Main menu

Background

မြန်မာနိုင်ငံသားများဘဏ်တွင် နိုင်ငံခြားသုံးငွေဖြင့် စာရင်းရှင်စာရင်းများ လက်ခံခွင့်ပြုပြီ

Thu, 10/04/2012 - 05:07 -- Anonymous (not verified)

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လုပ် ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသား များဘဏ်လီမိတက်အား မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများကို လက် ခံဆောင်ရွက်ခွင့်အား  စက်တင်ဘာ ၂၀ ရက်မှစတင်၍ လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မြန် မာနိုင်ငံသားများဘဏ်သို့  သြဂုတ် ၂၄ ရက်တွင် နိုင်ငံခြားသုံးငွေ လုပ်ကိုင်ခွင့် လိုင်စင်ကို ချထားပေးပြီးနောက် ဘဏ် ၏ လုပ်ငန်းဆောင်တာများအား လာ ရောက်စစ်ဆေးမှုကို ပြီးခဲ့သည့် စက် တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။

ထို့နောက်  ယခု စက်တင်ဘာ ၂၀ ရက်တွင် နိုင်ငံခြားသုံးငွေဖြင့် စာရင်း ရှင်အပ်ငွေစာရင်းများ  လက်ခံခွင့်ပြု ကြောင်း ဗဟိုဘဏ်မှ အကြောင်းကြား ခဲ့ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ အထွေထွေမန်နေဂျာ ဦးသန်းအောင် က ပြောကြားခဲ့သည်။နိုင်ငံခြားသုံးငွေဖြင့်  စာရင်းရှင် အပ်ငွေစာရင်းများ လက်ခံခွင့်ပြုခဲ့ပြီးဖြစ် ရာ အဆိုပါဘဏ်တွင် နိုင်ငံခြားငွေ စာ ရင်း ဖွင့်လှစ်လိုပါက အနည်းဆုံး အမေ ရိကန်ဒေါ်လာ ၁၀၀ (သို့မဟုတ်) စင် ကာပူဒေါ်လာ၁၀၀(သို့မဟုတ်) အက်ဖ် အီးစီ ၁၀၀ (သို့မဟုတ်) ယူရို ၁၀၀ ဖြင့် စတင်၍ စာရင်းရှင်ဖွင့်လှစ်နိုင်ကြောင်း သိရသည်။နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရရှိ ခြင်းကြောင်း ဘဏ်အချင်းချင်း နိုင်ငံ ခြားငွေစာရင်းများ လွှဲပြောင်းခြင်းတို့ကို အချိန်ကုန်သက်သာစွာဖြင့် ဆောင်ရွက် နိုင်ကြပြီဖြစ်သည်။နိုင်ငံခြားသုံးငွေစာရင်း  စတင်ဖွင့် လှစ်ခွင့်ရသည့် စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁း၃၀ နာရီမှ ဘဏ်ပိတ်ချိန် နေ့လည် ၃ နာရီအထိ ငွေစာရင်း လာ ရောက်ဖွင့်လှစ်သူပေါင်း  ၁၆ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ထို့ပြင်  မြန်မာနိုင်ငံသားများဘဏ် အနေဖြင့် SWIFT ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ SWIFT ရရှိခဲ့ပါက နိုင်ငံခြားရှိဘဏ် များနှင့်ချိတ်ဆက်၍ LC, TT စသည့် လုပ်ငန်းများကို လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံသားများဘဏ် အနေဖြင့် စင်ကာပူရှိ United Over- sea Bank (UOB)  ၊  တရုတ်နိုင်ငံရှိ Industry and Commerical Bank of China (ICBC)  တို့နှင့် ချိတ်ဆက် ၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု လုပ်ငန်း များကို  ဆောင်ရွက်တော့မည်ဖြစ် ကြောင်း သိရသည်။ထို့ပြင် ထိုင်း၊ မလေးရှားနှင့် ဗီယက် နမ်နိုင်ငံတို့ရှိ ဘဏ်များနှင့်လည်း ချိတ် ဆက်၍  ဆောင်ရွက်နိုင်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသားများ  ဘဏ်သည်  နိုင်ငံခြားသုံးငွေလုပ်ကိုင်ခွင့်ကို လေးနှစ် တာကာလအထိ လုပ်ကိုင်ခဲ့ဖူးရာ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ယုံကြည် စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။မယ်သီတာ