ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲတီစိမ်း ဈေးကျပြီး ပဲစင်းငုံနီဈေးငြိမ်

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ အေးသွားသလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက မတ်ပဲတစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉၀၉၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ပြီး ပဲစင်းငုံနီ ကတော့ တစ်ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီးအဝယ်ရှိနေသလို လှောင်လက်ကုန်သည်များကလည်း လက်ကျန်ပစ္စည်းကို ထုတ်ရောင်းမှုတွေရှိလို့ တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။