ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲပါး သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၆၅ ကျပ်(တစ်တန်ကို ၅၉၀၉၅၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ပဲမျိုးစုံကတော့ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။