဒေ့ရှ်မှာ မိုးရွာ သွန်းမှုတိုးတက်ခြင်းကြောင့်နနွင်းစိုက်ပျိုးမှုပိုမိုလာမယ့် အလား အလာဖြစ်ပေါ်စေတဲ့အတွက် NCDEX  မှ အောက်တိုဘာလ နနွင်းစာချုပ်ဈေး သုည ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ အီရော့နနွင်းဈေးကွက်အသင်းဝင်းမှာ နနွင်းလက် ချောင်း တစ်တန် ရူပီး ၃၆၃၄၀-၅၇၈၄၀ (ကန်ဒေါ်လာ ၆၇၀-၁၀၆၆ ) ဈေးရှိပြီး နနွင်းဥဈေးက ရူပီး ၃၆၀၉၀-၅၅၀၉၀ (ကန်ဒေါ်လာ ၆၆၅-၁၀၁၆ ) ဈေးရှိကြောင်း သိရပါတယ်။ယမင်းခင် Source: businessline