Main menu

Background

ငွေလဲစင်တာများ၏ရှေ့တွင် ဒေါ်လာမှောင်ခိုရောင်းဝယ်သူများ စုပုံနေ

Thu, 10/04/2012 - 04:46 -- Anonymous (not verified)

ယခုရက်ပိုင်းအတွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့်ရထားသည့် ငွေလဲကောင်တာများ၏ရှေ့နှင့် အနီးတစ်ဝိုက်တွင် ဒေါ်လာ မှောင်ခိုရောင်းဝယ်သူများ စုပုံနေကြောင်း သိရသည်။ ပြင်ပဈေးကွက် ၏ ငွေလဲလှယ် သည့်နှုန်းနှင့် စင်တာများ၏ငွေလဲလှယ် သည့်နှုန်းထားများ များစွာကွာဟနေမှုကြောင့် ယခုကဲ့သို့ ဒေါ်လာမှောင်ခို သမားများ ငွေလဲစင်တာများ၏ရှေ့နှင့် အနီးတစ်ဝိုက် တွင် စုပုံနေရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေါ်လာပွဲစားများမှာ ဘဏ်မှထွက်လာသူများထံမှ ငွေကို စောင့်ဆိုင်း၍ ပြန်လည် ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းများပြုလုပ်ကြသည်ကို တွေ့ရသည်။

" ကျွန်မ ဒီဘဏ်ကို ငွေလာလဲတာ။ ဘဏ်အဝမှာတင် ကျွန်မကို ငွေလဲမလားလို့ အမေးခံရတာ။ အရင်တုန်းက ဒီမှာပဲ လာလဲနေကြ။ ဒီလိုမျိုးတစ်ခါမှ အမေးမခံရဖူးပါဘူး။ အခုလို အမေးခံရတော့ လန့်တောင်သွားတယ်။ အပြင်မှာ ဈေးကျနေ တယ်လို့တော့ပြောတာပဲ။ သေချာတော့ မသိဘူး။ ဘဏ်မှာလဲတာက စိတ်ချရတယ်" ဟု မြန်မာနိုင်ငံသားများဘဏ်တွင် ငွေလာရောက်လဲလှယ်သူတစ်ဦးက ပြောသည်။ ပြင်ပငွေလဲဈေးကွက်တွင် ဈေးနှုန်း များ ကျဆင်းနေရခြင်းမှာ အာမခံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အာမခံကြေးပေးသွင်း ရန် ငွေများလိုအပ်နေ မှုကြောင့် ယင်းငွေပမာဏကိုရရှိရန် ၎င်းတို့စုဆောင်းထား သည့်ဒေါ်လာများ ကို  ပြန်လည်ရောင်းချခြင်းကြောင့်ဖြစ်နို င်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။         မယ်သီတာ