Main menu

Background

လားရှိုးဈေးကွက်မှာ ပြောင်းသစ်ဝင်လာပေမဲ့ တရုတ်ဝယ်အားနည်း

Thu, 10/04/2012 - 05:10 -- Anonymous (not verified)

လားရှိုးဈေးကွက်မှာ ပြောင်းသစ်တွေ ဈေးကွက်ထဲဝင်လာ ပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် တရုတ်ဝယ်လက် ကဝယ်အားနည်းနေကြောင်း သိရပါတယ်။ ပြောင်းက အဝင်မလှိုင် သေးဘူး၊ ဝင်သလောက်တော့ တရုတ်အဆွဲရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၅၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန် သည်တစ်ဦးကဆိုပါတယ်။