မန္တလေးကားဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း အပ်ကားနဲ့ ကားအချို့ ဈေးမြင့် တက်လျက်ရှိကြောင်း သိရပါတယ်။ ယခုလဆန်းမှာ 'ဗ' အက္ခရာယာဉ်များ အပ်ခွင့် စတင်လက်ခံနေခြင်းကြောင့် အပ်ကားဈေးမြင့်တက်ပြီး အပ်ကားအမှီပြုလို့ အလယ် အလတ်ရှိ ကားများနဲ့ ဒီဇယ်ကားများ ဈေးမြင့်တက်လာကြောင်း သိရပါတယ်။
ဝါရင့်ကားဝယ်ရောင်းသူ ဦးဝင်းမြင့်ဝင်းက "မန္တလေးကားဈေးကွက်က ယခင် နှစ်ပတ်ကထက်စာရင် ဈေးတက် လာသလို အရောင်းအဝယ်လည်းတက်လာတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က ကျပ်သိန်း ၁၀၀ တန်ကားက ကျပ်သိန်း ၁၁၀ ဖြစ်လာသလို ကျပ်သိန်း ၂၀၀ တန်ဆို ကျပ်သိန်း ၂၂၀ ရှိလာတယ်။ ပျမ်းမျှအားဖြင့် ကျပ်သိန်း ၂၀ နဲ့ ၃၀ ကြားတက်တယ်။ ကားကိုဝယ်ရောင်းသမားရော၊ နယ်ဝယ်လက်ရော၊ လိုင်းကားသမားအချို့ရော ဝယ်ယူလာကြတယ်။ မန္တလေးမြို့တွင်းမှာ ဆို "ဟိုင်းလတ် ဒိုင်နာ" အစား "လိုက်ထရပ်'' ကားတွေ အစားထိုးလာသလို မန္တလေး၊ မုံရွာလိုင်းဆို "စူပါကာစတန်" ကား အစားထိုးဝယ်ယူမှုရှိတယ်။ လားရှိုး-မူဆယ်ဘက်က 'ဗင်' ကားအစား 'ဆပ်(ဖ်)' ကားအစားထိုးပြီး မန္တလေး-ကလေး၊ တမူးဘက်ကို "ပါဂျဲရိုး" ကားတွေ အစားထိုးဝယ်ယူမှုများလာလို့ အရင်ထက်စာရင် ဈေးကွက်က ကောင်း လာပါတယ်"လို့ ပြောပါတယ်။ကားဈေးနှုန်းများမှာ အပ်ကား 'ဗ' အက္ခရာ ကျပ် ၈၂ သိန်း၊ စလစ် ၈၅ သိန်းဈေးပေါက်ပြီး တိုယိုတာ (Hiace) ခုနစ်ယောက်စီး (97) က (၂၀၀၀ မော် ဒယ်ပြောင်း) ကျပ်သိန်း ၁၅၀၊ (96) က ကျပ် သိန်း ၁၄၀၊ (95) က ကျပ်သိန်း ၁၃၀ ဝန်းကျင်ရှိပြီး၊ ပါဂျဲရိုး 96-97 က ကျပ်သိန်း ၂၅၀ နဲ့ ၂၆၀ ကြား၊ စူပါကာစတန် ၁၀ ယောက်စီး Grang Carbin သိန်း ၂၀၀-၂၂၀ ကြား၊ ၁၄ ယောက်စီး Toyota (Hiace) အမျိုးအစား သိန်း ၃၀၀-၄၅၀ ကြား၊ ဟွန်ဒါ Fit မော်ဒယ် အလိုက် ဈေးပြောင်းပြီး ၂၀၀၇ မှ က-၂၀၁၀ ကြား ကျပ်သိန်း ၁၃၀-၁၈၀ ကြား၊ Suzuki (Swiff) ကျပ်သိန်း ၁၃၀ နဲ့ ၁၈၀ ကြား ဈေးရှိကြောင်း သိရပါတယ်။ ဇူးဇူး
