ဒီတစ်ပတ်နို့ဆီနဲ့ နို့မှုန့်သာအဝင်ရှိခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှနေ၍ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း နို့ဆီ ၃၀၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီ က ၂၀၆ တန်နဲ့ အခြားတံဆိပ်က ၁၀၃ တန် တင်သွင်းလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းက အဝင်မ ရှိခဲ့တာ တွေ့ရပါတယ်။
နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၁၅၃ တန်၊ အီရန်နိုင်ငံမှ ၃၂ တန်နဲ့ မလေးရှား နိုင်ငံမှ ၂၁ တန် အသီးသီး မှာယူတင် သွင်းခဲ့တာတွေ့ရပါတယ်။ တင်သွင်း လာခဲ့တဲ့ နို့မှုန့်တွေထဲမှာတော့ နယူး ဇီလန်နိုင်ငံမှ အများဆုံး တင်သွင်းလာ တာ တွေ့ရပါတယ်။ MIRT (DOT)နို့စိမ်းတစ်မျိုးသာ အသွင်းရှိနို့ထွက်ပစ္စည်း တင်သွင်းမှုမှာ ကန် ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန် ဖိုးရှိ နို့စိမ်း ၅၅ တန်ကျော်ကို ကော့ သောင်းနယ်စပ်မှ စက်တင်ဘာ ၁၂ ရက် မှ ၁၈ရက်ထိကာလအတွင်းမှာ အသွင်း ရှိခဲ့ပါတယ်။ နို့ဆီ အသွင်းမရှိသလို မူဆယ်နယ်စပ်မှလည်း နို့မှုန့်အသွင်း မရှိဘူးလို့ သိရပါတယ်။ ကော့သောင်း မှာ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ် ပေါက်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ဘတ် ၆၄၀ (ဒေါ်လာ ၂၀ ဒသမ ၇၅) လို့သိရပါတယ်။စက်တင်ဘာလအတွင်း မှာ နို့ဆီ တန် ၆၀ နဲ့ နို့မှုန့် ၄၈ တန်ခန့် တင်သွင်းထားပြီးဖြစ်ပါတယ်။ နို့စိမ်းတင် သွင်းမှုကတော့ ၂၈၈ တန်ကျော် ရှိပြီ ဖြစ်ပါတယ်။ MIRT (DOBT)