မန္တလေးမြို့၊ မြို့တွင်းနဲ့ မြို့သစ်ရှိ မြေကွက်များမှာ အရောင်းအဝယ် ပါး လျက်ရှိပြီး၊ သန်လျင်နဲ့ နေပြည်တော်ကို သွားရောက်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။
မြေအကျိုးဆောင်တစ်ဦးက " မန္တလေးမြေကွက်က အရောင်းအဝယ်အေး နေတာ ခုနစ်လလောက်ရှိနေပြီ။ မန္တလေးမြို့ခံနဲ့ မိုးကုတ်ကလူတွေက မန္တလေးမြေ ကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြပါတယ်။ ဈေးကျနေတာကို ထပ်ကျမလား ဆိုပြီး စောင့်ကြည့်နေကြတာ။ အဝယ်ကို မဆင်းဘူးဖြစ်နေတာ။ ကျပ်သိန်း ၂၅၀၀၀ တန်တဲ့ပစ္စည်းကို ကျပ်သိန်း ၁၈၀၀၀ နဲ့ရောင်းတာကို မထွက်ဘူးဖြစ်နေတာ။ ၁၀၀ ပုံမှ ၁ ပုံလောက်ပဲ အရောင်းအဝယ်ရှိတယ်။ လတ်တလောတော့ နေပြည်တော်နဲ့ သန်လျင်ဘက်က စီမံကိန်းရှိတဲ့ ဧရိယာတွေမှာ လိုက်ဝယ်နေကြတယ်။ မြို့သစ်ဘက် မှာလည်း ကျူးကျော်ကိစ္စတွေဖြစ်နေတော့ မဝယ်ရဲကြဘူး။ နှစ်ကုန်ပိုင်းလောက်မှာ အရောင်းအဝယ်ပြန် ဖြစ်မယ်လို့တော့ ထင်မြင်ရတယ်"လို့ ပြောပါတယ်။မန္တလေးမြို့မှာ မြေအရောင်းအဝယ်ကျဆင်းမှု ကြာရှည်နေပြီး၊ ဈေးနှုန်းလည်း ကျဆင်းနေကြောင်း၊ သန်လျင်ဘက် မြေကွက်များ ရင်းနှီးမြှုပ်နှံမှုမှာ ၄၀ ရာခိုင်နှုန်း ခန့်ရှိပြီး၊ နေပြည်တော်မြေကွက်များမှာ ၂၀ ရာခိုင်နှုန်းနီးပါး အရောင်းအဝယ်လိုက် နေကြောင်း သိရပါတယ်။ ဇူးဇူး