Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Thu, 10/04/2012 - 06:26 -- Anonymous (not verified)

ဝါရှင်တန် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သီးနှံ အထွက်က နဝမမြောက်နှစ် အဖြစ် ဆက်တိုက်မြင့်တက်မယ်လို့ ခန့်မှန်းထားပြီး ဆောင်းသီးနှံတွေ အထွက်ကောင်းမယ်လို့ တရုတ်နိုင်ငံ ရဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး က ပေကျင်းမြို့မှာစက်တင်ဘာ ၂၀ ရက် ကပြောပါတယ်။ သဘာဝဘေးဒဏ် နဲ့ ဇီဝဗေဒ ဆိုင်ရာ ဘေးအန္တရာယ် တွေ ကျရောက်ခဲ့ပေမယ့်ဆောင်းဦး ရာသီစိုက်ပျိုးမြေက ယခင်နှစ်က ထက် ပိုမိုများပြားတယ်လို့ တရုတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဟန်ချန် ဖု က ပြောပါတယ်။Source:Xinhua

 
ဆိုးလ် တရုတ်နဲ့ဥရောပမှာ စီးပွားရေး နှေးကွေးနေတာတွေကို အကြောင်း ပြုပြီးကျဆင်းနေတဲ့တောင်ကိုရီးယား ပို့ကုန်လုပ်ငန်းက ၂၀၁၂ ခုနှစ်ဒုတိယ နှစ်ဝက်မှာ ပြန်ကောင်းလာမယ်လို့ ကိုရီးယား ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၁၀ ခုအနက် ၄ ခုက ယုံကြည်ထား ကြောင်း စစ်တမ်း ကောက်ယူချက် အရ စက်တင်ဘာ ၂၀ ရက်က တွေ့ ရပါတယ်။ ပို့ကုန် လုပ်ငန်းရှင် ၅၀၀ ကို တောင်ကိုရီးယား ကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်း က စစ်တမ်းကောက်ယူခဲ့ရာကျဆင်း နေတဲ့ ပို့ကုန်လုပ်ငန်းက ၂၀၁၃ ခုနှစ် မှာ ပြန်ကောင်းမယ်လို ဖြေကြားသူ ၄၀ ရာခိုင်နှုန်းရှိပါတယ်။Source:Yonhap News.com
ဘန်ကောက် Dhurakij Pundit   တက္ကသိုလ် သုတေသနဌာနက စစ်တမ်းကောက် ယူ ခဲ့သော အသေးစားနဲ့အလတ်စား စက်မှု လုပ်ငန်းရှင်များအနက် ၆၆ ဒသမ ၄ ရာခိုင်နှုန်းက ရေလွှမ်းမိုး တာကို ခံနိုင်ဖို့ အတွက် စီမံချက်တွေ ရှိတယ်လို့ ပြောပါတယ်။ တက္ကသိုလ် က အသေးစားနဲ့ အလတ်စား စီးပွား ရေး လုပ်ငန်း ၄၁၈ ခုကို စက်တင် ဘာ၁၃ ရက်မှ ၁၄ ရက်အတွင်း ရေ လွှမ်းမိုးမှုအတွက် ပြင်ဆင်မှု အခြေ အနေတို့ကို စစ်တမ်းကောက်ယူခဲ့ ရာမှ ယခုကဲ့သို့  ရလဒ်ထွက်ပေါ်ခဲ့ ခြင်း ဖြစ်ပါတယ်။
ကွာလာလမ်ပူ မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ် မှုကဏ္ဍအတွက် အရည်အသွေး မြင့် ရင်းနှီးမြှုပ်နှံမှုများကို မလေးရှားနိုင်ငံ က ဆွဲဆောင်လျက်ရှိသဖြင့် ဒေသ တွင်းမှာ အဆင့်မြင့်နည်းပညာ ရင်းနှီး မြှုပ်နှံအတွက် ယှဉ်ပြိုင်နိုင်သော ဒေသအဖြစ် ရွေးချယ်စရာ ဖြစ်လာ ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်က ပြောပါ တယ်။           Source:bernama