နောက်နှစ် ပထမ ၃ လတိုင်အောင် အင်ဒိုနီးရှားက ဆန်တင်သွင်းဖို့ အစီအစဉ်မရှိ
အာရှရဲ့ အဓိက ဆန်တင်သွင်းတဲ့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ယခုနှစ်ကျန်တဲ့လတွေမှာ ဆန်တင်သွင်းဖို့ အစီအစဉ် မရှိသလို နောက်နှစ် ပထမ ၃ လကုန်တိုင်အောင်လည်း ဝယ်ဖို့မလိုအပ်သေးဘူးလို့ နိုင်ငံရဲ့ ဆန် ဝယ်ယူရေးအဖွဲ့ အစည်း ဘူးလော့ဂ်မှ စက်တင်ဘာလ ၂၇ ရက်မှာ ပြောကြား ပါတယ်။ ရာသီဥတု ကောင်းနေလို့ သီးနှံ အထွက်ကောင်းနေ တယ်လို့ ဘူးလေ့ာဂ်ဥက္ကဌ Sutarto Alimoeso မှ ပြော ကြားပါတယ်။
မိုးရာသီက အချိန်မှန်ခဲ့လို့ ၂၀၁၂-၁၃ စပါးစိုက်မှုစတင်ဖို့ တောင်သူတွေအတွက် မိုးအလျှံအပယ်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီးနံှရာသီမှာ စပါးတန်ချိန် ၆၈ သန်းထွက်ရှိခဲ့ရာမှ လာမယ့် ၂၀၁၂-၁၃ ရာသီမှာ အနည်းငယ် တိုးပြီး၊ စပါးတန် ချိန် ၈၂ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ မျှော်မှန်းထား ကြောင်း သိရပါတယ်။ အကယ်လို့ ဆန်တင်သွင်းဖို့ လိုအပ်ရင် အရည်အသွေး ပိုကောင်းပြီး၊ ဈေးသက်သာစွာ ကမ်းလှမ်းတဲ့ ဗီယက်နမ်နဲ့ အိန္ဒိယမှ ဆန်ဝယ်ယူဖို့ပိုပြီး နှစ်သက်တယ်လို့ ဘူးလော့ဂ်က ယခုလအစပိုင်းမှာ ၎င်း က ပြောကြားပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ်မှ ကမ်းလှမ်းတဲ့ ဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၃၉၅ နဲ့ ၄၃၀ ကြားရှိလို့ အမျိုးတူထိုင်းဆန်ဈေး ကန်ဒေါ်လာ ၅၈၅ အောက်ကိုရောက်ရှိနေပါတယ်။ ဒါကြောင့် ဘူးလော့ဂ် ဗီယက်နမ်နဲ့ ဆန်ရောင်းချရေး MOU ရေးထိုးမှုကို ၂၀၁၇ နှစ်ကုန်တိုင်အောင် သက်တမ်း တိုးခဲ့ပါတယ်။လမင်း၊Soucrce: Reuters
