Main menu

Background

တရုတ်နိုင်ငံက ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ထုတ်ပြန်

Thu, 10/04/2012 - 06:49 -- Anonymous (not verified)

တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ People's  Bank  of  China  က ၂၀၁၁-၂၀၁၅ ခုနှစ်ဘဏ္ဍာရေးပြုပြင် ပြောင်းလဲမှု စီမံကိန်းကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီစီမံကိန်းမှာ နိုင်ငံခြားငွေရောင်းဝယ်ရေးနဲ့ အတိုးနှုန်း များတရုတ်ရင်းနှီးငွေစာရင်းအရ ယွမ်ငွေကြေးကို ပြောင်းလဲ မှုနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုများ ပါရှိပါတယ်။ အသေး စား ဘဏ္ဍာရေးဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး အစိုးရဝင် ရောက်စွက်ဖက်မှုကို  လျှော့ချပြီးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်မှာ  အစိုးရရဲ့အခန်းကဏ္ဍကို သတ်မှတ်ပေးဖို့ဖြစ်ကြောင်း စီမံချက်မှာ ဖော်ပြထားပါတယ်။ အတိုးနှုန်းဖြေလျော့မှုများကို တိုးတက်ဆောင်ရွက်သွား မှာဖြစ်ပြီး ယွမ်ငွေကြေးဖလှယ်မှုအတွက် တွက်ချက်ရာမှာ အသုံးပြုတဲ့ ယန္တရားပြုပြင်ပြောင်းလဲရေးကလည်း ယွမ်ငွေ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း စီမံချက်မှာ ဖော်ပြထားပါတယ်။ ထွန်းသစ်စဈေးကွက်တွေမှာ ယွမ်ငွေကြေးနဲ့ တခြားငွေကြေး တွေကို တိုက်ရိုက်ဖလှယ်နိုင်ဖို့အတွက် လေ့လာမှုတွေကို ထပ်မံ ဆောင်ရွက်သွားမယ်လို့ စီမံချက်မှာ ဖော်ပြထားပါ တယ်။ အာဏာပိုင်တွေက ပိုမိုလွတ်လပ်တဲ့ နယ်နိမိတ် ဖြတ် ကျော် ငွေကြေးစီးဆင်းမှုကို ခွင့်ပြုပြီး တရုတ်နိုင်ငံရဲ့ ငွေ စာရင်းကိုသုံးပြီး ယွမ်ငွေကြေးဖလှယ်နိုင်မှုကို တိုးချဲ့ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဘဏ်များပြုပြင် ပြောင်း လဲရာမှာ ပုဂ္ဂလိက အရင်းအနှီးများ ပါဝင်လာဖို့၊ ဘဏ္ဍာရေးအဖွဲ့ အစည်းတွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေက ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာအောင်လမ်းညွှန်ပေးဖို့ဖြစ်ကြောင်း စီမံကိန်းမှာဖော်ပြ ထားပါတယ်။ ထို့ပြင် ပုဂ္ဂလိကလုပ်ငန်း တွေက ကျေးလက် ဘဏ်တွေ၊ ငွေချေးကုမ္ပဏီတွေ၊ ငွေကြေးသမဝါယမတွေ ဖွဲ့စည်းရာမှာလည်း အစိုးရက အထောက်အကူ ပေးသွားမှာ ဖြစ်ပါတယ်။Source.xinhua