Main menu

Background

AEC အရ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးကို နှစ်ဆတိုးမည်

Thu, 10/04/2012 - 06:50 -- Anonymous (not verified)

၂၀၁၅ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံများနဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုကို နှစ်ဆတိုးပြီး ဘတ် ၂ ထရီလီယံ အထိ ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)အရ ဖြစ်ပေါ်လာမဲ့ အပြတ်အလပ် မရှိတဲ့ဈေးကွက်တွေကို အားကိုးအားထားပြုပြီး ယခုလိုရည် မှန်းချက်ထားတာ ဖြစ်ပါတယ်။

"AEC  မတိုင်မီမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အနီးကပ်ပူးပေါင်းဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် နယ်စပ် ကုန်သွယ်ရေးက ထိုင်းနိုင်ငံအတွက်အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်နေပါတယ်" လို့ ထိုင်းကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ ဥက္ကဌ အိုလန်းချိုင်ပရာဗက်ကာ စက်တင်ဘာ ၁၇ ရက်က ပြောပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနဲ့မြန်မာစတဲ့ အာဆီယံ အဖွဲ့ဝင်တွေက အကောက်အခွန်တွေ လျှော့ချပေး လာပါတယ်။ ဒီနိုင်ငံတွေက ထိုင်းနိုင်ငံ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လာပါတယ်။ ယူရို ကြွေးမြီအကျပ် အတည်းကြောင့် လာမဲ့နှစ်အတော်ကြာတဲ့ထိ စီးပွားရေး နှေး ကွေးလာဦးမယ်လို့ ခန်မှန်းထားပါတယ်။ ဒါကြောင့် အစိုးရ က စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်စပ်ကုန်သွယ် ရေးကို ဆက်လက်ဆောင်ရွက်ဖို့လိုမယ်လို့ ယူဆထားပါ တယ်။ ဗနဃ အရအခွန်နှုန်းကိုသုညရာခိုင်နှုန်းအထိ လျှော့ချ မှာ ဖြစ်တဲ့အတွက် အာဆီယံကုန်သွယ်မှုကိုနှစ်ဆ အထိ တိုးမြှင့်သင့်ကြောင်း နယ်စပ်ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးလုပ်ငန်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေး အပြီးမှာ အိုလန်းက ပြောပါတယ်။ ထိုင်းအစိုးရက အာဆီယံ နိုင်ငံများအတွင်း ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနဲ့ခရီးသွား လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရက ရှေ့လုပ် ငန်းစဉ်ငါးရပ်ကိုချမှတ် ဆောင်ရွက်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စက်ရုံတွေ တည်ဆောက်ပြီး တတိယနိုင်ငံရှိဈေးကွက်ကို တင်ပို့နိုင်ဖို့အတွက် လုပ်အား ကို အခြေခံ ဆောင်ရွက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆွဲဆောင်မှုတွေပေးပြီး ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင် ရွက်တဲ့အတွက် ပြည်တွင်းမှာ လုပ်သားအခက်အခဲဖြစ်နေ တာကို သက်သာစေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေက အိမ်နီးချင်းတွေ ကို အကောက်ခွန် အခွင့်အရေးတွေ ပေးထားပြီး ဖြစ်တဲ့ အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ပို့ကုန်အခွင့်အလမ်းတွေရလာနိုင်ပါတယ်။ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းက တခြား အာဆီယံ နိုင်ငံတွေနဲ့ပေါင်းစည်းပြီး အာဆီယံပြင်ပမှာရှိတဲ့ တခြားနိုင်ငံတွေကို ပစ္စည်းများပေးသွင်း နိုင်မှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေအကြား ခရီးသွား လုပ်ငန်းဆက်သွယ်မှုတွေ တိုးတက်ကောင်းမွန်လာပါတယ်။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်ထွန်းကားလာပြီး ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကောင်းလာပါလိမ့်မယ်။ နယ်စပ်စခန်းတွေထပ်တိုးလာပါမယ်။ အမြဲတမ်း နယ်စပ် စခန်း ၅ ခုကို နိုင်ငံတကာအဆင့်ထိ အဆင့်တိုးမြှင့်ပါမယ်။ ယာယီနယ်စပ်စခန်း ၁၀ ခုကို အမြဲတမ်းစခန်းအဖြစ် တိုးမြှင့် မယ်လို့ သူက ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကူးသန်းရောင်းဝယ်ရေးဘဏ် တွေဖွင့်လှစ်ဖို့ထိုင်းအမျိုးသားသင်္ဘော ပို့ဆောင်ရေးကောင်စီ ဒုတိယဥက္ကဌ ဗလော့ဗီတာနာကွန်က အစိုးရကိုတိုက်တွန်းပါ တယ်။ အထူးသဖြင့် မြန်မာ နဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာ အဓိကထား ဆောင်ရွက်ရင် ဒီနိုင်ငံတွေမှာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ထိုင်းရင်းနှီး မြှုပ်နှံသူတွေအတွက် ပိုမို အဆင်ပြေမယ်လို့ သူကပြောပါတယ်။Source.nationalmultimedia.com