Main menu

Background

ရေနံစိမ်းသုံးစွဲသည့် နိုင်ငံအများစုက ရေနံစိမ်း တစ်စည်လျှင် ၁၀၀ ဒေါ်လာနှုန်းထားသည် သင့်တော်သည်ဟု ဆိုကြ

Thu, 10/04/2012 - 04:47 -- Anonymous (not verified)

ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှု  အများဆုံး အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ခိုင်မာလာတယ်လိ့ု ဖော်ပြထားတဲ့ အစီ ရင်ခံစာတွေ ထွက်ပေါ်လာဖွယ်ရှိတယ် လို့ ခန့်မှန်းကြရာ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းများ လေးလအတွင်း အမြင့်ဆုံးဈေး နှုန်းနီးပါးကို ရောက်ရှိလာတဲ့ အမေရိ ကန်ဗဟိုဘဏ်က   တတိယအကြိမ် မြောက် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်း (QE3) ကို  ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ရာ စက်တင်ဘာ ၁၄ ရက်က နယူးယောက်ရေနံစိမ်း  (WTI oil)  ကြိုပွင့်ဈေးနှုန်းက  တစ်စည်ကို ၁၀၀ ဒသမ ၄၂ ဒေါ်လာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ စက်တင်ဘာ ၁၇ ရက်မှာလည်း နယူးယောက် ရေနံစိမ်း ဈေးနှုန်းတွေကဆက်လက်အားကောင်း လျက်ရှိတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ အောက်တိုဘာလ အရောက်ပို့ရမယ့် ရေနံစိမ်း  (WTI oil) ကတစ်စည်ကို ၉၉ ဒသမ ၁၉ ဒေါ်လာ နဲ့ စင်ကာပူစံတော်ချိန် နေ့ခင်း ၁း၂၇ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ နိုဝင်ဘာလငွေချေရမယ့်  ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၁၆ ဒသမ ၉၇ ဒေါ်လာနဲ့ လန်ဒန် အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ် ဖြစ် ခဲ့တယ်။ ရေနံစိမ်းဈေး မြင့်လာသော် လည်း ရေနံစိမ်းသုံးစွဲတဲ့ နိုင်ငံအများစု ကတော့ " ရေနံစိမ်းတစ်စည်ကို  ၁၀၀ ဒေါ်လာနှုန်းထားက သင့်တော်တယ်" လို့ ဆိုကြတယ်။Source:Bloomberg.com,ပပ