Main menu

Background

မွေးမြူရေးနဲ့ ရေထွက်ပို့ကုန်များ တိုးမြှင့်ရေးအတွက် မြဝတီဒေသရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ပို့ကုန်လုပ်ငန်းရှင်များနဲ့ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Thu, 10/04/2012 - 06:15 -- Anonymous (not verified)

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ပြည်ပ ကုန်သွယ်မှုအား ကဏ္ဍအလိုက်ဟန်ချက် ညီညီမြှင့် တင် ဆောင်ရွက်လျက်ရှိရာ လွယ်ကူရှင်းလင်းတဲ့ လုပ်နည်း စနစ်၊ ငွေကြေးစနစ်၊ အခွန်ကောက်ခံမှုစနစ်များ ကို ခေတ်စနစ်နဲ့အညီ  ပြင်ဆင်ဆောင်ရွက်လျက်ရှိပါ တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူ များမှလည်း လုပ်ငန်းရှင်ကုန်သည်များနဲ့ တွေ့ဆုံဆွေး နွေးပွဲများပြုလုပ်ပြီး တွေ့ကြုံနေရတဲ့အခက်အခဲများကို ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ပကတိအရှိအတိုင်း အပြန်အလှန်ဆွေးနွေးစေခြင်းဖြင့် ချက်ချင်းလက်ငင်း အဖြေရှာ ဆောင်ရွက်ပေးနေပါ တယ်။ ဒါပေမယ့် အချိန်တိုတိုနဲ့ငွေရလွယ်ပြီး အကျိုး အမြတ်များတဲ့ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်မှ အခွန်အခများ နစ်နာဆုံးရှုံးလျက်ရှိပြီး တရားဝင်ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေလျက်ရှိပါ တယ်။ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ ပို့ကုန်တင်ပို့မှု တိုးတက်လာစေမဲ့ ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ  ၁၁ ရက်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ  ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးမှာ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ေ စရေးအတွက် မွေး မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ဦးဆောင်ပြီး မြဝတီကုန်သွယ် ရေးဇုန်  OSS အဖွဲ့ဝင်ဌာနတာဝန်ခံများ၊ ဒေသဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲ များနဲ့ မြဝတီဒေသရှိမွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ပို့ ကုန်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ တရားဝင်ကုန် သွယ်မှုလမ်းကြောင်းပေါ်မှသာ ကုန်သွယ်မှုပြုကြရန် နဲ့ ထုတ်လုပ်မှုနှင့်တင်ပို့ရောင်းချမှုတို့မှာ လုပ်ငန်း ရှင်ကုန်သည်များရဲ့အခက်အခဲများအား ပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးစေခဲ့ပါတယ်။ သက်ဆိုင်ရာဌာန အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရမဲ့ကိစ္စများကို အပြန်အလှန်ညှိနှိုင်းအဖြေရှာ  ဆောင်ရွက်ပေး ခဲ့ပြီး မြဝတီဒေသမွေးမြူရေးလုပ်ငန်းရှင်များ ပြည်ပပို့ကုန် တိုးတက် ထုတ်လုပ်မွေးမြူတင်ပို့နိုင်ရေး အတွက် နိုင်ငံ တော်မှ မျိုး၊ အရင်းအနှီး၊ နည်းပညာများ၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး  အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန်လည်း စီစဉ်ပေးခဲ့တယ်လို့ သိရှိရပါ တယ်။ကျော်ဆန်းထွန်း (မြဝတီ)