ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ကုန်စည်ဒိုင်သို့ ပဲ အရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများ လာရောက်မှုမှာ ပုံမှန်ရှိပေမယ့် ပြည်တွင်းပြည်ပပဲဈေးများ ကျဆင်းနေတာကြောင့် ပဲဈေးကွက်မှာ အရောင်းအဝယ် သိသိသာသာကြီး လျော့နည်းသွား တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန် ကိုအနိမ့်ဆုံး ၅၃၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၄၃၀၀၀ ကျပ်အတွင်း ၃၄၅ တန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကလည်း တစ်ပတ်လုံးမှာ တစ်ရက်သာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေး ကတော့ တစ်တန်ကို ၆၂၅၀၀၀ ကျပ်နဲ့ တန် ၁၁၅ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးက ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၈၅၀၀၀ ကျပ်ခန့်ဈေးကျသွားသလို ပဲစင်းငုံနီကလည်း တစ်တန်ကို ၅၀၀၀ ကျပ်ခန့် ဈေးဆင်းသွားပြီး အရောင်းအဝယ်ဖြစ်မှု ပမာဏကလည်း လျော့ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။
Background