Main menu

Background

အပြောင်းအလဲ အနည်းငယ်သာရှိခဲ့တဲ့ မြန်မာ့ရွှေဈေးကွက်

Thu, 10/04/2012 - 04:47 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေး သည် အပြောင်းအလဲ  အနည်းငယ် သာရှိခဲ့ပြီး အတက်ဈေးဖြင့်သာ  ရပ် တည်နေခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာ့ရွှေဈေးသည် ရှစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ရာ  ထပ်မံမြင့်တက်လာနိုင် ကြောင်း သုံးသပ်လျက်ရှိသော်လည်း ယခုတစ်ပတ်တွင် အနည်းငယ်ပြန်ကျ မယောင်နှင့် တင်းခံနေခဲ့ကြောင်း သိရ သည်။မြန်မာ့ရွှေဈေးသည်  စက်တင်ဘာ  ၁၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျင် ကျပ် ၇၈၅၈၀၀ ရှိခဲ့ပြီး စက် တင်ဘာ ၁၉ ရက်တွင် ကျပ် ၇၈၉၀၀၀ သို့ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၇၈၇၅၀၀ သို့ အနည်းငယ်  ကျဆင်း ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  ကျရိပ် ပြခဲ့ပြီးမှ အနည်းငယ်ပြန်လည်မြင့်တက် လာခဲ့သည်။ စက်တင်ဘာ ၁၇ ရက်က တစ်အောင်စလျင် ၁၇၇၆ ဒေါ်လာ ရှိ ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် ၁၇၇၃ ဒေါ်လာဖြစ်ခဲ့သည်။ " ကမ္ဘာ့ရွှေဈေးက  တက်ရိပ်ပြပြီး တော့မှ ပြန်ကျမလိုနဲ့ မကျဘဲ တင်းခံ နေတယ်။  ကမ္ဘာ့ရွှေဈေး  တက်နေချိန် မှာ ဒီမှာက ငွေလဲနှုန်းက ကျနေတာ။ ငွေလဲနှုန်းကျနေပေမယ့် ကမ္ဘာ့ရွှေဈေး က အတက်ဘက်မှာဆိုတော့ မြန်မာ့ရွှေ ဈေးက ကျဖို့ကို မရှိတော့ဘူး။ ဒါပေ မယ့် ရှစ်သိန်းလောက်အထိ တက်မယ် လို့မှန်းထားတော့ အဲဒါကလည်း ဖြစ်နိုင် ခြေရှိပါတယ်။ ဥရောပမှာစီးပွားရေးတွေ က အခြေအနေကဆိုးနေတော့ ရွှေကို ပဲဝယ်စုနေကြတဲ့သဘော ရှိနေတယ်။ ဒါကြောင့်လည်း  ကမ္ဘာ့ရွှေဈေးက တက်နေတာပါ" ဟု ရွှေကုန်သည်တစ်ဦး က ဆိုသည်။         မယ်သီတာ