Main menu

Background

Facebook က စွမ်းအားကြီးတဲ့ ကြော်ငြာပလက်ဖောင်း ဖြစ်လာ

Thu, 10/04/2012 - 06:29 -- Anonymous (not verified)

စားသုံးသူတွေအတွက် ဆောင်ရွက်ပေးရာမှာ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်လာပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေရဲ့ကုန်အမှတ်တံဆိပ်တွေနဲ့ ထုတ်ကုန် တွေကို ကြော်ငြာဖို့အတွက်မီဒီယာပလက်ဖေါင်းသစ်တွေကို နည်းလမ်း သစ် တွေနဲ့ စတင်ဆောင်ရွက်လာကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာ သော ဖောက်သည်တွေ ကို ထိထိရောက်ရောက်ဆက်သွယ်ခြင်းနဲ့ အပြန်အလှန် ဆက်ဆံခြင်းပြုရာမှာ  Facebook  က စွမ်းအားအကြီးမားဆုံး ပလက်ဖေါင်း တစ်ခုလိုဖြစ်လာကြောင်း ihub Media Group   ရဲ့ အရာရှိချုပ်ဂျော့ဖူးက ပြောပါတယ်။ ဒီမီဟာဂရုက စင်ကာပူမှာအခြေစိုက်ထားတဲ့ ဈေးကွက်မှာရှာဖွေ ရေးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီက နိုင်ငံပေါင်း ရှစ်နိုင်ငံမှာ အခြေ စိုက်ထားပြီး ဂိမ်းနဲ့ဇာတ်ကောင်တွေကို အပလီကေးရှင်းတွေကို ဖန်တီးပြီး ဈေးကွက်ရှာဖွေရေး နဲ့ ကြော်ငြာလုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။

Facebook  ကအဓိကအားဖြင့် ihub ကို အသုံးပြုပြီးဖောက်သည်တွေ အတွက်ကြော်ငြာ ကို ဆောင်ရွက်ပေးပါတယ်။တခြားဆိုက်တွေမှာလို ကြော်ငြာ တွေက ဖျပ်ကနဲတိုးဝင်လာတဲ့ ကြော်ငြာမျိုးတွေ ကိုအသုံးမပြုပါဘူး။ "လူမှုကွန်ရက်လုပ်ငန်း  ပလက်ဖောင်းက အထဲမှာပါဝင်တဲ့ တခြား အကြောင်းတရားတွေလို ပဲ ကြော်ငြာတွေကိုထည့်ပေးပါတယ်" လို့ ဖူးကပြောပါ တယ်။ ဒါကြောင့် Facebook   ကို အလွယ်တကူဝင်နိုင်ပြီး သက်သောင့် သက် သာနဲ့ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒီပလက်ဖေါင်းမှာပါတဲ့ ကုန်အမှတ်တံဆိပ် သို့မဟုတ် ထုတ်ကုန်တွေကို ကမ္ဘာ့တစ်ဝန်းက အသုံးပြုသူ ၁ ဘီလီယံရှိပါတယ်။ ဒီအထဲက ၅၀ ရာခိုင်နှုန်း ကျော်ကတစ်ရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အတွက် Log in  လုပ်ပြီးဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ Facebook ပေါ်မှာ ကြော်ငြာတဲ့ပုံစံက ဒေသအလိုက် ကွဲပြားခြားနားမှာ ရှိပါတယ်။ ဥပမာတရုတ်(တိုင်ပေ)ကအသုံးပြုသူတွေက အပလီးကေးရှင်းတွေအပေါ် မှာ အချိန်သိပ်မပေးနိုင်တဲ့အတွက် လိုတာကို အလျင်အမြန် ရှာဖွေတတ်ပါ တယ်။ ဒါပေမဲ့ ဖိလစ်ပိုင်တွေက အပလီကေးရှင်းတွေလို အချိန်အကြာကြီး အသုံးပြုတတ်ပါတယ်။ ကိုရီးယားတွေကတော့ တရုတ်(တိုင်ပေ) ကလူတွေလို ပါပဲ။ ယေဘုယျအားဖြင့် ကိုရီးယားတွေကအသေးစိတ်ကို ပိုကြိုက်ပါတယ်။ှSource.korea herald