အိန္ဒိယ ဆန်တင်ပို့မှုကြောင့် ကမ္ဘာ့ဆန်ရောင်းချမှု တည်ငြိမ်စေခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးမှဆို
လွန်ခဲ့တဲ့နှစ်မှစပြီး၊ အိန္ဒိယနိုင်ငံမှ ဆန်နဲ့ဂျုံတင်ပို့ခြင်း ကြောင့် ကမ္ဘာ့ရောင်းချမှုကို တည်ငြိမ်စေခဲ့ပြီး၊ မြင့်တက် နေတဲ့ ဈေးနှုန်းကိုလည်းထိုက်သင့်တဲ့ပမာဏကိုဆွဲချခဲ့တယ်လို့အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးကဆိုပါတယ်။ ထိုင်းနိုင်ငံ မှာ ကျင်းပတဲ့ အာရှနဲ့ ပစိဖိတ်ဒေသတွင်း စားသောက်ကုန်ဈေးနှုန်းမြင့် တက် မလာစေရန် မူဝါဒများ ခေါင်းစဉ်နဲ့ FAO ဒေသတွင်း၊ အဆင့် မြင့် ပညာရှင်များ ဆွေးနွေးပွဲမှာ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ဆန်ထုတ်လုပ်မှု မြင့်တက်အောင် အစိုးရမူဝါဒတွေက အရမ်း ကိုကောင်းခဲ့တာကြောင့်လို့ ဆိုပါတယ်။
၂၀၀၆-၀၇ ခုနှစ်မှာ ဂျုံကို တင်သွင်းခဲ့ရပြီး ၂၀၀၉ ခုနှစ်မှာဆန်သိုလှောင်မှုလက်ကျန်လျော့နည်းခဲ့ရာမှ ယခုအခါ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဆန်နဲ့ ဂျုံဖူလုံရုံံသာမက ပြည်ပ တင်ပို့ခြင်းဖြင့် ကမ္ဘာ့ဆန် ရောင်းချမှုကိုလည်း အထောက်အပံ့ ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း စပါး ထုတ်လုပ်မှု စံချိန်တင်မြင့်တက်ခဲ့လို့ ပြည်ပတင်ပို့မှု ပြန်ဖွင့်ခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလက စပြီး၊ ဆန်တန်ချိန် ၈ သန်းခန့်ထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။လဝန်း၊Source: oryza.com
