မန္တလေးဈေးကွက်မှာ ပဲမျိုးစုံနဲ့ နှမ်းမျိုးစုံပုံမှန်အရောင်းအဝယ်ဖြစ်

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်အဆွဲနည်း ပြီး မြို့ခံပဲခွဲစက်များနဲ့ လုပ်ငန်းသုံးသမားများသာ ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲစင်းငုံနီမှာ အရည်အသွေးကောင်း တဲ့အစကတော့ တစ်ပိဿာကို ၉၄၂ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြား ရန်ကုန်အဆွဲရှိ ပေမယ့် အရည်အသွေးညံ့တဲ့  အလုံးဆိုဒ်သေးတဲ့  အစကတော့ အရောင်းအဝယ်အေးနေ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါ တယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က ပိုးလွတ်ပြီး အရည် အသွေးကောင်းတဲ့အစကို ဈေးပေးအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၈၄ ကျပ် (တစ်တန်ကို ၆၆၃၈၃၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။ ပဲတီစိမ်း အရည်အသွေးညံ့တဲ့အစကို ပဲသန့်စင်စက်တွေက အဝယ်အေးနေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)စကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ခွဲစက်၊ အမှုန့်ကြိတ်စက်တွေက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန် သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)ဈေးနဲ့ ကုလားပဲ (ထိုင်ဝမ်) က တစ်ပိဿာ ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံထဲက နှမ်းဖြူနဲ့ နှမ်းနက်စမုံကို တရုတ်အဆွဲပုံမှန်ရှိပေ မယ့် နှမ်းနီနဲ့ နှမ်းညို၊ နှမ်းကြားကတော့ ဒေသတွင်းဆီကြိတ်လုပ်ငန်း ရှင်များ ဝယ်အားလျော့သွားကြောင်း သိရပါတယ်။ နှမ်းဖြူတစ်ပိဿာ ၂၁၅၆ ကျပ်ဈေးနဲ့ အိတ် ၆၀၀၊ နှမ်းနက်ရိုးရိုး တစ်ပိဿာ ၂၁၁၃ ကျပ်နဲ့ အိတ် ၈၀၀၊ နှမ်းနက်စမုံ တစ်ပိဿာ ၂၅၁၂ ကျပ်ဈေးနဲ့ အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါတယ်။