Main menu

Background

ပို့ကုန်ကျဆင်းမှုကြောင့် ဂျပန်နိုင်ငံ၏ သြဂုတ် ကုန်သွယ်မှု လိုငွေမြင့်တက်

Thu, 10/04/2012 - 06:33 -- Anonymous (not verified)

ဥရောပနှင့် အာရှနိုင်ငံများသို့  ပို့ကုန်တင်ပို့မှုကျဆင်း ခဲ့တဲ့အတွက် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမြင့် တက်ပြီး ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံထိ ရောက်ရှိခဲ့တယ်။ ဒါ ကြောင့် ပို့ကုန်အားပြုနေသောဂျပန်နိုင်ငံ၏ စီးပွားရေး ပြန် လည်ရှင်သန်ရေး မျှော်လင့်ချက်မှာ အလှမ်းဝေးနေဆဲ ဖြစ် ပါတယ်။ ဒါပေမဲ့ သြဂုတ်လ ယန်း ၇၅၄ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ)လိုငွေပြမှုမှာ ယခင်နှစ်က ရှိခဲ့တဲ့ ကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလီယံနဲ့ နှိုင်းယှဉ်ပါက နည်းတယ်လို့ မဆိုနိုင်သေးကြောင်း စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်သည် အစိုးရအစီရင်ခံစာမှာ ပါရှိပါတယ်။ သြဂုတ်လ ပို့ကုန်ဟာ ယန်း ၅ ဒသမ ၀၅ ထရီလီယံ (ကန်ဒေါ် လာ ၆၄ ဒသမ ၃၃ ဘီလီယံ) ရှိခဲ့ရာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန်မှာ ယန်း ၅ ဒသမ ၈ ထရီလီယံ (ကန်ဒေါ်လာ ၇၃ ဒသမ ၉ ဘီလီယံ) ရှိခဲ့ရာ တိုးတက်နှုန်း ၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ယန်းငွေတန်ဖိုးခိုင်မာမှုကြောင့် ပို့ကုန်တွေတန်ဖိုးကြီးပြီး အကျပ်အတည်းကြုံနေရတဲ့ ဥရောပဒေသမှာ ဂျပန်ပို့ကုန် တွေရဲ့ ဝယ်လိုအား ကျဆင်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာ နျူကလီးယားဓာတ်အားပေး စက်ရုံတွေ ပိတ်လိုက်ရပြီးတဲ့ နောက်ပိုင်း ဂျပန်ရဲ့ စွမ်းအင်တင်သွင်းမှုတွေ မြင့်တက်ခဲ့ပါ တယ်။ စီးပွားရေးကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ဖို့ အတွက် အစိုးရကဘွန်းစာချုပ်တွေဝယ်ယူမဲ့ ကာလနဲ့ပမာဏ ကို ဂျပန်ဗဟိုဘဏ်က မြှင့်တင်ပေးပြီး ကာလတိုအတွင်းမှာ ပြောင်းလဲမှုတွေရှိဦးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ "လောလောဆယ်မှာ ပို့ကုန်တွေနဲ့ စက်မှုကုန်ထုတ် လုပ်မှုတွေက တော်တော်လေး အားနည်းနေဦးမှာ ဖြစ်ပါ တယ်" လို့ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်တဲ့ ဂျပန် ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။Source.AP