တရုတ်၊ ထိုင်းနဲ့ စင်ကာပူမှ မြေသြဇာတန်ချိန် တစ်ထောင်ကျော်ဝင်
တရုတ်၊ ထိုင်းနဲ့ စင်ကာပူမှ မြေသြဇာတန်ချိန် တစ်ထောင်ကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှနေ၍ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း မြေသြဇာ ၁၁၉၅ တန်၊ တန်ဖိုးကန်ဒေါ်လာ သုံးသိန်းလေး သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ဝင်လာ တဲ့ မြေသြဇာများမှာ တရုတ်နိုင်ငံမှ အာမိုမြေသြဇာ ၂၅ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၉၆၀ နဲ့ စင်ကာပူနိုင်ငံမှ သြဂဲနစ်မြေသြဇာတန်ချိန်၂၁၀ ဖြစ်ပါတယ်။ ဝင်လာခဲ့တဲ့ မြေသြ ဇာတွေထဲမှာတော့ ထိုင်းနိုင်ငံမြေသြဇာက တန်ချိန်အများဆုံးဖြစ်ပါတယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၁၆၀၀ ကျော် တင်သွင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ မြဝတီ၊ မြိတ်နဲ့ ရိဒ်နယ်စပ်တို့မှ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၅၇၉ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၂၁၆၂၈ တန်ခန့် အသွင်းရှိခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၂၀၉၈၅ တန်၊ ကော့ သောင်းမှ ၂၁၈ တန်၊ မြိတ်မှ တန် ၂၅၀၊ ရိဒ်မှ ၁၄၅ တန်နဲ့ မြဝတီမှ တန် ၃၀ အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ် စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ကွန်ပေါင်း ၁၀း၁၀း၅၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၅း၅း၅၊ တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁၅ ပတ်လည်တို့ဖြစ်ပါတယ်။ တင်သွင်းတဲ့ ပမာဏများသလို အရည်အသွေးပြည့်ဝစစ်မှန်တဲ့ ဓာတ်မြေသြဇာများဖြစ်ရန် လိုပါ တယ်။ ဒါမှသာ လယ်ယာထွက်ကုန်များ တိုးမြှင့်ထွက်ရှိလာမှာ ဖြစ်ပါတယ်။ MIRT (DOBT)
အရောင်းအဝယ်လိုက်လာသော်လည်း ဈေးနှုန်းပုံမှန်လေးနဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ် လိုက်လာ တယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ မိုးကနည်း လာပြီး အရောင်းပြန်လည်သွက်လာပေမဲ့ ဒီတစ်ပတ်မှာ ကွန်ပေါင်းမြေသြဇာက ငါးရာကျပ်လောက် ဈေးကျလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဈေးကွက် အတွင်း ဈေးနှုန်းက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူ ပါ ၄၆% (သံကွင်း-တရုတ်)၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် ကောင်းလာပြီး ယခင် တစ်ပတ်ထက် ရောင်းအားနည်းနည်းတက်လာပြီး ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ယူရီးယားမြေသြဇာက တစ်အိတ်ကို ရှစ်ရာ၊ ကိုးရာ ဈေးတက်လာသ လို ပိုတက်(အိန္ဒိယ)က ခုနှစ်ရာကျပ်ဈေးမြင့်လာပြီး ထိုင်းမြေသြဇာက အတက်အကျ မရှိ ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား(နေရွက်လှေ-တရုတ်) ၂၁၆၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်)၂၁၈၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၂၇၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက်(ကနေဒါ) ၂၄၅၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၄၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည်(နေရွက်လှေ-ထိုင်း)က ၃၈၀၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ (အမ်-ထိုင်း)က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်းနဲ့ ကွန်ပေါင်း(ရွက်လှေ) ၂၉၃၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက ရောင်းအား ကောင်းလာတဲ့အမျှ ဈေးတွေကလည်း အနည်းငယ် မြင့်တက် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ ယူရီးယားမြေသြဇာက တစ်အိတ်ကို နှစ်ထောင်ကျပ်ဈေးမြင့်လာပြီး တီစူပါ ၄၆%(တရုတ်)က ရှစ်ရာကျပ်၊ အာမို ၁၀း၁၀း၅ ၊ တီစူပါ ၁၆% နဲ့ တီစူပါ ၁၂% ကကိုးရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား(ရွှေတောင်- တရုတ်) ၂၀၇၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၁၆၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၁၅၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၉၇၀၀ ကျပ်၊ (GSSP ၁၂%-တရုတ်) ၉၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ (တရုတ်) ၃၆၃၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာကပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီး ယား-ပုလဲ (ပန်းဖူးနဲ့ ကမ္ဘာလုံး)တရုတ်က တစ်အိတ်ကို တစ်ထောင်ကျပ်ဈေး မြင့်လာပြီး ရွှေ တောင်-တရုတ်က ငါးရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ(ပန်းဖူး) တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)၂၁၀၀၀ ကျပ်နဲ့ ယူရီးယား-ပုလဲ (ကမ္ဘာ လုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ တချို့မြေသြဇာဈေးက အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးမြင့်ရတာကလည်း ဝယ်ရင်းဈေးတွေ အနည်းငယ်မြင့်လာတာကြောင့် ဖြစ် တယ်လို့ဆိုပါတယ်။ ဈေးမြင့်လာတဲ့ မြေသြဇာက ယူရီးယား-ပုလဲ(ကမ္ဘာလုံး-ရွှေ တောင်-ပန်းဖူး)တရုတ်၊ တီစူပါ ၁၆%(တရုတ်)၊ တီစူပါ(၁၀း၁၀း၅)တရုတ်၊ ယူရီးယား (ယူအေအီး)စတဲ့ မြေသြဇာတွေက တစ်အိတ်ကို ငါးရာကျပ်ဈေးမြင့်ပြီး တီစူပါ ၁၂% (တရုတ်) ငါးရာကျပ်၊ တီစူပါ ၁၅း၁၅း၁၅(တရုတ်)တစ်ထောင်ကျပ်၊ ပိုတက် (တရုတ်) စတဲ့မြေသြဇာတွေက ၅၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ကျန် မြေသြဇာဖြစ်တဲ့ မြားကမ္ဘာနဲ့ ဓာတ်ဆားက ဈေးမပြောင်းဘဲ ယခင်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ MIRT (DOT)
