Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်လိုင်စင်လျှောက်

Thu, 10/04/2012 - 04:44 -- Anonymous (not verified)

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်လိုင်စင်လျှောက်ပြည်တွင်းကို ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းရန်အတွက် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ကုမ္ပဏီ ၁၆ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားလာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်လိုင်စင်လျှောက်ထားလာတဲ့ ဓာတ်ဆီတန်ချိန်က ခုနစ်ထောင်ဖြစ်ပြီး ဒီဇယ်တန်ချိန်က ၂၀၃၉၃ တန်ကျော်ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ရှိနေတယ် လို့ သိရပါတယ်။  ပုဂ္ဂလိကဆိုင် ရဲ့ ဈေးနှုန်းတွေက ငြိမ်နေသလို ပြင်ပဆိုင်ရဲ့ဈေး ကလည်း ငြိမ်နေတယ်လို့ဆိုပါတယ်။ တစ်ဂါလန်ရောင်း ရဈေးတွေ ငြိမ်နေပေမယ့် ပီပါဈေးကတော့ ယခင်တစ်ပတ်ဈေးထက် ဝယ်ဈေးက နှစ်ထောင် သုံးထောင် ဈေး မြင့်အဝယ်ရှိသလို ရောင်းဈေးက တစ်ထောင်၊ နှစ်ထောင်မြင့်နေတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီ ၃၅၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်က ပုံမှန်အနေ အထားမှာရှိနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက ငြိမ်နေပေမယ့် ဒီဇယ်ကဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ယခင်တစ်ပတ်အတိုင်းဘဲ ရှိနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဒီဇယ်ဈေးက စက်တင်ဘာ ၁၇၊ ၁၈ ရက်တွေမှာ ၃၉၀၀ ကျပ်ရှိပေမယ့် စက်တင်ဘာ ၁၉ ရက် နောက်ပိုင်းမှာတော့ ၃၈၀၀ ကျပ်သို့ဈေးကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက် သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက ၃၇၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်ဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်ဖြစ်ကာ ပြင်ပဆိုင်ရဲ့ဈေးက ဒီဇယ်တစ်ဂါလန် ၃၉၀၀-၃၈၀၀ ကျပ်နဲ့ ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀-၄၁၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဒီဇယ်နဲ့ အောက်တိန်း ကပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ လိုသလောက် ဝယ်ယူနိုင် တာကြောင့် ပြင်ပနဲ့ဈေးသိပ်မကွာတာ တွေ့ရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းက ဓာတ်ဆီတစ်ဂါလန် ၃၆၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့  အောက်တိန်းတစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ရောင်းချနေပြီး ပြင်ပဆိုင်ရဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အောက်တိန်း တစ်ဂါလန် ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းက ငြိမ်နေပေမယ့် ပြင်ပဆိုင်ရဲ့ ဒီဇယ်ဈေးက တစ်ရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၄၂၀၀ ကျပ်တို့နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က လည်း တစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။            MIRT-DOT         မူဆယ်နယ်စပ်မှ ဓာတ်ဆီ တန် ၉၀၀၀ နီးပါး သွင်းနိုင်ခဲ့စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ မူဆယ်၊ မြိတ်နဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၆ သန်းတန်ဖိုးရှိ ဓာတ်ဆီ ဂါလန် ၁၉၃၅၇ ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီတင်သွင်းမှုတွေကတော့ မူဆယ်မှ ၈၇၇၈ ဂါလန်၊ မြိတ်မှ ၅၉၆၀ ဂါလန်နဲ့ တာချီလိတ်မှ ၄၆၂၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ဒီဇယ်ဆီ တင်သွင်းမှုကိုကြည့်မယ်ဆိုလျင် ကန်ဒေါ်လာ သုည ဒသမ ၃၃၁ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၈၇၀၃၃ ဂါလန်ကို တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များ မှတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဒီဇယ်ဆီတင်သွင်းမှုမှာ တာချီလိတ်မှ ၆၇၃၄၆ ဂါလန်ခန့်နဲ့ ကော့သောင်းမှ ၁၉၆၈၈ ဂါလန်ခန့် ဖြစ်ပါတယ်။ MIRT(DOBT)