ဗီယက်နမ် ပြည်တွင်းစပါးဈေးမြင့်တက်နေချိန်တွင် လယ်သမားများလက်၌ ရောင်းချစရာ စပါးလက်ကျန် မရှိတော့
သြဂုတ်လမှစပြီး စက်တင်ဘာလ ၁၁ ရက်နေ့အထိ ဆက်တိုက်ဈေးမြင့်လာတဲ့ ဗီယက်နမ် ဆန်ဈေးနှုန်းတွေက စက်တင် ဘာလ ၁၂ ရက်နေ့မှစပြီး စက်တင်ဘာ ၂၁ ရက်နေ့အထိ ကာလအတွင်း ဈေးနှုန်းပြောင်းလဲမှုမရှိ တည်ငြိမ်နေတယ်။ လောလောဆယ် ဝယ်လိုအားမရှိခြင်းကြောင့် ပြည်ပကို တင်ပို့တဲ့ ဆန်ဈေးနှုန်း ( FOB နှုန်း) ဆက်လက်မြင့်တက်မှုမရှိကြောင်း သိရတယ်။
ဒါပေမဲ့ ပြည်တွင်းစပါးဈေးနှုန်းတွေက မြင့်မားနေတယ်လို့ သိရတယ်။ ဗီယက်နမ်ဆန်တင်ပို့သူတွေ အနေနဲ့ ရောင်းချဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ပမာဏပြည့်မီရေးအတွက် ပြည်တွင်းမှာ စပါးများကို ဝယ်ယူ သိုလှောင်မှုများ နေရာ ပြည်တွင်းစပါး ဈေးမြင့်မားလာခြင်းဖြစ်တယ်။ စပါးဈေးမြင့်နေချိန်မှာ လယ်သမားတွေ လက်ထဲ ရောင်းချစရာ စပါးလက်ကျန်မရှိတော့ကြောင်း သိရတယ်။ လာမယ့် သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အထိ ကာလအတွင်း စပါး အသစ်ထပ်မံရိတ်သိမ်းဦးမှာဖြစ်ရာ ဈေးကောင်း မီဦးမယ့်မျှော်လင့်လျက်ရှိကြတယ်။ ၂၀၁၂ ခုနှစ် ပထမ ၈ လအတွင်း ဗီယက်နမ်ဆန်တင်ပို့သူတွေက ဆန်တန်ချိန် ၆ ဒသမ ၈ သန်းကို ပြည်ပကိုတင်ပို့ဖို့ စာချုပ် ချုပ်ဆိုပြီးခဲ့ရာ ယခင်နှစ်အလားတူကာလ တင်ပို့မှုထက် ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်း(VFA)ကပြောကြားတယ်။ Source:vietnamnews.vngency.com.vn,ပပ
