ဟင်္သာတဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်အေး
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲအေးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်သို့ ဦးတည်နေ ကြောင်း သိရပါတယ်။ ပဲဈေးကလည်း ဆက်တိုက်ဈေးကျနေတယ်။ ပစ္စည်းလက်ကျန်ကလည်း ရောင်းသူကုန်သည်တွေထံမှာ နည်းလာပြီ လေ၊ ဒါကြောင့်ရောင်းသူကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကိုအနိမ့်ဆုံး ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆၀၂ ကျပ်)မှ အမြင့်ဆုံး ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)ဈေးအတွင်း တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာဖြစ် ခဲ့ကြောင်း သိရပါတယ်။
