Main menu

Background

ရေလမ်းခရီးမှ ဘိလပ်မြေ တန်ချိန် ငါးသောင်းကျော်ဝင်

Thu, 10/04/2012 - 04:49 -- Anonymous (not verified)

ရေလမ်းခရီးမှ ဘိလပ်မြေ တန်ချိန် ငါးသောင်းကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၅၀၆၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာလေးဆယ့် ကိုးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၄၆ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၀၆၄၁ တန် အသီးသီး မှာယူတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ဝင်လာတဲ့ဘိလပ်မြေထဲမှာ မောင်းတိန်း ဘိလပ်မြေနဲ့ အတူ အခြားဘိလပ်မြေမျိုးစုံဝင်လာတာ တွေ့ရပါတယ်။          MIRT (DOT)

 
ယခုအပတ်နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၂၂၃ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၅ တန်ကျော်၊ လွယ်ဂျယ်မှ ၅၈၈ တန်ကျော်၊ တာချီလိတ်မှ ၇၄၄ တန်၊ ကော့ သောင်းမှ တန် ၁၄၀ နဲ့ မြိတ်မှ ၁၇၂၅ တန် အသီးသီးဖြစ်ပါတယ်။             MIRT (DOBT)
အရောင်းအေး ဈေးကွက်အေးနေဆဲ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးသလို ဈေးက လည်းအေးနေဆဲ၊ ငြိမ်နေဆဲဖြစ်နေတာ တစ်လနီးပါး လောက်ရှိနေပြီလို့ဆိုပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက  ယခင်တစ်ပတ်ဈေးအတိုင်း မြင်းခေါင်း ဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၇၅၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၃၉၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ  ထိုင်းဘိလပ်မြေက ဈေးပုံမှန်ရှိနေပေမဲ့လည်း ပြည် တွင်းဘိလပ်မြေဈေးက အသုံးအနည်းအများပေါ်မူတည်ပြီး  ဈေးအတက်အကျရှိ တယ်လို့ သိရပါတယ်။ တချို့က ထိုင်းပစ္စည်းထက် ပြည်တွင်းဖြစ်ကို ပိုကြိုက်ကြပြီး ဒီတစ်ပတ် ဘိလပ်မြေဈေးက အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာ ဆင် ၅၃၀၀ ကျပ်၊ ဆင် (ထိုင်း)နဲ့ စိန်(ထိုင်း)က ၆၀၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) က ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၃၀၀ ကျပ်တို့နဲ့ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ  အရောင်းအဝယ်အေးနေတာကြောင့် ဘိလပ်မြေဈေးက လည်းတန့်နေတယ်လို့ သိရပါတယ်။ ဒီဈေးပတ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ် နေတာ တစ်လနီးပါးလောက်ရှိနေပြီလို့ ပြောပါတယ်။ ဈေးကွက်ထဲ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ဆင်(ထိုင်း) ၅၃၀၀ ကျပ်၊ စိန်(ထိုင်း) ၅၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၅၀၀ကျပ် ဖြစ်တယ်လို့ သိရပါ တယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းထက် နည်းနည်း ကောင်းလာပြီး အရောင်းအဝယ် နည်းနည်းတက်လာပေမယ့် ဈေးကမတက်ဘဲ မြို့တော်တံဆိပ် ဘိလပ်မြေဆိုရင် ၁၀၀ ကျပ်ဈေးကျလာသေးတယ်လို့ အဆိုပါ ဝန်ထမ်းမှ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး တွေက စိန် (ထိုင်း) ၆၇၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၃၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေ ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၈၀၀ ကျပ်နဲ့ နဂါးဘိလပ်မြေ ၅၉၀၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက် မှာ အရောင်းအေးနေတာကြောင့် ဘိလပ်မြေဈေးက ငြိမ် နေတယ်လို့ဆိုပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများ နည်းပါးနေတာကြောင့် အရောင်းကလည်းပါးနေ တာ တော်တော်ကြာေ နပြီလို့ ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း) ၅၈၀၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေ ၄၉၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။                       MIRT (DOT)