သဘာဝအရင်းအမြစ်များ ကုန်ဆုံး ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းခြင်း ဘေးအန္တရာယ်ကို ကမ္ဘာ့ လူသားများရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အဲလိုရင်ဆိုင်နေချိန်မှာ မိမိတို့နိုင်ငံ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝင်လာ သောမော်တော်ဆိုင်ကယ်များ၊လာရောက် ရင်းနှီးမြှုပ်နံှမယ့် မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သော ကုမ္ပဏီများနဲ့ ဆိုရင် နိုင်ငံအတွင်း ဆိုင်ကယ်အရေ အတွက် မည်မျှရှိမည်ကို ခန့်မှန်းနိုင်ပါ တယ်။ အလားတူ ဓာတ်ဆီ အသုံးပြု သောသုံးဘီးယာဉ်များ၊ မော်တော်ကား များလည်းရှိပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကျေးလက်နဲ့ မြို့၊ မြို့တွင်း သွားလာရေး ကျေးလက်ဒေသတွင်း ကူးလူးဆက်ဆံရေးများမှာများစွာအသုံး ဝင်သော၊ လွန်စွာအသုံးများသော ဆိုင် ကယ်များနဲ့ပတ်သက်လို့ အနည်းငယ် တင်ပြလိုခြင်းဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်တစ်စီး တစ်နေ့ ဆီ တစ်လီတာ သို့မဟုတ် တစ်ပုလင်း သုံးစွဲရလျှင် နိုင်ငံအတွင်း ဆိုင်ကယ် များရဲ့ စီးရီးတစ်ခုလျှင် သိန်းဂဏန်း နီးပါးရှိလို့ယခု (ယမှစ၍ ၃၀ ယ) အထိ အစီးရေ သန်းဂဏန်းသုံးခုစာအထိ ရှိ နိုင်ပါတယ်။ လွယ်လွယ်ကူကူ တွက် ချက်မယ်ဆိုရင် ဆိုင်ကယ်တစ်စီး တစ် ပုလင်းနှုန်း၊ ဆိုင်ကယ် ခြောက်စီး တစ် ဂါလန်နှုန်းဖြင့်တွက်ရင် ဓာတ်ဆီဂါလန် ၅ သိန်းခန့် အသုံးပြုသည်ဟု ယူဆနိုင် ပါတယ်။ နိုင်ငံခြားငွေနဲ့တွက်ရင် နိုင်ငံ ခြားငွေ ကျပ်သိန်း ၂၀ ခန့် သုံးစွဲရမှာ ဖြစ်ပါတယ်။ အနည်းဆုံးအဖြစ် ခန့်မှန်း ရင်တောင် နေ့စဉ်ဒေါ်လာ ၁၀ သိန်း သို့မဟုတ် ၁ သန်းခန့်ရှိလို့ တစ်နှစ်ဒေါ် လာ သန်း ၃၀၀ ခန့်ကုန်ကျနိုင်ကြောင်း တွက်ချက်ရရှိပါတယ်။ ဒါကြောင့် ဓာတ် ဆီဆိုင်ကယ်အစား လျှပ်စစ်ဆိုင်ကယ် သာသုံးမယ်ဆိုရင် လောင်စာကုန်ကျမှု မရှိသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုပါ လျှော့ ချနိုင်ပါမယ်။ ဒါ့အပြင်ဓာတ်ဆီကြောင့် ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်ကဲ့သို့သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဓာတ် ငွေ့များလည်း ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီကြောင့်ဖြစ်တတ် တဲ့ မီးအန္တရာယ်လည်း ကင်းသွားမှာ ဖြစ်ပါတယ်။ မြို့တွင်းသွားလာရေးဖြစ်လို့ ဆိုင်ကယ်အရှိန်ကို ကီလို ၂၀ တွင် ထား၍မောင်းနှင်ပါကလည်း အန္တရာယ် ကင်းကင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီများအား လျှပ် စစ်ဆိုင်ကယ်ထုတ်လုပ်တဲ့ ကုမ္ပဏီများ ကို နိုင်ငံအတွင်း ထုတ်လုပ်ရောင်းချ ခြင်းဖြင့် နည်းပညာလည်းရရှိမှာဖြစ်တဲ့ အပြင် လိုအပ်တဲ့ အပိုပစ္စည်းလည်း အလွယ်တကူ ရရှိနိုင်လို့၊ ဒေသတွင်း တွင်ကျယ်စွာ သုံးစွဲနိုင်မယ်လို့ ယူဆ မိပါတယ်။ ဒါကြောင့် လောင်စာမလို အရှိန်မပြင်းသဘာဝပတ်ဝန်းကျင် ဘေး ကင်းတဲ့ လျှပ်စစ်ဆိုင်ကယ် တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းဖြင့် ပိုမိုအကျိုးရှိနိုင်တဲ့ နည်းလမ်းတစ်ခုကို စဉ်းစားတင်ပြလိုက်ရပါတယ်။ခေတ္တရာဟင်္သာ-ပြည်