Main menu

Background

အိန္ဒိယမှာ ပဲအမြောက်အမြားရှိပေမယ့် လုံလောက်မှု မရှိသေး

Sun, 10/07/2012 - 04:24 -- Anonymous (not verified)

ပရိုတိန်းကြွယ်ဝပြီး အရောင်စုံတဲ့ ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းများဟာ အိန္ဒိယဆင်းရဲသား ပြည်သူတွေရဲ့ ဟင်းလျာအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံ အများဆုံး ထုတ်လုပ်သူ၊ အများဆုံး စားသုံးသူဖြစ်သလို အများဆုံး ထုတ်လုပ်သူလဲဖြစ်လို့ မြေဆီ လွှာ ဆက်ပြီး ကောင်းမွန်ရေးဟာ အလွန်ကို အရေးပါနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှုက မြင့်တက်နေတဲ့ လူဦးရေကို အမီမလိုက်နိုင်သေးတဲ့အတွက် တောင်သူလယ်သမားတွေ ထက်ပိုပြီး၊ ကုန်သည်တွေက ပဲမျိုးစုံကို ကိုင်တွယ်လာဖို့ဖြစ် စေခဲ့ပါတယ်။

ဈေးနှုန်းမြင့်တက်တဲ့အချိန်မှာ ပဲမျိုးစုံက နိုင်ငံရေးသီးနှံ လည်း ဖြစ်လာပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ မိုးပဲ ထုတ်လုပ်မှုကို ပထမအကြိမ် ခန့်မှန်းချက်ထွက်ပေါ်လာ စဉ် မှာ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက ပြီးခဲ့တဲ့နှစ် ထွက်ရှိတဲ့ ပဲမျိုးစုံ တန်ချိန် ၆ ဒသမ ၁၆ သန်းထက်လျော့ပြီး၊ တန်ချိန် ၅ ဒသမ ၅၆ သန်းထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ပဲအဓိက စိုက်ပျိုးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာကာ၊ ရာဂျက်စသန်၊ ဂူဂျာရက်နဲ့ ဘီဟာမှာ စိုက်ပျိုးချိန် မိုးရွာသွန်းမှုနောက်ကျပြီး၊ မိုးနည်းခဲ့တဲ့အတွက် ပဲအထွက်လျော့ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မဒ္ဒရာပရာဒေ့ရှ်မှာတော့ မိုးရွာ သွန်းမှု များလွန်းလို့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတွေ ထိခိုက် နိုင်ပါတယ်။ မိုးရှားပါးပြီး၊ မိုးမမှန်တဲ့အချိန်မှာ ကုန်သွယ်ရေး အဖွဲ့အစည်းဖြစ်တဲ့ အိန္ဒိယကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း(ASSOCHAM)က ဒီပါဝလီပွဲတော် ဝန်းကျင်မှာ ပဲဈေးတွေ တစ်အားမြင့်တက်လိမ့် မယ်လို့ သတိ ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ပဲအဓိကထွက်ရှိရာ မဒ္ဒရာ ပရာဒေရ်ှ့ရဲ့ ဒေသအများစုမှာ သြဂုတ်နဲ့ စက်တင်ဘာအတွင်း မိုးအလျှံပယ်ရွာသွန်းခဲ့လို့ အစိုဓာတ်ရရှိခဲ့တဲ့အတွက် အနာဂတ် အတွက် ကောင်းတဲ့ သတင်းလည်း ဖြစ်စေခဲ့ပါတယ်။ ဆောင်းသီးနှံအနေနဲ့ မဒ္ဒရာပရာဒေ့ရ်ှမှာ အထွက် ကောင်းမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ပဲမျိုးစုံ ဖွံ့ဖြိုးရေး ဌာနခေါင်းဆောင် RP  Singh   က ဆိုပါတယ်။ ဂျုံသီးနှံကို အပိုဆုကြေးပေးသလို ပဲမျိုးစုံထုတ်လုပ်မှု တိုးမြင့်ဖို့လည်း အစိုးရက ဆောင်ရွက်မယ်လို့ လယ်ယာထွက်ကုန်ကျွမ်း ကျင် သူ GS  Kaushal မှ ဆိုပါတယ်။ အနိမ့်ဆုံးထောက်ပံ့ဈေးနဲ့ ဂျုံဝယ်ယူဖို့ ပြည်နယ်အစိုးရရဲ့ ဝန်ထုတ်ဝန်ပိုးလျော့ကျစေဖို့ လည်း တောင်သူတွေကို ပဲစိုက်ဖို့ အားပေးမယ်လို့ ဆိုပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဂျုံများစွာ ဝယ် ယူပြီး၊ သိုလှောင်ဖို့ နေရာအခက်အခဲရှိ ခဲ့ပါတယ်။ အခြားပြည်နည်တွေနဲ့ မတူဘဲ မဒ္ဒရာပရာဒေ့ရ်ှဟာ ပဲမျိုး စုံကို မိုးရာသီလျာထားဟက်တာ ၁၂ ဒသမ ၁၁ သိန်းထက် ကျော်လွန်ပြီး၊ ဟက်တာ ၁၃ ဒသမ ၄၁ သိန်းစိုက်ပျိုးခဲ့လို့ ပဲထွက်ရှိမှု တန်ချိန် ၆ ဒသမ ၅ သိန်းလောက် ရှိနိုင်ပါတယ်။ စိုက်ပျိုးရေးဌာနမှ စုဆောင်းတဲ့စာရင်းတွေအရ အိန္ဒိယနိုင်ငံ ဟာ ကမ္ဘာ့ပဲမျိုးစုံအများစုကို စိုက်ပျိုးပြီး၊ ပဲကို သုံးရာသီလုံး စိုက်ပျိုးတာကြောင့် ကမ္ဘာ့စိုက်ဧရိယာရဲ့ ၃၁ ရာခိုင်နှုန်းနဲ့ ထုတ်လုပ်မှုရဲ့ ၂၃ ဒသမ ၅ ရာခိုင်နှုန်း ဝေစုရှိတယ်လို့ သိရ ပါတယ်။ ၂၀၀၇-၂၀၀၈နဲ့၂၀၀၉-၂၀၁၀ အတွင်း ပျမ်းမျှစိုက် ဧရိယာနဲ့ ထုတ်လုပ်မှုဟာ ဟက်တာ ၂၃၀ ဒသမ ၂၇ သိန်းနဲ့ တန်ချိန် ၁၄၆ ဒသမ ၄၂ သိန်းရှိပါတယ်။ အဲဒီကာလအတွင်း ၂၀၀၇-၀၈ မှာစိုက်ဧရိယာဟက်တာ ၂၃၆ ဒသမ ၃၃ သိန်းနဲ့ တစ်ဟက်တာ ၆၂၅ ကီလိုရှိပြီး၊ ထုတ်လုပ်မှု တန်ချိန် ၁၄၇ ဒသမ ၆၂ သိန်းနဲ့ အများဆုံးရှိခဲ့ပါတယ်။ ဒါပေမယ့် တစ် ဟက်တာ အထွက်နှုန်းက အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် လျော့ နည်းနေပါတယ်။ ကနေဒါက တစ်ဟက်တာ ၁၉၂၉ ကီလို၊ တရုတ်က ၁၅၂၈ ကီလိုနဲ့ မြန်မာနိုင်ငံက ၁၀၇၀ ကီလိုရှိပြီး၊ အိန္ဒိယရဲ့ ပျမ်းမျှအထွက်နှုန်း က ၆၃၈ ကီလိုရှိလို့ ပါကစ္စ တန်ရဲ့ ကီလို ၆၄၆ ထက် အနည်းငယ်လျော့တာ တွေ့ရပါ တယ်။ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီက တည်ထောင် တဲ့ နိုင်ငံတော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ ကန်ပါ အခြေစိုက် အိန္ဒိယပဲမျိုးစုံ သုတေသနတက္ကသိုလ်က တွေ့ရှိချက်အရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထုတ်လုပ်မှု တိုးတက်ခဲ့ပေမယ့် နိုင်ငံ တကာ စံနှုန်းအောက်မှာတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ပဲထုတ်လုပ်မှုများတဲ့တိုင် အိန္ဒိယမှာ လူတစ်ဦး ပဲ ရရှိနိုင်မှုက နည်းနေသေးတယ်။ ဘာကြောင့်လဲဆိုရင် လူဦးရေများပြီး ပဲ ပြုပြင်ထုတ်လုပ်ရာမှာလည်း ဆုံးရှုံးမှုတွေ ကြီးမားတာ ကြောင့် ပဲဖြစ်ပါတယ်။ အခွံချွတ်၊ ခွဲခြမ်းပြုလုပ်တဲ့နေရာမှာ လေလွင့် ဆုံးရှုံးမှုတွေက ပဲအထွက်ရှိမှုကို ၂၅ ရာခိုင်နှုန်းနီးပါးလျော့ကျ စေပြီး၊ ပဲမျိုးစုံရဲ့ ၅ ရာခိုင်နှုန်းကိုလည်း မျိုးစေ့အဖြစ်အသုံးပြု ပါတယ်။ အကယ်လို့သာ WHO  ရဲ့ လူတစ်ဦးတစ်ရက်ကို ပဲ ၈၀ ဂရမ်စားသုံးရမယ့်အကြံပြုချက်အတိုင်း လိုက်နာမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ နှစ်စဉ် ပဲတန်ချိန် ၃၅ သန်းထုတ်လုပ်ဖို့ လို အပ်မှာဖြစ်လို့ လက်ရှိခန့်မှန်းထုတ်လုပ်မှုက အဲဒီပမာဏရဲ့ ထက်ဝက်သာရှိတယ်လို့ ASSO CHAM က ဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုက လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လို့ အဓိကအားဖြင့် မြန်မာ၊ ကနေဒါ၊ အမေရိ ကားနဲ့ သြစတြေးလျက တင်သွင်းပြီး၊ အခြားပဲမျိုးစုံရဲ့ ပမာဏက အနည်းငယ်စီကို တရုတ်၊ ကင်ညာ၊ တန်ဇန်းနီး ယားတို့ကို မှီခိုရပါတယ်။ " Emerging  Pulses  Scenarion  in 2015 "  ခေါင်း စဉ်နဲ့လေ့လာတဲ့ စာတမ်းမှာ ၃ နှစ်အတွင်း ပဲလိုအပ်ချက်က တန်ချိန် ၂၁ ဒသမ ၉ သန်းရှိမယ်လို့ ASSOCHAM က ဆိုပါတယ်။  တောင်သူတွေက အထွက်နှုန်း ကောင်းပြီး၊ အာမခံချက်ရှိတဲ့ ဝယ်ယူရေး ထောက်ပံ့မှုတွေကြောင့် နှံစား သီးနှံကို ပိုစိုက်ပျိုးလာလို့ ပဲစိုက်ဧရိယာကတော့ တို    းတက် မလာတော့ဘူးလို့ ဆိုပါတယ်။ယမင်းခင် Source: Economic Times