ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ် ပထမခုနှစ်လ (၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်ထိ) အတွင်း ကုန်သွယ်ရေးလိုငွေပြမှုမှာ ၃၄ ရာခိုင် နှုန်း (ကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ) ရှိခဲ့တယ်လိ့ု ကမ္ဘောဒီး ယားနိုင်ငံရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရတယ်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ကာလအတွင်း စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၅ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၄၇ ဘီလီယံထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ကုန်သွယ်မှုတန်ဖိုး ယခင်နှစ်ကထက် ပိုမိုမြင့်မားလာသော် လည်း ကုန်သွယ်မှုလိုငွေပြမှုရှိခဲ့ခြင်းမှာ သွင်းကုန်တန်ဖိုးက ၁၈ ရာခိုင်နှုန်းမြင့်ခဲ့ပြီး ကန်ဒေါ်လာ ၄ ဒသမ ၄၈ ဘီလီယံအထိ ရောက် ရှိခဲ့သော်လည်း ပို့ကုန်တန်ဖိုးမှာ ၁၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံသာရှိခဲ့တယ်။ ဒါကြောင့် ကုန် သွယ်မှုလိုငွေပြမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး စတဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု နဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အဓိက အမှီပြုလျက်ရှိကြောင်း သိရတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိကပို့ကုန်တွေမှာ အထည်ချုပ်လုပ် ငန်း၊ ဖိနပ်၊ ကြက်ပေါင်စေး၊ ဆန်နဲ့ ပီလောပီနံတို့ဖြစ်ပြီး သွင်းကုန် တွေမှာ အထည်အလိပ်လုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်း များ၊ ရေနံ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ် များ၊ စားသောက်ကုန်ပစ္စည်းများ၊ အချိုရည်များ၊ ဆေးဝါးနဲ့ အလှ ကုန်တို့ဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတွေမှာ အမေ ရိကန်၊ ဥရောပနိုင်ငံများ၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ကနေဒါတို့ဖြစ်တယ်။Source:xinhuanet.com,လှလှအောင်