Main menu

Background

တောင်အာဖရိက မာရီကာနာ သတ္တုတွင်းလုပ်သားတို့လုပ်ငန်းခွင်ပြန်ဝင်

Thu, 10/04/2012 - 06:27 -- Anonymous (not verified)

မာရီကာနာ ပလက်တီနမ်တွင်းမှာ အလုပ်လုပ်နေကြတဲ့ တောင်အာဖရိက ရှိ မာရီကာနာ သတ္တုတွင်းတူး လုပ်သား တွေ လုပ်ငန်းခွင်ကို စက်တင်ဘာ ၁၈ ရက်မှာ ပြန်ဝင်ကြပါတယ်။  တောင် အာဖရိကသတ္တုတွင်းမှာ ဆန္ဒပြမှုတွေ အပြင်းအထန်ဖြစ်တဲ့အတွက် လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။ ဆန္ဒပြနေတဲ့ လုပ် သားတွေက လွန်မင်က ပိုင်ရှင်တွေနဲ့ သဘောတူညီချက်ကို စက်တင်ဘာ ၁၈ ရက်စတင်ရရှိခဲ့ပါတယ်။ ပိုင်ရှင်တွေက လစာကို ၂၂ ရာခိုင်နှုန်းထိ တိုးမြှင့်ပေး ခဲ့ပါတယ်။ ရက်သတ္တပတ် ခြောက်ပတ် လောက်   လုပ်ငန်းရပ်ဆိုင်းထားစဉ် ကာလအတွင်းက ဆုံးရှုံးမှုတွေကို ပြန် လည် အစားထိုး နိုင်လိမ့်မယ်လို့ လွန် မင်က  ယုံကြည်ထားပါတယ်။ သတ္တု တွင်းလုပ်သား ၃၄ ဦးသေဆုံးပြီး အများ စုက ရဲကပစ်ခတ်လို့သေဆုံးတာ ဖြစ်ပြီး ဤကိစ္စအတွက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

အလုပ်သမား    ဆန္ဒပြတာက တောင်အာဖရိကရှိ တခြားသတ္တုတွင်း တွေကို ကူးစက်ပျံနှံ့ခဲ့ပါတယ်။ ဒီထဲမှာ ရွှေအပါအဝင် အဖိုးတန်သတ္တုတွေ ထုတ်လုပ်တဲ့ သတ္တုတွင်းကြီးတစ်ခု လည်း ပါဝင်ပါတယ်။ သတ္တုတွင်း လုပ် သားတွေကလုပ်သားအမျိုးအစားအပေါ် မူတည်ပြီးလစာ ၁၁ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းထိတိုးတက် ရရှိခဲ့ပါတယ်။ သတ္တုတွင်း အလုပ်သမား ဆန္ဒပြ မှုကြောင့် သတ္တုတူးဖော်းရေး လုပ်ငန်း မှာ ကန်ဒေါ်လာ ၅၄၈ သန်းဆုံးရှုံး နစ်နာမှုရှိခဲ့ပါတယ်။ လွန်မင်ရဲ့ ဖြေရှင်း မှုကြောင့်  တခြားသတ္တုတွင်းတွေကို ကူးသွားမှာကို  လေ့လာဆန်းစစ်သူ တို့က စိုးရိမ်နေပါတယ်။ Gold  Field's  Dreifonterin Gold  Mine   မှာတော့ ဆက်လက်ဆန္ဒပြနေပါတယ်။    Source.bbc.co.uk