Main menu

Background

အယုဒ္ဓယ ဘဏ်ရဲ့ ဖောက်သည်များ ရေလွတ်နေဆဲဖြစ်

Thu, 10/04/2012 - 06:30 -- Anonymous (not verified)

ထိုင်း နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေတဲ့ လက်ရှိ ရေလွှမ်းမိုးမှုများ အသေးစားနဲ့ အလတ်စား ( SME) များကို ထိခိုက် မှု မရှိသေးကြောင်းနှင့် တစ်သီးပုဂ္ဂလ ဖောက်သည်များမှာ ပြင်းထန်တဲ့ထိခိုက် မှုများ မရှိသေးကြောင်း ဒေသခံဘဏ် များက ပြောပါတယ်။

လက်ရှိ ဒီရေမြင့်တက်မှုက နယ် မြေ အနည်းငယ်သာရှိသေးတဲ့အတွက် ( SME)  ဖောက်သည်များက ဘဏ္ဍာရေး အကူအညီများ ယခုအချိန်ထိ တောင်း ခံမှုမရှိသေးကြောင်း အယုဒ္ဓယဘဏ် (Bank of Ayudhya)  မှ ( SME) ဈေး ကွက် ရှာဖွေရေးဦးစီးမှူး ဆယမ်းပရာ ဆစ်ဆီရီကူးကပြောပါတယ်။ အယုဒ္ဓယ ဘဏ်မှာ ( SME) ဖောက်သည် ၅၂၁၀၆ ဦးရှိတဲ့အနက် ၂၀၈၅ ခုသို့မဟုတ် ၄ ရာခိုင်နှုန်းသာ ရေနစ်မြုပ်တဲ့ ဒေသမှာ ရှိနေပြီးထိုဒေသအားလုံးမှာလည်း သာမန်ငွေပေးချေမှုများကို ပေးချေနိုင် သေးကြောင်း သူက ပြောပါတယ်။ "ရေမြုပ်ခံရတဲ့နေရာတွေမှာ ရှိနေ တဲ့ ( SME) ဖောက်သည်တွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေ ပါတယ်။ ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေး မဟုတ်တဲ့ အကူအညီ နှစ်မျိုးစလုံး အကူအညီပေးနိုင်အောင် အသင့်ပြင် ထားပေးပါတယ်။ ဒါပေမဲ့ ယခုအချိန်ထိ အကူအညီတောင်းတာမရှိသေးပါဘူး" ဟု မစ္စတာဆယမ်းက ပြောပါတယ်။ ယခင်နှစ်က ရေလွှမ်းမှု အကျပ် အတည်းကြုံတွေ့တုန်းက အယုဒ္ဓယ ဘဏ်က ချေးငွေပေးဆပ်မှု အစီအစဉ် ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။ ပထမနှစ်ဝက်ချေးငွေပေးဆပ်မှုက ရည်မှန်းချက်ကိုပြည့်မီပြီး ၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ စုစုပေါင်း ပေးဆပ်ငွေက ဘတ် ၁၆၈ ဘီလီယံရှိခဲ့ပါတယ်။ အထူး သဖြင့် ဝန်ဆောင်မှုနဲ့ကုန်သွယ်မှုကဏ္ဍ က ( SME)  ချေးငွေ ဝယ်လိုအားက ခိုင်မာနေဆဲဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးအတွက် ( SME) ချေးငွေတိုးချဲ့မှုက ၁၆ ရာခိုင်နှုန်းရှိပြီး ဘတ် ၁၈၁ ဘီလီယံရှိခဲ့ပါတယ်။ ( SME)  ဖောက်သည် အခြေခံ တိုးချဲ့ရေးက ယခုနှစ် ဒုတိယ သုံးလပတ်အတွက် အဓိက ရည်မှန်းချက် ဖြစ်တယ်လို့ အယုဒ္ဓယဘဏ်မှ ချမှတ်ဆောင်ရွက်နေ ပါတယ်။Source.bangkokpost.com