Main menu

Background

လုပ်ငန်းရှင်နဲ့ စားသုံးသူကြား ဈေးနှုန်းအဆမတန် ကွာဟနေ၍ မွေးမြူရေးလုပ်ငန်းရှင်များ စုပေါင်းဖြေရှင်းသင့်

Thu, 10/04/2012 - 05:07 -- Anonymous (not verified)

ဈေးကွက်အတွင်းမှာ မွေးမြူရေးလုပ် ငန်းရှင်မှ ရောင်းချသည့် ကြက်သားဈေး နှုန်းနဲ့ စားသုံးသူကြားဝယ်ယူ စားသုံးရ တဲ့ဈေးနှုန်းမှာ အဆမတန် ကွာဟနေ ကြောင်း သိရပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်မှ ရောင်းချတဲ့ ကြက်အရှင် ဖမ်းဈေးမှာ တစ်ပိဿာကို ၂၇၀၀ ကျပ်ဈေးရှိပြီး၊ ဈေးကွက်အတွင်း မှာ တစ်ပိဿာ ၅၅၀၀ ကျပ်၊ ၅၀၀၀ ကျပ်ဈေးနဲ့  ရောင်းချလျက်ရှိပါတယ်။ အစာဈေး  မြင့်တက်လာခြင်း၊ ကြက် ပေါက် ဈေးမြင့်တက်လာခြင်းကြောင့် စားသုံးသူဈေးကွက်မှာ ဈေးမြင့်လာကာ စားသုံးမှု ကျဆင်းခြင်းကြောင့်  မွေးမြူ သူများ ဈေးချရောင်းရတာမျိုးရှိပါတယ်။ ဒါပေမယ့် စားသုံးမှုဈေးကွက်မှာ လက် လီ ရောင်းသူတွေက ဈေးနှုန်းတစ်သတ် မှတ်တည်းနဲ့သာ ရောင်းချရတာတွေ့ရ ပါတယ်။မန္တလေးမြို့ရှိ အမေရိကန်ကြက်ဆိုင် ပိုင်ရှင်  ဒေါက်တာခင်မောင်ထွေးက "မန္တလေးမှာ အသားစားကြက်မွေးမြူမှု က ခြံပေါင်း ၁၀၀ ကျော်လောက်ရှိပါ တယ်။ မန္တလေးမြို့တွင်းကို အဓိက ဖြန့်သလို တစ်ခါတလေမှာ ရန်ကုန်၊ နေပြည်တော်ဘက်လည်း ရောင်းရပါ တယ်။မွေးမြူရေးသမားတွေက   ကြက် စာဈေး၊ ကြက်ပေါက်ဈေးတက်တော့ မကိုက်တော့ဘူး။ ဒီလိုဖြစ်နေတာ  နှစ် လလောက်ရှိပြီ။ ကြက်ပေါက်ဆို အရင် ၄၅၀ ကျပ်ကနေ ကျပ် ၇၀၀ ထိ ဈေး တက်လာပြီး၊ ကြက်စာက တစ်ပိဿာ ၁၁၀၀ ထိရှိလာတယ်။ မွေးမြူတဲ့သူက ရောင်းချတဲ့ဈေးနှုန်းက ကျနေတဲ့အပြင် စားသုံးမှုကျတော့   ဈေးနှိမ်ဝယ်လဲ ရောင်းချရတယ်။   ဈေးကွက်ထဲမှာ တစ်ပိဿာကို ၅၅၀၀ကျပ်- ၆၀၀၀ကျပ် က ဒီဘက်မှာ ဈေးကျလဲမချဘူး ဖြစ် နေတာ။ ကျွန်တော်ဆိုရင် အိမ်ရှင်မ တွေသိအောင် ဈေးနှုန်းကြော်ငြာပေး ထားတယ်။ ကျွန်တော့်ဆိုင် လေးဆိုင်ရှိ တယ်။ တစ်ပိဿာကို ၄၅၀၀ ကျပ်နဲ့ပဲ ရောင်းပါတယ်" လို့ ပြောပါတယ်။ဈေးနှုန်းကွာဟမှုလျော့နည်းရန် မွေး မြူရေးလုပ်ငန်းရှင်  ၁၀ ဦးပေါင်းပြီး၊ ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း သိရပါ တယ်။  Market  Chain တစ်ခုလုံး ပြောင်းလဲဖို့ ကြက်ပေါက်ထုတ်လုပ်ရာ မှာ အသားထုတ်ရောင်းရတဲ့အထိ လုပ် ငန်းရှင်များပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်း ဒေါက်တာမြင့်ဦးကပြောပါတယ်။မန္တလေးတိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာကျော် ထင်က  " မွေးမြူရေးလုပ်ငန်းရှင်တွေ ပေါင်းပြီး၊ Mandalay  Live  Stock  Development  Co.,Ltd  ဖွဲ့စည်းတည် ထောင်ထားပါတယ်။ လောလောဆယ် မလေးရှားကို ကြက်ပေါက်မှာယူထားပြီး ရှေ့လလောက်မှာ အကောင် ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားဝင်ပါမယ်။ ရှေ့တစ် ပတ်မှာလည်း စည်ပင်နဲ့ညှိနှိုင်းပြီး သား သတ်ရုံထောင်ပြီး၊ စားသုံးသူထံ တိုက် ရိုက် ရောင်းချနိုင်အောင်စီစဉ်နေပါပြီ " လို့ ပြောပါတယ်။              ဇူးဇူး