Main menu

Background

ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားကုန်စည်ဒိုင် ဖွင့်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Thu, 10/04/2012 - 06:17 -- Anonymous (not verified)

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်က ဆန်စပါးနဲ့ကြက်သွန်ဖြူအဓိကစိုက်ပျိုးထွက်ရှိတဲ့ လဲချား မြို့မှာ ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေးအတွက်ရှမ်းပြည်နယ်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာရုံးကဦးဆောင်ပြီး တွေ့ဆုံညှိနှိုင်းေ ဆွးနွေးပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက လဲချားမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ရှမ်းပြည်နယ် လယ်ယာထွက်ကုန်၊ ပြည်နယ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးမင်းအောင်က ရှင်းလင်း ဆွေးနွေးရာမှာ ရှမ်းပြည်နယ်လွိုင်လင်ခရိုင်၊ လဲချားမြို့မှာ ဆန်စပါး၊ ကြက်သွန်ဖြူနဲ့မြေ ပဲ၊ ပြောင်း၊ နှမ်းအများ အပြား စိုက်ပျိုးထွက်ရှိပါကြောင်း၊ အဆိုပါဒေသထွက်ကုန်များ ဈေးနှုန်းဈေးကွက်ခိုင်မာစေရန်နဲ့ ကျယ်ပြန့်စွာ အရောင်းအဝယ်ပြုနိုင်ရန်အတွက် ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကုန်စည်ဒိုင် ဆိုသည်မှာ ရောင်းသူ ဝယ်သူအသင်းသားများက ဒေသထွက်ကုန်များကို အရောင်းအဝယ်ပြုလုပ် ရန် တွေ့ဆုံတဲ့နေရာလို့ပြော ရမှာဖြစ်ကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးဒေသထွက်ကုန် များကို အရောင်းအဝယ် ပြုရာမှာ တူညီတဲ့စံအလေးချိန် အခြင်အတွယ်သတ်မှတ်ထားရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအရည် အသွေး သတ်မှတ် နိုင်ခြင်း၊ ပြည်တွင်း ပြည်ပပေါက်ဈေးနဲ့ ဒေသပေါက်ဈေးကို တွက်ချက် သတ်မှတ် ရောင်းဝယ်နိုင်ခြင်း၊ သီးနှံ နမူနာကိုပြပြီး မျက်မြင်ကြည့်ရှုရောင်း ဝယ်နိုင်ခြင်းနှင့် ပြည် တွင်းပြည်ပရှိကုန်စည်ဒိုင်အသီးသီးနှင့် ချိတ်ဆက်ပြီး တင်ပို့ရောင်းချနိုင်ခြင်း များ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူနှင့် ကုန်သည်ပွဲစားများ မျှတသောအကျိုးအမြတ်ရရှိ ခံစားရမှာဖြစ်သလို ခိုင်မာသောဈေးကွက်နှင့်ဈေးနှုန်းများရရှိလာမှာဖြစ်တဲ့အပြင် အသင်းအတွက်ဖြစ်စေ၊ အသင်းသား များရဲ့ လူမှုရေး၊ ဘာသာရေးကိစ္စများအတွက်ဖြစ်စေ၊ ကူညီဆောင်ရွက်ပေး နိုင်ပြီး ကျယ်ပြန့်သောလူမှုရေး၊ စီးပွားရေး အသိုက်အဝန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။အခမ်းအနားသို့ လဲချားမြို့မှ ကုန်သည်လုပ်ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များ၊ ဆီစက်၊ ဆန်စက်လုပ်ငန်း ရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူများ နဲ့တာဝန်ရှိသူ ဌာနဆိုင်ရာများ စုစုပေါင်း ၃၈ဦးတက်ရောက်ခဲ့ပြီး အစည်း အဝေးကို နေ့လယ် ၁၂း၁၀ နာရီမှာ ရုပ်သိမ်းခဲ့ကြောင်းသိရပါတယ်။    MA