Main menu

Background

WTOအဖွဲ့ "လမ်းဆုံလမ်းခွ" ရောက်နေကြောင်း အမေရိကန်ကုန်သွယ်ရေးအရာရှိ ပြောကြား

Thu, 10/04/2012 - 06:50 -- Anonymous (not verified)

ကမ္ဘာ့ကုန်သွယ်မှုသဘောတူ ချက်ရရှိဖို့ ကြိုးပမ်းချက်မအောင်မြင်ခဲ့ ပြီးနောက်ပိုင်း ကမ္ဘာ့စေ့စပ်ညှိနှိုင်းရေး စင်မြင့်မှာ အနာဂတ် မရေရာမှုတွေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ရင်ဆိုင်နေရကြောင်း အမေရိကန်ထိပ် တန်းတာဝန်ရှိသူတစ်ဦးက စက်တင် ဘာ ၂၀ ရက်က သတိပေးပြောကြားခဲ့ ပါတယ်။ ထို့နောက် အဆိုပြုထားပြီးဖြစ် တဲ့ အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှု သဘောတူစာချုပ် (International Services Agreement) ကို ထောက်ခံ ပေးကြဖို့ တိုက်တွန်းထားပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် အဖွဲ့ အစည်းတစ်ခု အနေနဲ့ WTO က လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ ဒီပြဿနာကို ပထမဆုံး အသိအမှတ်ပြု ဖြေရှင်းတာမျိုးမလုပ်ရင် WTO က သူ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ် ဘူးလို့ ကျွန်တော်တို့မြင်ပါတယ်" ဟု အမေရိကန်ပြည်ထောင်စုရဲ့ WTO ဆိုင် ရာသံအမတ် မိုက်ကယ်ပန့်က အမေရိ ကန်လွှတ်တော်ကော်မတီကိုပြောပါတယ်။ လယ်ယာလုပ်ငန်းထောက်ပံ့ငွေ တွေနဲ့ အခွန်တွေကို လျှော့ချဖို့ ကိစ္စ အတွက် WTO အဖွဲ့ဝင်တွေ ဆယ်နှစ် နီးပါးအငြင်းပွားခဲ့ပါတယ်။ ဒီနောက်ပိုင်း မှာWTO ဆွေးနွေးပွဲတွေမှာ သောင် မတင်ရေမကျအခြေအနေတွေဖြစ်ခဲ့ တယ်ဆိုတာကို နောက်ဆုံးမှာအဖွဲ့ဝင် တွေ သဘောတူခဲ့ကြပါတယ်။ ဒါပေ မယ့် လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းက WTO က အပြုသဘောလှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ပန့်က ပြောပါတယ်။ ဆွေးနွေးပွဲများ အဆုံးသတ်ပြီးဆုံး တော့မဲ့အခြေအနေရှိပေမဲ့ အပြည်ပြည် ဆိုင်ရာဝန်ဆောင်မှု သဘောတူညီချက် လို့ခေါ်တဲ့ နိုင်ငံစုံသဘောတူညီချက်ကို ရရှိနိုင်ဖို့အတွက် နိုင်ငံအတော်များများ ကအံခဲပြီးဆောင်ရွက်နေဆဲဖြစ်ကြောင်း ပန့်က ပြောပါတယ်။ တရုတ်၊ ဘရာဇီးနဲ့ အိန္ဒိယလို ထွန်း သစ်စဈေးကွက်များက ကန့်ကွက်ချက် များရှိနေပေမဲ့ ဝန်ဆောင်မှုဆွေးနွေးပွဲ တွေ ဖြစ်မြောက်ရေးအတွက် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ဂျပန်၊  တောင်ကိုရီးယား၊ ကနေဒါ၊ မက္ကဆီကို၊ တူရကီနဲ့ တခြားဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃နိုင်ငံတို့ကဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ဆောင်မှု ဆွေးနွေးပွဲ တွေ ကျင်းပနိုင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ WTO အဖွဲ့ဝင်နိုင်ငံ ၂၀ က အောက်တိုဘာ လဆန်းပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ စီစဉ်ကြမှာဖြစ်ကြောင်းသူကပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက ကမ္ဘာပေါ်မှာ ဝန်ဆောင်မှု ပို့ကုန်များ  အများဆုံးဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ကုန်သွယ်မှု လိုငွေတွေ အမြောက်အမြား ရှိနေပေမဲ့ ဒီဝန်ဆောင်မှုကဏ္ဍက ကုန်သွယ်မှုပိုငွေ တွေ ရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေ ရိကန်ရဲ့ ဝန်ဆောင်မှုကဏ္ဍပို့ကုန်က ၂၀၁၀ပြည့်နှစ်မှာ ဒေါ်လာ ၅၁၈ ဘီလီယံဖိုးကျော်လွန်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေ ကန်ဒေါ်လာ ဘီလီယံ ၁၆၀ ရှိခဲ့ ပါတယ်။      Source: reuters.com