ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၉၃ တန်၊ တန်ဖိုးကန် ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးကို စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ဗီယက်နမ် နိုင်ငံသို့ တန် ၁၅၀ နဲ့ စင်္ကာပူနိုင်ငံသို့ ၄၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ တန် ၂၄၀ အပို့ရှိခဲ့ပြီးစက်တင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလမှာ အပို့နားခဲ့ပါတယ်။ ယခု အပတ်မှာပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ သြဂုတ်လမှာ ဗီယက်နမ် သို့တန် ၁၅၀ နဲ့ စင်္ကာပူသို့ တန် ၉၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်း FOB ရန်ကုန်ပေါက်ဈေးမှာ ဒေါ်လာ ၃၈၀ ဖြစ်ပါတယ်။ CMK
Background