Main menu

Background

ပဲပုပ်အထွက်က မျှော်မှန်းထားတာထက် ပိုမိုဖွယ်ရှိတာကြောင့် မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးအနည်းငယ်လျော့ကျ

Thu, 10/04/2012 - 04:57 -- Anonymous (not verified)

ပြည်ပတင်ပို့မှုကောင်းမယ့် အလားအလာအရ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် အမေရိက ပဲပုပ်အထွက်နှုန်း က မျှော်မှန်းထားတာထက် ပိုမိုမယ်ဆိုတဲ့ ခန့်မှန်း ချက်တွေရှိလာတဲ့အတွက် မလေးရှားစားအုန်း ဆီကြိုပွိုင့်ဈေး၊ စက်တင်ဘာလ ၁၉ ရက်မှာ အနည်းငယ်ပြန်လည်လျော့ကျခဲ့ပါတယ်။ အမေရိက ပဲပုပ်က ကနဦး ခန့်မှန်းထားသလို ဆိုးဆိုးဝါးဝါးပျက်စီးခြင်းမရှိဘဲ ရိတ်သိမ်းမှုကလည်း တိုးတက်လာ တာကြောင့် ကြိုပွိုင့်ဈေး ကျဆင်းလာခြင်းဖြစ်ပါတယ်။ စားအုန်းဆီကို ပဲပုပ်ဆီ အစားသုံးစွဲနိုင်ပါတယ်။ စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၈၄၀ (ကန်ဒေါ်လာ ၉၂၈) ထိ ရှိလာနိုင်တယ်လို့  Phillip Futures   မှ လေ့လာဆန်းစစ်သူ Ker Chung Yang   မှ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပဲပုပ်ဈေးနဲ့အတူ စားအုန်းဆီ ထပ်မံကျဆင်းဖွယ် ရှိတယ်လို့လည်း ၎င်းကဆိုပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာလ အခြေခံစံနှုန်း စာချုပ်ဈေးက သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ရင်းဂစ် ၂၈၅၉ (ကန်ဒေါ်လာ ၉၃၅) ဈေးနားကပ် လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း သိုလှောင်မှုက တန်ချိန် ၂ ဒသမ ၂ သန်းကျော်နိုင်တဲ့ အတွက် ပြည်ပတင်ပို့မှု အားကောင်းပေမယ့် ဈေးနှုန်းမြင့်တက်လာခြင်းမရှိကြောင်း ကုန်သည်များမှဆိုပါတယ်။ ဒါ့အပြင် လက်ငင်းဈေးကွက် မှာ အားပျော့နေတာ ကြောင့်လည်း ဈေးမြင့်တက်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။ စက်တင်ဘာလ ပထမ လဝက်အတွင်း ပြည်ပတင်ပို့မှုက ယခင်လထက် ၁၂ ရာခိုင်နှုန်း ပိုမိုတယ်လို့ ကုန် ပစ္စည်းစစ်ဆေးသူများရဲ့ စာရင်းများအရသိရပါတယ်။ အခြားအသီးအရွက်ဆီဈေးကွက်မှ ဒီဇင်ဘာလပို့ရမယ့် အမေရိက ပဲပုပ်ဆီ ဈေးဟာ သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလ ပဲပုပ်ဆီစာချုပ်ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းသိရပါတယ်။  ယုဇနှSource: Reuters