Main menu

Background

လတစ်လရဲ့ ပထမပတ်ဝယ်လိုအားကြောင့် သီတင်းပတ်နှောင်းပိုင်းမှာ ဝယ်လိုအားတက်လာ၊ မတ်ပဲ၊ ပဲတီစိမ်း တင်ပို့မှုတက်

Sun, 10/07/2012 - 07:07 -- Anonymous (not verified)

ယခင်သီတင်းပတ်အတွင်း ပြည်တွင်းပဲဈေးကွက် အရောင်း အဝယ်အေး ဈေးလျော့ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အိန္ဒိယ ဝယ်လက်တွေ လတစ်လရဲ့ ပထမပတ်ဝယ်လိုအား ထွက်လာတာ ကြောင့် ပဲရောင်းဝယ်မှု ပြန်တက်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အသွက်ဆုံးကတော့ ပခုက္ကူပဲတီစိမ်းဖြစ်ပြီး၊ ဒုတိယကတော့ မတ်ပဲ SQ ကိုအဝယ်လိုက်တယ်လို့ သိရပါတယ်။ မတ်ပဲ FAQ နဲ့ ပဲစင်းငုံကတော့ အသင့်အတင့်ပဲ ရှိတယ်လို့ ကုန် သည်တစ်ဦးက ဆိုပါတယ်။

အိန္ဒိယမှာ ပဲတီစိမ်းက အထွက်လျော့မှာဖြစ်သလို အသစ်ဝင် တဲ့ ပဲတီစိမ်းများမှာ အစိုဓာတ်များလို့ ဝယ်လက်တွေက အရည် အသွေးကောင်းပဲကို ဝယ်လိုကြတာကြောင့် မြန်မာပဲတီစိမ်းက လာ မယ့်ကာလတွေမှာလည်း အလားအလာကောင်းနိုင်တယ်လို့ ကုန် သည် တချို့က ခန့်မှန်းပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံကတော့ နောက် ၁၅ ရက်မှာ တစ်ကျော့ပြန် အဝယ်ရှိလာနိုင်ပေမဲ့ အိန္ဒိယပဲအသစ် လှိုင်လှိုင်ဝင်တော့မှာဖြစ်လို့ လာမယ့်ပဲအသစ်ရာသီမှာတော့ ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲရိတ်သိမ်းစဉ် ရာသီဥတုအခြေအနေအရ ဈေးကွက်ပြောင်းလဲမှုကိုတော့ စောင့် ကြည့်ရမှာဖြစ်ပါတယ်။ ပဲတင်ပို့မှုအနေနဲ့ မတ်ပဲနဲ့ ပဲတီစိမ်းတင်ပို့မှုက ယခင် တစ်ပတ် ထက် တစ်ဆခန့်ပိုလာပေမဲ့ ပဲစင်းငုံနဲ့ အခြားပဲတင်ပို့မှု လျော့ကျ လာခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ မတ်ပဲ တင်ပို့မှု တန်ချိန် ၂၈၉၀၀ နီးပါးရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၂၉၇၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ပြီးခဲ့တဲ့ လထက်အနည်းငယ် လျော့ပြီး တင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အထိ စုစုပေါင်းမတ်ပဲတင်ပို့ပြီးစီးမှုကတော့ တန်ချိန် ၃၃၄၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၈ သန်းနီးပါး ရရှိထားကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူအတွင်း တင်ပို့မှု အနေနဲ့ မတ်ပဲတန်ချိန် ၃၉၇၀၀၀ နီးပါးရှိပြီး ကန်ဒေါ်လာ ၃၃၄ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ မတ်ပဲတန်ချိန် ၆ သောင်း ကျော်လျော့ကျပြီး ဝင်ငွေမှာလည်း ကန်ဒေါ်လာ သန်း ၁၅၀ ခန့် လျော့နည်းကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရ သိရပါ တယ်။ ပဲစင်းငုံအနေနဲ့ စက်တင်ဘာလအတွင်း တန်ချိန် ၁၆၄၀၀ ကျော်တင်ပို့ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၂၂၄၀၀ ခန့် တင်ပို့မှုရှိခဲ့ ပါတယ်။ ၂၀၁၁ စက်တင်ဘာလအတွင်း ပဲစင်းငုံတန်ချိန် ၃၂၇၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ကာလတူမှာ ထက်ဝက်ခန့်တင်ပို့မှု လျော့ကျခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၈ ရက် အထိပဲစင်းငုံ စုစုပေါင်းတန်ချိန် ၁၈၀၀၀၀ ကျော်တင်ပို့ခြင်းမှ ကန် ဒေါ်လာ ၁၀၉ သန်းခန့်ရရှိထားပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၂၀၀၀၀ ခန့်မှ ကန်ဒေါ်လာ ၇၆ သန်းခန့်ရရှိထားလို့ ယခုနှစ် ကာလ တူမှာ တန်ချိန် ၆ သောင်းကျော် ကန်ဒေါ်လာ ၃၃ သန်းပိုမိုရရှိထားကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ စက်တင်ဘာလအတွင်း တန်ချိန် ၂၅၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ တန်ချိန် တစ်သောင်း ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလအတွင်း တန်ချိန် ၁၃၆၀၀ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုနှစ်စက်တင်ဘာလ မှာ ပဲတီစိမ်းတင်ပို့မှု ပိုမိုတာတွေ့ရပါတယ်။ လာမယ့် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ ပြည်တွင်းမတ်ပဲအသစ်၊ ပဲစင်းငုံများ ဝင်ရောက် လာတော့မှာဖြစ်ပေမဲ့ အိန္ဒိယပဲအသစ်ထွက်ချိန်လည်းဖြစ်လို့ မတ်ပဲ နဲ့ ပဲစင်းငုံတင်ပို့မှု လျော့ကျနိုင်ပေမဲ့ ပဲတီစိမ်းကို ဝယ်လိုအား ကောင်းလာနိုင်တဲ့အတွက် တင်ပို့မှု ပိုမိုလာနိုင်ကြောင်း ခန့်မှန်း ရပါတယ်။ ယမင်းခင်