Main menu

Background

အမယ်သစ်ပို့ကုန်အဖြစ် တမာစေ့များ ထိုင်းနိုင်ငံသို့ တင်ပို့

Thu, 10/04/2012 - 05:16 -- Anonymous (not verified)

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတများပေါကြွယ်ဝတဲ့ အတွက် စီးပွားရေးဖွံ့ဖြိုးလာစေရန် စနစ်တကျ အကျိုးရှိစွာ ထုတ်ယူသုံးစွဲတတ်မှုအပေါ်မူတည်ပြီး ရေရှည်တည်တံ့အောင် ပျိုးထောင်ခြင်းဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ဆက်ခံစေလျက်ရှိပါတယ်။ သစ်တောသစ်ပင်များ မပြုန်း တီးအောင် ထုတ်ယူသုံးစွဲမှုနဲ့ အစားထိုးပြုစုပျိုးထောင် စိုက် ပျိုးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက် လျက် ရှိပါတယ်။ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးအတွက် ရာသီလဲမျှ စီးပွားလည်းဖြစ်မဲ့ သစ်ပင်သစ်တောများအား စနစ် တကျရွေးချယ်ပြီး စီမံချက်ချစိုက်ပျိုးခြင်းဖြင့် တောင်ကတုံးကို ရောင်ထုံးပေးလျက်ရှိပါတယ်။ အပူပိုင်းဒေသတစ်ခုဖြစ် တဲ့ အညာမြေက တမာပင်များနဲ့ တမာတန်း၊ တမာလမ်းတို့မှာ စာရေးဆရာများရဲ့ သီချင်းစပ်ဆိုရာအနုပညာအတွက် ကုန် ကြမ်း ဖြစ်သကဲ့သို့ တိုင်းပြည်ရဲ့ပို့ကုန်စွမ်းအား တိုးတက်လာ စေရေးအတွက် တစ်ထောင့်တစ်နေရာမှနေပြီး အားဖြည့်ပေး လျက်ရှိပါတယ်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ တမာ ပင်မှ တမာစေ့ကုန်ကြမ်းများရယူကာ တမာပိုးသတ်ဆေးရည် များ ပြုပြင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့တင်ပို့ရောင်းချနေ သကဲ့သို့ တမာသွားတိုက်ဆေး၊ တမာဆေးဆပ်ပြာများလည်း ကုန်ချောအဖြစ် ပြည်တွင်းမှာထုတ်လုပ်သုံးစွဲလျက်ရှိပါတယ်။ ယခင်က ပို့ကုန်တင်ပို့ခွင့်မပြုခဲ့တဲ့ တမာစေ့နဲ့တမာဆီများအား ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စိစစ်ခွင့်ပြုထောက်ခံချက်နဲ့ တင်ပို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့တင်ပို့ ရောင်းချရန်အတွက် ယခုလအတွင်းတမာစေ့ တန်ချိန် ၂၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅၁၀ အား မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အမယ် သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တမာ စေ့နဲ့ တမာဆီများတင်ပို့ရန် စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ကျော်ဆန်းထွန်း(မြဝတီ)