Main menu

Background

ဖွံ့ဖြိုးတိုးတက် မြန်မာ့သရက်

Thu, 10/04/2012 - 06:19 -- Anonymous (not verified)

မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီးထုတ်လုပ်နိုင်ဖို့နဲ့ ပြည်ပပို့ အရည်အသွေးမီ သရက်သီးများ ထုတ် လုပ်နိုင်ဖို့အတွက် FAO  မှပံ့ပိုးကူညီပေးမယ်လို့သိရပါတယ်။ FAO အပြင် ထိုင်းနိုင်ငံ သရက်သီးကျွမ်း ကျင်သူများအသင်း (Mango Association of Thai)၊ မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့ ရောင်းချသူများအသင်း (MFVP) နဲ့ မန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်းတို့ အဖွဲ့လေးဖွဲ့ပူးပေါင်း ကာ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သရက်သီးထုတ်လုပ်နိုင်ဖို့ စီစဉ်နေပြီဖြစ်တယ်။

ယခုလို တစ်နှစ်ပတ်လုံး သရက်သီးတွေ စိုက်ပျိုးထွက်ရှိဖို့အတွက် မြန်မာနိုင်ငံရှိ သရက်စိုက်ပျိုးသူတွေကို နည်းပညာပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးရှိ သရက်ခြံငါးခြံမှာ သရက်ကင်းတွေကို စက္ကူ အိတ်စွပ်ခြင်းလုပ်ငန်းကို ယခုသရက်သီးရာသီမှအစပြုပြီး သရက်သီးစိုက်ပျိုးသူတွေကို ပညာပေးလုပ်ကိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အိတ်စွပ်ခြင်းနဲ့ အဖျက်ရောဂါကင်းစင်ပြီး အရောင်အဆင်း ပိုမိုလှပတဲ့ အသီးတွေရနိုင် ကြောင်း ပညာပေးသွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။ မြန်မာ့သရက်သီးကို တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေရာဈေးကွက်ရရှိထားပြီး ဖြစ်ပါတယ်။ သရက်သီးက အချိန်နဲ့တစ်ပြေးညီဈေးကွက်ကို မျက်နှာပန်းလှလှ တင်ပို့ရမဲ့ သစ်သီးဝလံဖြစ်ရာ လေကြောင်းခရီးစဉ်နဲ့ အခြားနိုင်ငံတွေကို တင်ပို့ကြပါတယ်။ ယခုဘဏ္ဍာနှစ်မှာ တန်သုံးရာကျော် စင်ကာပူ ကို လေကြောင်းမှ တင်ပို့ထားကြောင်း သိရှိရပါတယ်။ သရက်သီးကို ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေကို တင်ပို့ပြီး စိန်တလုံးသရက်မှာ လူကြိုက်များလျက်ရှိကြောင်း သိရပါတယ်။ သရက်သီးက အဆင်း၊ ရနံ့၊ အရသာ ပြည့်စုံလှတဲ့ သစ်သီးဝလံဖြစ်ပါတယ်။ သရက်သီးစားသုံးခြင်းကြောင့် သွေးအတွင်းကို လက်စထရောလျော့ကျစေ ပြီး အရွယ်တင်နုပျိုစေကြောင်း လေ့လာသိရှိရပါတယ်။အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်လို့ တင်စားပြောဆိုတဲ့ စကားအတိုင်း စိန်တလုံး သရက်မှာ အကောင်းဆုံး မြန်မာ့သရက်သီးဖြစ်ပြီး ကမ္ဘာကျော်ဖြစ်ပါတယ်။ အမျှင်ကြောများ ကင်းစင်ခြင်း၊ အရသာကောင်းမွန်ခြင်း၊  ပုံစံလှပခြင်းတို့မှာ စိန်တလုံးသရက်ရဲ့ ဂုဏ်သတ္တိတွေဖြစ်ပါတယ်။ သရက်သီးကို သဘာဝအတိုင်း အမှည့်စားသုံးခြင်း၊ အစိမ်းစားသုံးခြင်းတို့အပြင် သရက်ပြား၊ သရက်ဖျော်ရည်၊ သရက်သီးချဉ်၊ သရက်သီးသနပ် အစရှိတဲ့အမျိုးမျိုးပြုလုပ်သုံးစွဲလျက်ရှိရာ ပင်ကိုယ်အရည်အသွေးကောင်းမွန်ပြီးဖြစ်တဲ့ သရက်သီး တွေကို တိုးတက်တဲ့ ခေတ်မီနည်းပညာတွေနဲ့ ထုတ်ပိုးမှုကောင်းကောင်း ထုတ်လုပ်တော့မှာဖြစ် ပါတယ်။ သဘာ၀ အတိုင်း တင်ပို့တဲ့အပြင် ပိုလျှံတဲ့ သရက်သီးတွေကိုလည်း အလဟဿမဖြစ်စေဘဲ တန်ဖိုးမြှင့်ပို့ကုန်  (Valued Added Product)  အဖြစ် တီထွင်ထုတ်လုပ် တင်ပို့ရောင်းချခြင်းနဲ့ အနာဂတ်မှာ တိုင်းပြည်ဘဏ္ဍာငွေတိုးတက် ရှာဖွေပေးနိုင်တော့မယ့် ထွက်ကုန်အမယ်ဖြစ်တာကြောင့် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အသိပေးရေးသားတင်ပြ အပ်ပါတယ်။                                                               နွဲ့နွဲ့ဌေး