Main menu

Background

ဂျပန်ဗဟိုဘဏ်က ငွေကြေးမူဝါဒကို ထပ်မံ လျှော့ချ

Thu, 10/04/2012 - 06:48 -- Anonymous (not verified)

ဂျပန်စီးပွားရေးကို မြှင့်တင်ပေးနိုင်အောင် ဂျပန်ယန်း ၁၀ ထရီလီယံ (ဒေါ်လာ ၁၂၈ ဘီလီယံ) ငွေကြေး စာချုပ်စာတမ်းများဝယ်ယူရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်မှာ ဖြစ်ကြောင်းစက်တင်ဘာ ၁၉ ရက်က ဂျပန် ဗဟိုဘဏ်က ပြောပါတယ်။ ဂျပန်ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုက ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု ဘဏ်များအတိုင်း လိုက်ပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ယခုအစီအစဉ်ကို ဗဟိုဘဏ်ရဲ့နှစ်ရက်ကြာအစည်းအဝေးက ချမှတ်ခဲ့တာ ဖြစ်ပြီး ငွေကြေးစာချုပ်စာတမ်း များဝယ်ယူမှုကို ယန်းထရီလီယံ ၈၀ အထိမြင့် တက်သွားစေမှာ ဖြစ်ပါတယ်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇူမီ က ဗဟို ဘဏ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ မျှော်မှန်းထားတာထက် ဗဟိုဘဏ်က ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး စီးပွားရေးကို အထောက်အကူဖြစ်လိမ့်မယ်လို့လည်း ပြောကြားပါတယ်။ ၂၀၁၁ ခုနှစ်မတ်လ ငလျင်နဲ့ ဆူနာမီသဘာဝဘေး၊ ဥရောပကြွေးမြီအကျပ် အတည်း၊ ဝယ်လိုအားနှေးကွေးမှုနဲ့ ယန်းတန်ဖိုး မြင့်တက်နေမှုစတဲ့ ပြဿနာ ပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်တွေ့ကြုံနေရပြီး နောက်ပိုင်း ပို့ကုန် အားထားဆောင်ရွက်နေရတဲ့ ဂျပန်စီးပွားရေး တည့်မတ်လာအောင် ကြိုးပမ်း ဆောင်ရွက်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပ ဗဟိုဘဏ်တွေက သူတို့ စီးပွားရေးတွေကို အထောက်အကူ ဖြစ်စေဖို့အတွက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း နောက်ထပ် ငွေကြေးမူဝါဒ လျှော့ချမှုများ ဆောင်ရွက်လာအောင် ဖိအား ပေးမှုတွေနဲ့ ဂျပန်ဗဟိုဘဏ် ရင်ဆိုင်ခဲ့ရပါတယ်။Source.thenews.com.pk