Main menu

Background

ဈေးငြိမ်အရောင်းသွက် ပြည်ချင်း(ဥမ)ဈေးကွက်

Sun, 10/07/2012 - 07:11 -- Anonymous (not verified)

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်း(ဥမ) အရောင်းအဝယ်သွက်နေပြီး ဈေးငြိမ်နေဆဲဖြစ်ပါ တယ်။ ဈေးကွက်အတွင်း ချင်းလှောင်လက်များထံမှာ ချင်း(ဥမ) လက်ကျန်တွေရှိနေပြီး ချင်းအတက်များလည်း အဝင်မရှိသေးကြောင်း၊ အောင်ပန်း၊ တောင်ကြီးမှ ယခုတစ်ပတ် ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အထိရှိပြီး တစ်ပိဿာ ချင်း(ဥမ) ရှယ် ၅၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ်နဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီလက်ကားရောင်းဝယ်သူ များနဲ့ ဧရာဝတီ၊ ရခိုင်ဘက်ကို တင်ပို့မှုအပါအဝင် တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။             ဝင်းဝင်းခိုင်